Connect with us

Hi, what are you looking for?

News

လွိုင်ကော်တွင် အရပ်သားနှစ်ဦးအား စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့မှုကို အမှုဖွင့်ထားဟု ကရင်ပြည်ရဲဌာနထုတ်ပြန်

ဖေဖော်ဝါရီ ၁၀ရက်က ပကြဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ နေအိမ်များကို မီးရှို့ကာ အပြစ်မဲ့ ပြည်သူနှစ်ဦးကို မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်ဟု ဆိုသည်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့ စံပြသုံးမိုင် ပကြဲကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦးအား မီးရှို့သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်လှစ်ထားပြီး သက်ဆိုင်ရာ အဖွဲ့များနှင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကရင်နီပြည်ရဲဌာန(KSP)က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၀ရက်က ပကြဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ နေအိမ်များကို မီးရှို့ကာ အပြစ်မဲ့ ပြည်သူနှစ်ဦးကို မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်ဟု ဆိုသည်။

Public Service Announcement

ဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီ တပ်များမှ မြို့နယ်ရပ်ကွက်၊ ကျေးရွာများအတွင်း ဝင်ရောက်လာချိန်တွင် နေအိမ်များကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ အပြစ်မဲ့အရပ်သား ပြည်သူများအားသတ်ဖြတ်ခြင်းများ ကျူးလွန်လျက်ရှိကြောင်း စုံစမ်းစစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် လွိုင်ကော်မြို့ စစ်ရှောင်လျက်ရှိသော ရပ်ကွက်များအတွင်း ပြည်သူများအနေဖြင့် သွားလာမှုများ အထူးဂရုစိုက်သွားလာကြရန် တိုက်တွန်းကြောင်း KSPက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။