Connect with us

Hi, what are you looking for?

LuduNwayOo

News

ပင်းတယနှင့် ရွာငံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့တို့ မဟာမိတ်ဖွဲ့စည်း

“အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) မှ ချမှတ်ထားသော လမ်းစဉ်အတိုင်း သစ္စာအဓိဌာန် (၄) ချက်နှင့်အညီအတူတကွ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်”ဟု မဟာမိတ်နှစ်ဖွဲ့က ဆိုသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီ​ထောက်တိုင်များကို ခပ်သွက်သွက်တိုက်ခိုက်နေသည့် ပင်းတယနှင့် ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲဲ့တို့က ယနေ့ ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် မဟာမိတ်အဖြစ် ပူးပေါင်းလိုက်သည်။

ပင်းတယမြို့ပြပြောက်ကျားတပ်ဖွဲ့ (UGP) နှင့် ရွာငံပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)က စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးတို့အတွက် မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ပြီဟု တရားဝင်ကြေညာလိုက်ခြင်းဖြစ်သည်။

“အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) မှ ချမှတ်ထားသော လမ်းစဉ်အတိုင်း သစ္စာအဓိဌာန် (၄) ချက်နှင့်အညီအတူတကွ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်”ဟု မဟာမိတ်နှစ်ဖွဲ့က ဆိုသည်။

ပင်းတယမြို့ပြပြောက်ကျားတပ်ဖွဲ့(Urban Guerrillas of Pindaya- UGP) ဖွဲ့စည်းကြောင်း ဖေဖော်ဝါရီ ၉ ရက်က တရားဝင်ကြေညာပြီး ယင်းနေ့တွင်ပင် ပင်းတယ မြို့ EPCရုံးကို ဗုံးဖောက်ခွဲ သတိပေးခဲ့သည်။ ထို့အပြင် စစ်ကောင်စီ၏ သတင်းပေး ဒလန်အကြီးစားတစ်ဦးကို လည်းသုတ်သင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ရွာငံပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ ​ထောက်တိုင် ချေးငွေလုပ်ငန်းတစ်ခုကို ဗုံးပေါက်ခွဲသတိပေးပြီး ပြည်သူများထံမှ ငွေကြေးကို တရားဥပဒေမဲ့သိမ်းပိုက်ခြင်းမပြုရန် တောင်းဆိုခဲ့သည်။

ပင်းတယမြို့ပြပြောက်ကျားတပ်ဖွဲ့ (UGP) နှင့် ရွာငံပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF) မဟာမိတ်ပြုလုပ်လိုက်ခြင်းက ရှမ်းပြည်နယ်တောင်ပိုင်းဒေသ စစ်အာဏာရှင်ဆန့်ကျင်မောင်းထုတ်ရေးကို အရှိန်မြှင့်နိုင်မည်ဟု ယုံကြည်ကြောင်း ဒေသခံများက မှတ်ချက်ပြုသည်။

ပင်းတယနှင့်ရွာငံမြို့သည် စစ်တပ်၏ ရုပ်သေးရုပ်ကြံ့ခိုင်ရေးပါတီဝင်များ ကြီးစိုးထားသည့် ဓနုကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ထိန်းချုပ်မှုအောက်တွင်ရှိနေ သည်။ ထို့ကြောင့် စစ်အာဏာရှင်ဆန့်ကျင်သူများအား ကျန်ဒေသများထက် ဖိနှိပ်ခံခဲ့ရသော်လည်း ယခုအခါ လက်နက်ကိုင်တော်လှန်သည့် အဆင့်သို့ ရောက်ရှိလာပြီဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။