Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက် ထောင်ဒဏ်နှစ်၂၀ မတရားချမှတ်ခံရ

အသက် (၂၂)နှစ်အရွယ် ကိုဉာဏ်ဝင်းထက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အင်းစိန်အကျဉ်းထောင်၌ အကျဉ်းကျခံနေရကာ ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းနှင့် နီးစပ်သည့်မိတ်ဆွေတစ်ဦးက ဆိုသည်။

ဓာတ်ပုံ - ABFSU
ဓာတ်ပုံ - ABFSU

ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၏ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်အား စစ်ကောင်စီ မတရားစွဲဆိုထားသော ဥပဒေများဖြင့် စုစု​ပေါင်း ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရကြောင်း ဗကသများအဖွဲ့ချုပ်က အသိပေးသည်။

စစ်ကောင်စီသည် ကိုဉာဏ်ဝင်းထက်ကို ရန်ကုန်မြို့ ဒေါပုံမြို့နယ်အတွင်း ၂၀၂၂ ဇွန်လ ၃၀ ရက်က အဓမ္မဖမ်းဆီးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ)ဖြင့် တစ်မှု၊ ဥပဒေပုဒ်မ (၃)ဖြင့်နှစ်မှု စုစုပေါင်း သုံးမှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့နောက် စစ်ကောင်စီသည် ကိုဉာဏ်ဝင်းထက်အား ၂၀၂၂ ဒီဇင်ဘာ ၂၇ရက်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ)ဖြင့် ထောင်ဒဏ် ၈နှစ်၊ ဥပဒေပုဒ်မ (၃)ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး ယမန်နေ့ (ဇူလိုင် ၂၀)က ပုဒ်မ (၃)ဖြင့် ထောင်ဒဏ် ၅ နှစ် ထပ်မံအမိန့်ချခဲ့ကာ စုစုပေါင်း နှစ်၂၀ မတရား ချမှတ်ခံရခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဖော်ပြထားသည်။

“​ကိုဥာဏ်ဝင်းထက်ကို အမှုသုံးမှုတက်ပြီး တရားစွဲခဲ့တာပါ။ မနေ့က ထောင်ဒဏ် ၅နှစ် ထပ်ချခဲ့ပြီး အရင် ၁၅နှစ်နဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ်အနှစ် ၂၀ ချခံရတာ ဖြစ်ပါတယ်။ ကိုဥာဏ်ဝင်းထက်လို သာမာန်ကျောင်းသားတစ်ယောက်ကို အကြမ်းဖက်ပုဒ်မတွေနဲ့ စွပ်စွဲပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့တာပါ။ အခုလိုမျိုး ကျောင်းသားတွေကို ဖမ်းဆီးထောင်ချရုံ၊ အကြမ်းဖက် သတ်ဖြတ်ရုံနဲ့ တော်လှန်ရေးက ရပ်သွားမှာ မဟုတ်ပါဘူး”ဟု တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အသက် (၂၂)နှစ်အရွယ် ကိုဉာဏ်ဝင်းထက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အင်းစိန်အကျဉ်းထောင်၌ အကျဉ်းကျခံနေရကာ ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းနှင့် နီးစပ်သည့်မိတ်ဆွေတစ်ဦးက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက စစ်မျက်နှာပြင်အများအပြားတွင် စစ်ရှုံးနေသလို စစ်သားသစ်စုမရ တော့ဘဲ အကြပ်အတည်း တွေ့ နေချိန်တွင် လူငယ်များကိုခြိမ်း ခြောက်၍ စစ်ကောင်စီတပ်ထဲ ဝင် ရောက်ရန် အတင်းအဓမ္မ ဖိအား ပေးလာခြင်းဖြစ်သည်။

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။

သတင်း

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဗကသများအဖွဲ့ချုပ်၏ ရဲဘော် ၁၇ဦးအထိကျဆုံးခဲ့ရသော်လည်း ဒီမိုကရေစီတော်လှန်ရေးကို ဆုံးခန်းတိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ၎င်းက ပြောသည်။

သတင်း

ဖမ်းဆီးသတ်ဖြတ်ခံရသည့် အရေအတွက်ကိုမူ အသိပေးထားခြင်း မရှိပေ။ထို့အပြင် ဖြစ်စဉ်ကိုစုံစမ်းနေပြီး အသေးစိတ် ဆက်လက်ထုတ်ပြန်သွားမည်ဟု သိရသည်။