Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်​ထောက်ပို့အဖြစ် အသုံးပြု​နေ​သော ​ရေးမြို့ရှိ တံတားတစ်စင်းကို ​ဖောက်ခွဲဖျက်ဆီး

အကြမ်းဖက်စစ်ကောင်စီသည် ရန်ကုန်-ရေး- ထားဝယ် ရထားလမ်းပိုင်းမှတဆင့် ရိက္ခာနှင့် လက်နက်ခဲယမ်းသယ်ယူရာတွင်အသုံးပြုနေသည်ဟု သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့အဖြစ်အသုံးပြုနေသည့် ရန်ကုန်-ရေး- ထားဝယ် ရထားလမ်းပိုင်းရှိ တံတားတစ်ခုအား ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု မွန်ပြည်နယ်အခြေပြုတော် လှန်ရေးအစည်းအရုံး MSRUက ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၈ ရက်) နံနက် ၁၀ နာရီခန့်တွင် ရေးမြို့နယ် တောင်ဘုံကျေးရွာအနီးရှိ မီးရထားလမ်းတံတားတစ်ခုကို ဖရဲသီး(စစ်ကောင်စီတပ်အတွင်းမှ သတင်း ပေးသူ)၏ အသိပေးမှုအရ ဖောက်ခွဲခဲ့ခြင်းဟု MSRU ကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရန်ကုန်-ရေး- ထားဝယ် ရထားလမ်းပိုင်းမှတဆင့် ရိက္ခာနှင့် လက်နက်ခဲယမ်းသယ်ယူရာတွင်အသုံးပြုနေသည်ဟု သိရသည်။

Public Service Announcement

မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအစည်းအရုံးသည် ၎င်းတို့ စမ်းသပ်ထုတ်လုပ်ထားသော တာဝေးပစ်အမြှောက်ဖြင့် ဇန်နဝါရီ ၂၈ ရက်က ရေးမြို့နယ် ခမရ (၅၈၆) တပ်ရင်းအား နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ထား သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရန်ကုန်- ထားဝယ် အာရှလမ်းမကြီး ပေါ် ၌ ခလရ (၃၄၃) တပ်ရင်းမှ ကင်းလှည့်စစ်ကားတစ်စီးကို လည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု MSRUက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေး-သံဖြူဇရပ်ကားလမ်းပိုင်းမှာ လက်ပြန်ကြိုးတုပ်ခံထားရပြီးဦးခေါင်းသေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့အမျိုးသားရုပ်အလောင်းသုံးလောင်းကိုဒီနေ့ (မေလ ၁၄ ရက်) မနက်ပိုင်းကတွေ့ခဲ့တယ်လို့လူမူကူ ညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)အတွင်း မ​နေ့က လက်နက်တိုက်မီးလောင်​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေကို နေရာနှစ်ခုမှာတိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်အရာရှိ အပါအဝင် ၃ဦး သေဆုံးခဲ့ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။