Connect with us

Hi, what are you looking for?

News

မြို့အဝင်ဂိတ်တပ်စွဲထားသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ငါးဦးခန့်သေဆုံးနိုင်ဟု သဲကုန်း PDF ပြော

“ပစ်ခတ်ပီး လဲနေတဲ့ စခတွေကို စစ်တပ်ကကားခေါ်ပီး သူတို့စစ်ကားနဲ့ပဲ ရွှေတောင် စစ်ဆေးရုံကိုပို့တယ်။ သေ၊မသေကတော့ စစ်ဆေးရုံကို လမ်းခရီးလုံခြုံရေးအရ မသွားတော့ တာ။ သေဖို့တော့များတယ်။ လဲကျနေတာ ထတောင်မထနိုင်ဘူး၊ အနည်းဆုံးငါးယောက် လောက်သေတယ်”ဟု ၎င်းက ပြောသည်။

(သဲကုန်းမြို့အဝင် စစ်ဆေးရေးဂိတ်)

အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသည့် မြို့အဝင်ဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့်သေဆုံးနိုင်ကြောင်း သဲကုန်းမြို့နယ်ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

“မနက်ငါးနာရီလောက်က ဝင်ပစ်တာ။ အဲဒီ့ကောင်တွေ မူးပြီး အိပ်မောကျ နေတဲ့အချိန်ဆိုတော့ အပြန်အလှန်ပစ်ခတ်မှုတွေတော့ဖြစ်တယ်။ ကျွန်တော်တို့ဘက်က အထိ အခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာခဲ့တယ်”ဟု ဖေဖော်ဝါရီ ၁၂ ရက်ကပြုလုပ်သည့် စစ်ဆင်ရေးအကြောင်း နှင့် ပတ်သက်ပြီး ယင်းတပ်ဖွဲ့ဝင်က ပြောသည်။

(သဲကုန်း PDF ရဲဘော်များကို တွေ့ရစဥ်)

အပြန်အလှန်ပစ်ခတ်ချိန်တွင် ဈေးသွား၊ဈေးလာများလည်းရှိသောကြောင့် အချိန်ကြာကြာ မလုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ပစ်ခတ်ပီး လဲနေတဲ့ စခတွေကို စစ်တပ်ကကားခေါ်ပီး သူတို့စစ်ကားနဲ့ပဲ ရွှေတောင် စစ်ဆေးရုံကိုပို့တယ်။ သေ၊မသေကတော့ စစ်ဆေးရုံကို လမ်းခရီးလုံခြုံရေးအရ မသွားတော့ တာ။ သေဖို့တော့များတယ်။ လဲကျနေတာ ထတောင်မထနိုင်ဘူး၊ အနည်းဆုံးငါးယောက် လောက်သေတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုသည် သဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပထမဆုံး စစ်ဆင်ရေးဖြစ်ပြီး စစ်ကောင်စီလက်အောက် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ မိသားစုများကိုလည်း တိုက်ခိုက်မည့် အကြောင်း နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်သည်ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

ထို့အပြင် သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မီတာခများ အတင်းအကျပ် ဖိအားပေး ကောက်ခံနေသည့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးဝန်ထမ်းများ၊ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများနှင့် ဒလံများ ကိုလည်း တိုက်ခိုက်သွားမည်ဟု ဇန်နဝါရီ ၂၉ ရက်က သတိပေးထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့