Connect with us

Hi, what are you looking for?

News

အကြမ်းဖက်ကျူးလွန်သူများကို ပြစ်ဒဏ်မှကင်းလွတ် ခွင့်မရှိစေရေးလုပ်ဆောင်မည်ဟု CRYH အသိ​ပေး

CRYH၏ တစ်နှစ်ပြည့်အစီရင်ခံစာနှင့်အတူ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ထုတ်ပြန်ရာ၌ ထည့်သွင်းထားခြင်းဖြစ်ပြီး အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု ရရှိစေရေးအတွက် ပြည်သူ့အစိုးရပေါ်ပေါက်လာသည်နှင့်တပြိုင်နက် လုပ်ဆောင်သွားမည်ဟု ဖော်ပြသည်။

ပြည်သူလူထုအပေါ် အကြမ်းဖက်ကျူးလွန်သူများကို ပြစ်ဒဏ်မှကင်းလွတ်ခွင့်မရှိစေရေးတိုက် တွန်းကြိုးပမ်းဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRYH)က ယနေ့ထုတ်ပြန် ကြေညာသည်။

CRYH၏ တစ်နှစ်ပြည့်အစီရင်ခံစာနှင့်အတူ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ထုတ်ပြန်ရာ၌ ထည့်သွင်းထားခြင်းဖြစ်ပြီး အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု ရရှိစေရေးအတွက် ပြည်သူ့အစိုးရပေါ်ပေါက်လာသည်နှင့်တပြိုင်နက် လုပ်ဆောင်သွားမည်ဟု ဖော်ပြသည်။

နွေဦးတော်လှန်ရေးကာလအတွင်း ရန်ကုန်တိုင်းအတွင်း ကျဆုံးသွားခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများ၊ မတရားဖမ်းဆီးထောင်ချခံရသူများ၊ အသက်အိုးအိမ်စည်းစိမ်များကို ထိပါးစော်ကား နှောင့်ယှက်ခံရသူများအားလုံး၏ နစ်နာမှုများအပေါ် မှတ်တမ်းတင်နိုင်ရေးနှင့် လူမှုဘ၀ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဟု CRYHက ဆိုသည်။

ထို့အပြင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ ပီပီပြင်ပြင်ပေါ်ပေါက်လာရေးအတွက် လက်ရှိဖွဲ့စည်းထားရှိပြီးသော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)များနှင့် ညှိနှိုင်းပေါင်းစပ်ကာ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု CRYH က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယက ကျောထောက်နောက်ခံ ပေးထားတဲ့ စစ်သွေးကြွ အကြမ်းဖက်သမား ၁၄၅ ဦးကို ရှင်းလင်း သုတ်သင်ခဲ့ကြောင်း ပါကစ္စတန်က ကြေညာခဲ့ပါတယ်။

သတင်း

ပြည်ထောင်စုအဆင့်ရွေးကော်အဖွဲ့ဝင်တွေကိုသာမက ပြည်နယ်၊တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ဝင်တွေကို အမည်နဲ့တကွ ကြေညာမယ်လို့ ထုတ်ပြန်

သတင်း

ဆီမီးထွန်းပွဲကို ဗုံးကြဲခဲ့တဲ့ စစ်အုပ်စုကို ဖိအားပေး ဆန့်ကျင်ကန့်ကွက်ရုံသာမက နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး နိုင်ငံတကာ ယန္တရားတွေမှာ တရားစွဲဆိုအပြစ်ပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးစားပေးရန် နိုင်ငံတကာရှိ အစိုးရများနဲ့ အဖွဲ့အစည်းများအား အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က တောင်းဆိုလိုက်ပါတယ်။

သတင်း

ကမ္ဘာကြီး၏အာရုံစိုက်မှုသည် အခြားနေရာများတွင်သာရှိသဖြင့် မြန်မာ့အရေးကို ‘မျက်ကွယ်ပြုခံထားရသော အကျပ်အတည်း’ဟု မစ္စတာအန်ဒရူးက ခေါ်ဝေါခဲ့သည်။