Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ်​ထောက်ပို့အဖြစ် အသုံးပြု​နေ​သော ​ရေးမြို့ရှိ တံတားတစ်စင်းကို ​ဖောက်ခွဲဖျက်ဆီး

အကြမ်းဖက်စစ်ကောင်စီသည် ရန်ကုန်-ရေး- ထားဝယ် ရထားလမ်းပိုင်းမှတဆင့် ရိက္ခာနှင့် လက်နက်ခဲယမ်းသယ်ယူရာတွင်အသုံးပြုနေသည်ဟု သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့အဖြစ်အသုံးပြုနေသည့် ရန်ကုန်-ရေး- ထားဝယ် ရထားလမ်းပိုင်းရှိ တံတားတစ်ခုအား ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု မွန်ပြည်နယ်အခြေပြုတော် လှန်ရေးအစည်းအရုံး MSRUက ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၈ ရက်) နံနက် ၁၀ နာရီခန့်တွင် ရေးမြို့နယ် တောင်ဘုံကျေးရွာအနီးရှိ မီးရထားလမ်းတံတားတစ်ခုကို ဖရဲသီး(စစ်ကောင်စီတပ်အတွင်းမှ သတင်း ပေးသူ)၏ အသိပေးမှုအရ ဖောက်ခွဲခဲ့ခြင်းဟု MSRU ကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရန်ကုန်-ရေး- ထားဝယ် ရထားလမ်းပိုင်းမှတဆင့် ရိက္ခာနှင့် လက်နက်ခဲယမ်းသယ်ယူရာတွင်အသုံးပြုနေသည်ဟု သိရသည်။

Public Service Announcement

မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအစည်းအရုံးသည် ၎င်းတို့ စမ်းသပ်ထုတ်လုပ်ထားသော တာဝေးပစ်အမြှောက်ဖြင့် ဇန်နဝါရီ ၂၈ ရက်က ရေးမြို့နယ် ခမရ (၅၈၆) တပ်ရင်းအား နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ထား သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရန်ကုန်- ထားဝယ် အာရှလမ်းမကြီး ပေါ် ၌ ခလရ (၃၄၃) တပ်ရင်းမှ ကင်းလှည့်စစ်ကားတစ်စီးကို လည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု MSRUက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

ဖေဖော်ဝါရီလ (၁၆) ရက်ညတွင်မအီမြို့အနီးရှိ မအီတံတား ၊ ဖေဖော်ဝါရီလ (၁၇) ရက် နံနက်တွင် မအီ-ကျောက်ဖြူကားလမ်းမထက်ရှိ မအီမြို့အနီးရှိ ကျောက်ကြီးပေါက်တံတား အား စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟုဆိုသည်။

သတင်း

အဆိုပါတိုက်ပွဲမှာ ၁၀မိနစ်ခန့်သာ ကြာမြင့်သော်လည်း စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

ရေးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း တပ်ဖွဲ့တွေကို ဒရုန်းသုံးပြီး ဗုံးချတာ ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။