Connect with us

Hi, what are you looking for?

News

ပင်းတယနှင့် ရွာငံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့တို့ မဟာမိတ်ဖွဲ့စည်း

“အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) မှ ချမှတ်ထားသော လမ်းစဉ်အတိုင်း သစ္စာအဓိဌာန် (၄) ချက်နှင့်အညီအတူတကွ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်”ဟု မဟာမိတ်နှစ်ဖွဲ့က ဆိုသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီ​ထောက်တိုင်များကို ခပ်သွက်သွက်တိုက်ခိုက်နေသည့် ပင်းတယနှင့် ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲဲ့တို့က ယနေ့ ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် မဟာမိတ်အဖြစ် ပူးပေါင်းလိုက်သည်။

ပင်းတယမြို့ပြပြောက်ကျားတပ်ဖွဲ့ (UGP) နှင့် ရွာငံပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)က စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးတို့အတွက် မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ပြီဟု တရားဝင်ကြေညာလိုက်ခြင်းဖြစ်သည်။

“အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) မှ ချမှတ်ထားသော လမ်းစဉ်အတိုင်း သစ္စာအဓိဌာန် (၄) ချက်နှင့်အညီအတူတကွ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်”ဟု မဟာမိတ်နှစ်ဖွဲ့က ဆိုသည်။

ပင်းတယမြို့ပြပြောက်ကျားတပ်ဖွဲ့(Urban Guerrillas of Pindaya- UGP) ဖွဲ့စည်းကြောင်း ဖေဖော်ဝါရီ ၉ ရက်က တရားဝင်ကြေညာပြီး ယင်းနေ့တွင်ပင် ပင်းတယ မြို့ EPCရုံးကို ဗုံးဖောက်ခွဲ သတိပေးခဲ့သည်။ ထို့အပြင် စစ်ကောင်စီ၏ သတင်းပေး ဒလန်အကြီးစားတစ်ဦးကို လည်းသုတ်သင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ရွာငံပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ ​ထောက်တိုင် ချေးငွေလုပ်ငန်းတစ်ခုကို ဗုံးပေါက်ခွဲသတိပေးပြီး ပြည်သူများထံမှ ငွေကြေးကို တရားဥပဒေမဲ့သိမ်းပိုက်ခြင်းမပြုရန် တောင်းဆိုခဲ့သည်။

ပင်းတယမြို့ပြပြောက်ကျားတပ်ဖွဲ့ (UGP) နှင့် ရွာငံပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF) မဟာမိတ်ပြုလုပ်လိုက်ခြင်းက ရှမ်းပြည်နယ်တောင်ပိုင်းဒေသ စစ်အာဏာရှင်ဆန့်ကျင်မောင်းထုတ်ရေးကို အရှိန်မြှင့်နိုင်မည်ဟု ယုံကြည်ကြောင်း ဒေသခံများက မှတ်ချက်ပြုသည်။

ပင်းတယနှင့်ရွာငံမြို့သည် စစ်တပ်၏ ရုပ်သေးရုပ်ကြံ့ခိုင်ရေးပါတီဝင်များ ကြီးစိုးထားသည့် ဓနုကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ထိန်းချုပ်မှုအောက်တွင်ရှိနေ သည်။ ထို့ကြောင့် စစ်အာဏာရှင်ဆန့်ကျင်သူများအား ကျန်ဒေသများထက် ဖိနှိပ်ခံခဲ့ရသော်လည်း ယခုအခါ လက်နက်ကိုင်တော်လှန်သည့် အဆင့်သို့ ရောက်ရှိလာပြီဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။