Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါပုံတွင် မြေးဖြစ်သူ စစ်မှုထမ်းစာရင်းထဲပါ၍ အဖွားဖြစ်သူ ကွယ်လွန်

စစ်ကောင်စီက စစ်မျက်နှာပြင်အများအပြားတွင် စစ်ရှုံးနေသလို စစ်သားသစ်စုမရ တော့ဘဲ အကြပ်အတည်း တွေ့ နေချိန်တွင် လူငယ်များကိုခြိမ်း ခြောက်၍ စစ်ကောင်စီတပ်ထဲ ဝင် ရောက်ရန် အတင်းအဓမ္မ ဖိအား ပေးလာခြင်းဖြစ်သည်။

တံတား ပေါ်မှ ခုန်ချသတ် သေသွား သောအဖွားနှင့် ရုပ်အ လောင်းကို လူမှုကူညီကယ်ဆယ် ရေးအဖွဲများက တံတား အောက် ခြေမှ ဆယ်ယူစဥ်။ဓါတ်ပုံ-သစ္စာမဏ္ဍိုင် လူမှုကူညီ ရေးအသင်း
တံတား ပေါ်မှ ခုန်ချသတ် သေသွား သောအဖွားနှင့် ရုပ်အ လောင်းကို လူမှုကူညီကယ်ဆယ် ရေးအဖွဲများက တံတား အောက် ခြေမှ ဆယ်ယူစဥ်။ဓါတ်ပုံ-သစ္စာမဏ္ဍိုင် လူမှုကူညီ ရေးအသင်း

ရန်ကုန်မြို ဒေါပုံမြိုနယ်တွင် မြေးဖြစ်သူ စစ်မှုထမ်းစာရင်းထဲပါ၍ အဘွားက စိတ်ထိခိုက်ကာ ဂျပန်တံတား ဟောင်းပေါ်မှ ခုန်ချသတ်သေမှု ယမန်နေ့ (မတ်လ ၂၀) နံနက်အ စောပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

“ဒီမနက် ဒေါပုံဘက်က တံတားဟောင်းပေါ်ကနေ အဖွားအိုတစ်ဦး ခုန်ချသတ်သေသွားတာပါ။ မနေ့ညက အဖွားနဲ့ အတူနေတဲ့ မြေးဖြစ်သူကို စစ်မှုထမ်းစာရင်း ပါတယ်ဆိုပြီး ရပ်ကွက်အုပ်ကြီးတွေက လာခေါ်သွားလို စိတ်ထိခိုက်သွားတာပါ။ ဒါ့ကြောင့် သူ့မြေး အပြင်သွားနေတုန်း အဖွားက တံတားပေါ်ကခုန်ချပြီး ကိုယ့်ကိုကိုယ်သတ် သေ သွားတာလို သိရတယ်” ဟု ဒေါပုံမြိုနယ်နေ ပြည်သူတစ်ဦးက ပြောသည်။

တံတား ပေါ်မှ ခုန်ချသတ် သေသွား သောအဖွားနှင့် ရုပ်အ လောင်းကို လူမှုကူညီကယ်ဆယ် ရေးအဖွဲများက တံတား အောက် ခြေမှ ဆယ်ယူစဥ်။ဓါတ်ပုံ-သစ္စာမဏ္ဍိုင် လူမှုကူညီ ရေးအသင်း
တံတား ပေါ်မှ ခုန်ချသတ် သေသွား သောအဖွားနှင့် ရုပ်အ လောင်းကို လူမှုကူညီကယ်ဆယ် ရေးအဖွဲများက တံတား အောက် ခြေမှ ဆယ်ယူစဥ်။ဓါတ်ပုံ-သစ္စာမဏ္ဍိုင် လူမှုကူညီ ရေးအသင်း

တံတား ပေါ်ကခုန်ချအဆုံးစီရင်သွား သော အဖွားက အသက် ၆၅နှစ် ဝန်းကျင်အရွယ်ရှိပြီး မြေးဖြစ်သူမှာ အသက် ၂၀ ကျော်အရွယ်ဖြစ် ပြီး ၊ ဒေါပုံမြိုနယ် ယမုံနာ ( ၂ )ရပ်ကွက်တွင် နေထိုင်သူများဖြစ် ကြောင်း စုံစမ်းသိရသည်။အဘွားသည် အသားဖြူပြီး ကျန်းမာသန်စွမ်း သောခန္ဒာကိုယ်ရှိသူဖြစ်သည်ကိုလည်း တွေ့ရသည်။

အခြား ဒေသခံ ၃ ဦးကလည်း သေဆုံးသွားသူသည် မြေးဖြစ်သူ စစ်မှုထမ်းရန် ခေါ်ဆိုခံရပြီး စိထိခိုက်သဖြင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခြင်းဖြစ် သည်ဟု ကြားသိရ ကြောင်း ပြောသည်။ သို သော် ဖြစ်စဥ် အ သေးစိပ်ကို စုံစမ်း နေဆဲဖြစ်ပြီး ဒေသခံပြည်သူများမှာ ဖြစ်စဥ်ကို ပြောပြရမည်ကို စိုးရိမ် နေကြသည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

သေဆုံးသွား သော ထို အဖွားအို၏ ရုပ်အ လောင်းကိုMZK အ ရောင်အ သွေးမဲ့ တောင်ညွန့်လူငယ် ၊ Happy အဖြူ ရောင် မေတ္တာ ၊ သစ္စာမဏ္ဍိုင် လူမှုကူညီ ရေးအသင်းတိုက တံတား အောက် ခြေမှ ပြန်လည် သယ် ဆောင် ပေးခဲ့ခြင်းဖြစ်သည်။ထို ကြောင့် ထိုအသင်းမှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ် မေးမြန်းရာ ” မနက် ၅နာရီလောက်မှာ ဖုန်းဆက်လာတယ်။ ဒီမှာတော့အမျိုးသမီးအလောင်တစ်လောက်းတွေ့တယ်။ တံတားပေါ်က ခုန်ချတာလား။ ပြစ်ချထားတာလား ဘာလား မသိဘူး လာကြည့်ပေးပါအုံးဆိုတာနဲ့ ကျွန်တော်တို သွားကြည့်တယ်။ သွားကြည့်တော့ အမျိုးသမီးက အသက်(၆၀)ဝန်းကျင်လောက်ရှိတယ်။အဲဒီအမျိုးသမီးက အဲဒီတံတားပေါ်ကနေ သူ့ဘာသူခုန်ချတာလား။ ဘယ်သူက ဘာလုပ်တာလဲ ကျွန်တော်တိုလည်း မသိဘူး။ ဒါကတော့ တာဝန်ရှိတဲ့သူတွေဆက်လုပ်ပေါ့။ ကျွန်တော်တိုအလုပ်တော့ မဟုတ်ဘူး။ ကျွန်တော်တိုက ခက်ခက်ခဲခဲနဲ့ကို တံတားပေါ်ကိုရောက်အောင်ပြန်တင်တယ်။ တင်ပြီးတော့ ရန်ကုန်ဆေးရုံကြီးကို အပ်လိုက်တယ်”ဟု ပြောကြားသည်။

တံတား ပေါ်မှ ခုန်ချသတ် သေသွား သောအဖွားနှင့် ရုပ်အ လောင်းကို လူမှုကူညီကယ်ဆယ် ရေးအဖွဲများက တံတား အောက် ခြေမှ ဆယ်ယူစဥ်။ဓါတ်ပုံ-သစ္စာမဏ္ဍိုင် လူမှုကူညီ ရေးအသင်း
တံတား ပေါ်မှ ခုန်ချသတ် သေသွား သောအဖွားနှင့် ရုပ်အ လောင်းကို လူမှုကူညီကယ်ဆယ် ရေးအဖွဲများက တံတား အောက် ခြေမှ ဆယ်ယူစဥ်။ဓါတ်ပုံ-သစ္စာမဏ္ဍိုင် လူမှုကူညီ ရေးအသင်း

သို သော် သစ္စာမဏ္ဍိုင် အသင်းက ရုပ်အ လောင်းကိုဆယ်ယူကူညီ ပေးခဲ့ ကြောင်း ရေးသားထား သောပိုစ်တွင် ထိုအဖွားအိုသည်ဂျပန်တံတား ဟောင်းပေါ်မှ ခုန်ချခဲ့ခြင်းဖြစ် ကြောင်း ရေးသားထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ရုပ်အ လောင်းကို ရန်ကုန်ဆေးရုံကြီးသိုပို PN နံမှတ် ၃၆ ဖြစ် ကြောင်းသိရပြီး ဆေးရုံကြီးသိုအ လောင်းပိုဆောင်ချိန်အထိ သေဆုံးသူမိသားစုနှင့်အဆက်အသွယ်မရ သေး ကြောင်း သိရသည်။

“ကျွန် တော်တိုက အဓိက ကူညီမယ် ၊ကယ်ဆယ်မယ် ကူညီလိုရရင် ကူညီမယ် ၊ကယ်ဆယ်လိုရရင် ကယ်ဆယ်မယ် ။ဝိုင်းကူ ပေးတဲ့သ ဘောပဲ”ဟု အသင်းဝင်တစ်ဦးက ရုပ်အ လောင်းကို ကူညီသယ် ဆောင် ပေးခဲ့ပြီး ကျန် အပိုင်းကို လုံးဝ မသိ ကြောင်း ပြောသည်။

ထပ်မံ၍ သေဆုံးခဲ့ သော အဖွားအို နှင့်ပတ်သပ်၍ အချက်အလက်အ သေးစိတ်ကို People’s Spring ကဆက်လက်စုံစမ်း နေဆဲဖြစ်ပါသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရှုးနေသည့် စစ်ကောင်စီသည် ဖေဖော်ဝါရီလ တွင် စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ခဲ့ပြီး စစ် ကောင်စီ စိုးမိုး သော ဒေသများတွင် လူငယ်များကို မဲနှိက်၍ဖြစ် စေ ၊ အဆင် ပြေသလို ရွေးချယ်၍ ဖြစ် စေ ခြိမ်း ခြောက်၍ စစ်သားသစ် လုပ်ရန် ခေါ် ဆောင်လျက်ရှိသည်။

ထို ကြောင့် စစ် ကောင်စီ လိုချင် နေသည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်ရှိ သော မိသားစုဝင်များမှာ သောက ရောက် နေကြပြီး လူငယ်အချိုမှာ တော်လှန် ရေးအဖွဲများထံသွား ရောက်ခြင်း ၊အချိုမှာ ပြည်ပသို အလုပ်လုပ်ရန် ကျောင်းတက်ရန် ထွက်ခွာခြင်း စသဖြင့် ပြုလုပ် နေကြသည်။ ငွေ ကြေးနှင့် အဆက်အသွယ် မရှိ သောလူငယ်များ၊မိသားစုကို အိမ်တွင် အလုပ်လုပ် ပေး ၊စောင့် ရှောက် ပေး နေ သောလူငယ်များမှာ မိသားစုနှင့် ဝေးရာသိုထွက်ခွာရန် အခက်အခဲ တွေ့ နေကြသည်။ထို ကြောင့် ယခုကာလသည် လူငယ်များ ၊မိဘ ဆွေး မျိုးများ အတွက် သောက အများရဆုံးအချိန်ဖြစ် ကြောင်း ပြည်သူများက ပြောသည်။

ထိုအ ခြေအ နေတွင် စစ်သားသစ်အဖြစ် ခေါ် ဆောင်ခံရသူများ ၊မိသားစုဝင်များမှာ ထိတ်လန့် စိုးရိမ်၍ သေ ကြောင်းကြံစည်မှုအချိုရှိလာသည်။ မတ်လတတိယပါတ်တွင် ဧရာဝတီတိုင်း၌ စစ်သားသစ်စု ဆောင်းခံရ သောလူငယ် နှစ်ဦး အဆိပ် သောက် သေ ကြောင်းကြံစည်ခဲ့ ကြောင်း ဒေသခံအချိုက ပြောသည်။

ထို ကြောင့် တော်လှန် ရေးအဖွဲများက လူငယ်များအ နေဖြင့် စစ်သားသစ်အဖြစ်စု ဆောင်းမခံဘဲ တော်လှန် ရေးအဖွဲများနှင့် ဆက်သွယ်ပူး ပေါင်း၍ စစ်အုပ်စုကို တော်လှန် ရန် ဖိတ် ခေါ်တိုက်တွန်း နေကြသည်။

စစ်ကောင်စီက စစ်မျက်နှာပြင်အများအပြားတွင် စစ်ရှုံးနေသလို စစ်သားသစ်စုမရ တော့ဘဲ အကြပ်အတည်း တွေ့ နေချိန်တွင် လူငယ်များကိုခြိမ်း ခြောက်၍ စစ်ကောင်စီတပ်ထဲ ဝင် ရောက်ရန် အတင်းအဓမ္မ ဖိအား ပေးလာခြင်းဖြစ်သည်။

ထို ကြောင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအားအကောင်အထည်ဖော်ရန် ပါဝင်ကူညီသူများကို စစ်ကောင်စီထောက်တိုင်များအဖြစ်သတ်မှတ်၍ ပြင်းထန်စွာအရေးယူမည်ဟု မြိုပြပြောက်ကျားတပ်ဖွဲနှင့် တော်လှန်ရေးအင်အားစုများက အသိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မောင်ထွန်းအားကျရခြင်းမှာ စစ်တပ်၏ စစ်မှုမထမ်းမနေရ ဥပဒေနှင့် ထိုလူငယ်များ လက်တလော လွတ်မြောက်သွားခြင်းကြောင့် ဖြစ်သည်။

ဆောင်းပါး

ဒီးဒီ/People’s Spring မတ်လ၏ အပူဒဏ်ကို နေရာအတော်များများ ခံစားရသော်လည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ဟောင်းသရောမြစ် အနီးတွင်တော့ အအေးဓာတ်ရနေပါသည်။ ညပိုင်းနှင့် နံနက်ခင်းတို့တွင် ဖြစ်၏။ ထိုအချိန်ပိုင်းတွင် အနွေးထည် ခပ်ပါးပါးဝတ်ထားရသည်အထိ အအေးဓာတ်ရှိပါသည်။ နံနက်ခင်း အာရုဏ်တက်ချိန် ရောက်သည်နှင့် အဆိုပါ ဟောင်းသရောမြစ်ကမ်းဘေး တနေရာ၌...

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းပြီး ဆုံးရှုံးသွား‌သောနယ်မြေများကို ပြန်သိမ်းမည်ဟု အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် က မတ်လ ၂၇ ရက်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် ထုတ်ပြောထားသည်။