Connect with us

Hi, what are you looking for?

သတင်း

ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက် ထောင်ဒဏ်နှစ်၂၀ မတရားချမှတ်ခံရ

အသက် (၂၂)နှစ်အရွယ် ကိုဉာဏ်ဝင်းထက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အင်းစိန်အကျဉ်းထောင်၌ အကျဉ်းကျခံနေရကာ ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းနှင့် နီးစပ်သည့်မိတ်ဆွေတစ်ဦးက ဆိုသည်။

ဓာတ်ပုံ - ABFSU
ဓာတ်ပုံ - ABFSU

ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၏ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်အား စစ်ကောင်စီ မတရားစွဲဆိုထားသော ဥပဒေများဖြင့် စုစု​ပေါင်း ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရကြောင်း ဗကသများအဖွဲ့ချုပ်က အသိပေးသည်။

စစ်ကောင်စီသည် ကိုဉာဏ်ဝင်းထက်ကို ရန်ကုန်မြို့ ဒေါပုံမြို့နယ်အတွင်း ၂၀၂၂ ဇွန်လ ၃၀ ရက်က အဓမ္မဖမ်းဆီးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ)ဖြင့် တစ်မှု၊ ဥပဒေပုဒ်မ (၃)ဖြင့်နှစ်မှု စုစုပေါင်း သုံးမှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့နောက် စစ်ကောင်စီသည် ကိုဉာဏ်ဝင်းထက်အား ၂၀၂၂ ဒီဇင်ဘာ ၂၇ရက်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ)ဖြင့် ထောင်ဒဏ် ၈နှစ်၊ ဥပဒေပုဒ်မ (၃)ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး ယမန်နေ့ (ဇူလိုင် ၂၀)က ပုဒ်မ (၃)ဖြင့် ထောင်ဒဏ် ၅ နှစ် ထပ်မံအမိန့်ချခဲ့ကာ စုစုပေါင်း နှစ်၂၀ မတရား ချမှတ်ခံရခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဖော်ပြထားသည်။

“​ကိုဥာဏ်ဝင်းထက်ကို အမှုသုံးမှုတက်ပြီး တရားစွဲခဲ့တာပါ။ မနေ့က ထောင်ဒဏ် ၅နှစ် ထပ်ချခဲ့ပြီး အရင် ၁၅နှစ်နဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ်အနှစ် ၂၀ ချခံရတာ ဖြစ်ပါတယ်။ ကိုဥာဏ်ဝင်းထက်လို သာမာန်ကျောင်းသားတစ်ယောက်ကို အကြမ်းဖက်ပုဒ်မတွေနဲ့ စွပ်စွဲပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့တာပါ။ အခုလိုမျိုး ကျောင်းသားတွေကို ဖမ်းဆီးထောင်ချရုံ၊ အကြမ်းဖက် သတ်ဖြတ်ရုံနဲ့ တော်လှန်ရေးက ရပ်သွားမှာ မဟုတ်ပါဘူး”ဟု တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အသက် (၂၂)နှစ်အရွယ် ကိုဉာဏ်ဝင်းထက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အင်းစိန်အကျဉ်းထောင်၌ အကျဉ်းကျခံနေရကာ ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းနှင့် နီးစပ်သည့်မိတ်ဆွေတစ်ဦးက ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူသိများခဲ့တဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးကို တရုတ်က ထောင်ဒဏ်တစ်သက် ချမှတ်လိုက်သလို သူ့ကုမ္ပဏီကိုလည်း ဒဏ်ကြေး အမြောက်အမြား တပ်ရိုက်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့ ဒေါပုံမြို့နယ်မှာ အသက်(၈)နှစ်အရွယ်ကလေးငယ် ၁ဦး ဓားထိုးခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနဲ့ ဘော်ဒါများ ပရဟိတအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြသပေးဖို့နဲ့ ဗကသများအဖွဲ့ချုပ် နှစ် (၉၀)ပြည့် လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ မိတ်ဆွေတွေကြားက ပဋိပက္ခတွေ၊ အဆင်မပြေတာတွေကို ဆက်လက်သယ်ဆောင်မသွားဘဲ ရန်သူကို နိုင်အောင်တိုက်မယ့် တိုက်ပွဲဝင်စိတ်နဲ့ ရှေ့ဆက်သွားမယ်လို့ မေ ၈ ရက်မှာ ကျရောက်တဲ့ နှစ် (၉၀) ပြည့်အထိမ်းအမှတ်မှာ ထုတ်ပြန်လိုက်ပါတယ်။

Facebook