Connect with us

Hi, what are you looking for?

သတင်း

လေဆိပ်၊ ဘူတာနဲ့ တံတားတွေကို အမေရိကန် တိုက်ခိုက်ခဲ့တယ်လို့ အီရန်စွပ်စွဲ

အမေရိကန်ဟာ အီရန်ရဲ့ အရပ်ဖက် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန် အစိုးရ မီဒီယာက စွပ်စွဲ ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ - Getty

အမေရိကန်ဟာ အီရန်ရဲ့ အရပ်ဖက် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန် အစိုးရ မီဒီယာက စွပ်စွဲ ဖော်ပြခဲ့ပါတယ်။

တစ်ကျော့ပြန် စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတဲ့နောက် ဇူလိုင် ၁၆ ရက် ညပိုင်းက အမေရိကန်ဟာ အီရန်ပိုင်နက်ထဲမှာ ၆ ညဆက်တိုက်အဖြစ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်က ပစ်မှတ်ထားခဲ့တဲ့ထဲမှာ လေဆိပ်တစ်ခု၊ ရထားဘူတာတစ်ခုနဲ့ တံတားနှစ်စင်းလည်း ပါဝင်ခဲ့ကြောင်း အီရန် အစိုးရပိုင် ရုပ်မြင်သံကြားဌာန IRIBရဲ့ Telegram စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။

ဆိပ်ကမ်းမြို့ ဘန်ဒါအဘက်စ်မှာရှိတဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေဟာ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေ ခံခဲ့ရတာ ဖြစ်တယ်လို့ IRIBက ဆိုပါတယ်။ လေဆိပ်တဝိုက်မှာတင် ပေါက်ကွဲသံ ၃ ခုလောက် ကြားခဲ့ရပြီး အနည်းဆုံး ဒုံးကျည် တစ်စင်းလောက် အီရန်ရှာဟာ လေဆိပ်ကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလေဆိပ် တည်ရှိရာ ဘန်ဒါအဘက်စ်ဟာ အီရန်ရဲ့ အကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်ပြီး အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ စစ်စခန်းတွေနဲ့ ရေတပ်စခန်းတွေလည်း ဖြန့်ကျက်ထားပါတယ်။ ပြီးတော့ ဟောမုဇ် ရေလက်ကြားကို ထိန်းချုပ်ရေး အီရန်ရဲ့ ရည်မှန်းချက်မှာလည်း အဲဒီစခန်းတွေက အထူးအရေးကြီးနေပါတယ်။

Public Service Announcement

Public Service Announcement

ဟော်မော့ဇ်ဂန် ခရိုင်မှာတော့ တံတားနှစ်စင်းကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပျက်စီးမှုတွေ ဖြစ်ခဲ့သလို ၂ ဦးသေပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ နောက်ထပ် အီရန် အစိုးရပိုင် မီဒီယာ တစ်ခုဖြစ်တဲ့ IRNAက ဖော်ပြခဲ့ပါတယ်။

အမေရိကန်ရဲ့ ဗဟို စစ်ဦးစီးဌာန (CENTCOM)ကတော့ အီရန်မှာ ၆ ညဆက်တိုက် စစ်ဆင်ရေးတွေ ဆင်နွှဲအပြီး ရန်သူ့ရဲ့ စစ်ရေးစွမ်းရည်ကို ထိထိရောက်ရောက် ချိုးနှိမ် လျှော့ချပစ်နိုင်ခဲ့ကြောင်း ကြေညာပါတယ်။

ပြီးခဲ့တဲ့လက အီရန်နဲ့ အမေရိကန်တို့ကြား သဘောတူ ကတိပြုခဲ့ပြီး အခုအခါ ပျက်ပြယ်သလောက် ဖြစ်နေတဲ့ စစ်ရပ်စဲရေး နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဇူလိုင် ၁၆ ရက်မှာ အမေရိကန်ဟာ အီရန်ကို အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ တစ်နေ့တည်းနဲ့ နှစ်သုတ်ခွဲပြီး လုပ်ဆောင်ခဲ့ပါတယ်။ ပစ်မှတ် အများစုကတော့ အီရန်တောင်ပိုင်း ကမ်းရိုးတန်း တလျှောက်က စစ်စခန်းတွေ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အီရန်ဟာ အိမ်နီးချင်း ပင်လယ်ကွေ့ နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်တုံ့ပြန် ပစ်ခတ်နေပါတယ်။ အဲဒီထဲမှာ ဂျော်ဒန်နိုင်ငံမှာ လောလောလတ်လတ် ချဲ့ထွင် တည်ဆောက်ထားတဲ့ လေတပ်စခန်း တစ်ခုလည်း ပါဝင်ခဲ့ပါတယ်။ အီရန်ကတော့ အမေရိကန်ဟာ အဲဒီလေတပ်စခန်းကို အသုံးပြုပြီး အီရန်ရဲ့ ကင်ဆာရောဂါ ကုသရေး ကလေးဆေးရုံ တစ်ခုကို ဇူလိုင် ၁၅ ရက် ညပိုင်းက တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နိုင်ငံရဲ့ မြို့တော် တဟီရန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အခေါင်းတစ်ခုထဲ လှဲလျောင်းနေပုံ ရေးဆွဲထားတဲ့ billboard အကြီးကြီး တစ်ခုကို စိုက်ထူထားပါတယ်။

နိုင်ငံတကာ

နိုင်ငံတည်တံ့ရေးကို ဆက်လက်ထိန်းသိမ်း ကာကွယ်ဖို့အတွက် အမေရိကန်နဲ့ စစ်ခင်း တိုက်ခိုက်နေရကြောင်း အီရန် အစိုးရက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ဖြတ်သန်းတဲ့ ရေယာဉ်တွေကို အခွန်ကောက်မယ်လို့ ပြောပြီး နောက်တစ်နေ့မှာပဲ အဲဒီစကားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြန်ရုပ်သိမ်းသွားပါတယ်။

Facebook