Connect with us

Hi, what are you looking for?

News

မြန်မာသတင်းသမားများကို ဗြိတိန်သံရုံး ဂုဏ်ပြု

မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သတင်းမီဒီယာသမား ၃ဦး အသတ်ခံခဲ့ရပြီး ၁၄၆ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကာ ၅၂ ဦးကျော် ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံရှိ သတင်းသမားများသည် ၎င်းတို့၏ သတင်းမီဒီယာအလုပ်များလုပ်ဆောင်ရုံဖြင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသူများအားလုံးကို ဂုဏ်ပြုကြောင်း ဗြိတိန်သံရုံးက ယနေ့(ဖေဖော်ဝါရီ ၉ ရက်)ထုတ်ပြန်သည်။

အရေးကြီးသော သတင်းအချက်အလက်များ ကိုဝေမျှနိုင်ရန်နှင့် မြန်မာစစ်တပ်၏ လုပ်ရပ်များကို ဖော်ထုတ်ရန် စွန့်စွန့်စားစားလုပ်ဆောင်နေကြသည့် မြန်မာသတင်းသမားများ၏ စိတ်ဓာတ်၊ ရဲရင့်မှုတို့ကိုလည်း အသိ အမှတ်ပြု၊ အံ့အားသင့်ရကြောင်း ​မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းလုံးမှာ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာသမားများရဲ့ လုံခြုံရေးတို့အတွက် ဆက်လက်လုပ်ဆောင်သွားဖို့ ယူကေအစိုးရနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းများက ကတိ ကဝတ်ပြုထားပြီးဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်အဖြစ် ခန့်အပ်ခံရသူ Pete Vowles ကပြောသည်။

မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သတင်းမီဒီယာသမား ၃ဦး အသတ်ခံခဲ့ရပြီး ၁၄၆ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကာ ၅၂ ဦးကျော် ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။

Public Service Announcement

Public Service Announcement

မီဒီယာများအနေ​​ဖြင့် အရေးကြီးသည့် သတင်းတင်ဆက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံရှိ သတင်းသမားများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအတွက် အရေးပေါ် အကာအကွယ်ပေးရေး ဝန်ဆောင်မှုများစွာကို UK aidမှတဆင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သံရုံးက ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

ရသစာတမ်းငယ်

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာအာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်နိုင်ဖို့ အလှမ်းဝေးနေဆဲလို့ အာဆီယံအထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။