Connect with us

Hi, what are you looking for?

News

မြန်မာသတင်းသမားများကို ဗြိတိန်သံရုံး ဂုဏ်ပြု

မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သတင်းမီဒီယာသမား ၃ဦး အသတ်ခံခဲ့ရပြီး ၁၄၆ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကာ ၅၂ ဦးကျော် ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံရှိ သတင်းသမားများသည် ၎င်းတို့၏ သတင်းမီဒီယာအလုပ်များလုပ်ဆောင်ရုံဖြင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသူများအားလုံးကို ဂုဏ်ပြုကြောင်း ဗြိတိန်သံရုံးက ယနေ့(ဖေဖော်ဝါရီ ၉ ရက်)ထုတ်ပြန်သည်။

အရေးကြီးသော သတင်းအချက်အလက်များ ကိုဝေမျှနိုင်ရန်နှင့် မြန်မာစစ်တပ်၏ လုပ်ရပ်များကို ဖော်ထုတ်ရန် စွန့်စွန့်စားစားလုပ်ဆောင်နေကြသည့် မြန်မာသတင်းသမားများ၏ စိတ်ဓာတ်၊ ရဲရင့်မှုတို့ကိုလည်း အသိ အမှတ်ပြု၊ အံ့အားသင့်ရကြောင်း ​မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းလုံးမှာ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာသမားများရဲ့ လုံခြုံရေးတို့အတွက် ဆက်လက်လုပ်ဆောင်သွားဖို့ ယူကေအစိုးရနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းများက ကတိ ကဝတ်ပြုထားပြီးဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်အဖြစ် ခန့်အပ်ခံရသူ Pete Vowles ကပြောသည်။

မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သတင်းမီဒီယာသမား ၃ဦး အသတ်ခံခဲ့ရပြီး ၁၄၆ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကာ ၅၂ ဦးကျော် ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။

Public Service Announcement

Public Service Announcement

မီဒီယာများအနေ​​ဖြင့် အရေးကြီးသည့် သတင်းတင်ဆက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံရှိ သတင်းသမားများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအတွက် အရေးပေါ် အကာအကွယ်ပေးရေး ဝန်ဆောင်မှုများစွာကို UK aidမှတဆင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သံရုံးက ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

အွန်လိုင်း​ငွေလိမ်လုပ်ငန်း (ကျားဖြန့်)မြို့တော်တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ ရွှေကုက္ကို မြို့သစ် စီမံကိန်းမှာ အဓိက ရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင် တရုတ်-ကမ္ဘောဒီးယား နိုင်ငံသား ရှီကျီကျန်းကို ဒီနေ့ (နိုဝင်ဘာ ၁၂ ရက်) ညနေပိုင်းမှာ ထိုင်းအာဏာပိုင်တွေက တရုတ်ဆီ ပြန်လွှဲပေးဖို့ စီစဉ်ထားပါတယ်။

သတင်း

ဒုစရိုက် မြို့တော်လို့ နာမည်ဆိုးတွင်တဲ့ ရွှေကုက္ကို မြို့သစ် စီမံကိန်းရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူလို့ သတ်မှတ်ခံရတဲ့ စီးပွားရေး လုပ်ငန်းရှင်ကို တရုတ်နိုင်ငံဆီ ပြန်လည် လွှဲပြောင်းပေးတော့မယ်လို့ ထိုင်းနိုင်ငံက အတည်ပြု ကြေညာခဲ့ပါတယ်။

သတင်း

ဒီမိုက​ရေစီနဲ့ ဖက်ဒရယ်အတွက်မြန်မာပြည်သူ​တွေရဲရဲရင့်ရင့်ခုခံတွန်းလှန်မှုဟာ နယူဇီလန်ကကူညီဖို့ထိုက်တန်တယ်လို့လေဘာပါတီအမတ်​ပြော

သတင်း

နိုဝင်ဘာ ၂ ရက်မှာကျရောက်တဲ့ နိုင်ငံတကာ သတင်း‌ထောက်များအပေါ်ကျူးလွန်သောပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခြင်းရှိနေမှုများ အဆုံးသတ်ရေးနေ့ မှာ စစ်အာဏာသိမ်းမှူ‌အောက်မှာလုပ်ဆောင်နေရတဲ့ မြန်မာနိုင်ငံက စာနယ်ဇင်းသမားတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြု‌ ကြောင်း ဗြိတိန်သံရုံး ရန်ကုန် အသိပေးထားပါတယ်။