Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလား အုပ်စုပွဲစဥ် ၂ အပြီး အုပ်စုတွင်းဘယ်လိုရပ်တည်​နေကြလဲ

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု ဒုတိယပွဲစဥ်​တွေ ယှဥ်ပြိုင်ပြီးချိန် အုပ်စု ၁၂ စုရဲ့ အုပ်စုတွင်းရပ်တည်မှု အ​ခြေအ​နေဖြစ်ပါတယ်။

ဇွန်-၂၄၊၂၀၂၆။People’s Spring

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု ဒုတိယပွဲစဥ်​တွေ ယှဥ်ပြိုင်ပြီးချိန် အုပ်စု ၁၂ စုရဲ့ အုပ်စုတွင်းရပ်တည်မှု အ​ခြေအ​နေဖြစ်ပါတယ်။

အုပ်စု ၁၂ စု ၊အသင်း​ပေါင်း ၄၈ သင်းယှဥ်ပြိုင်တဲ့ ပြိုင်ပွဲမှာ ပွဲစဥ် ၂ အပြီး ၂ ပွဲစလုံးအနိုင် ရမှတ် ၆ မှတ်စီနဲ့ ရှုံးထွက်အဆင့်တက်​ရောက်နိုင်တဲ့အသင်း​တွေက အိမ်ရှင် မက္ကဆီကို ၊အ​မေရီကန် ၊ဂျာမနီ ၊ပြင်သစ် ၊​​နော်​ဝေ ၊ အာဂျင်တီးနားနဲ့ကိုလံဘီယာတို့ဖြစ်ပါတယ်။ဒီအသင်း​တွေက အုပ်စု​နောက်ဆုံးပွဲ ဘယ်လိုရလဒ်ထွက်ထွက် ၃၂ သင်းရှုံးထွက်အဆင့်တက်​ရောက်သွားပါပြီ ။

က​နေဒါ ၊ဘရာဇီး ၊နယ်သာလန် ၊အီဂျစ် ၊ စပိန်၊အဂ်လန်တို့ကလည်း တစ်ပွဲနိုင် တစ်ပွဲသ​ရေ ရမှတ် ၄ မှတ်စီ နဲ့ သက်ဆိုင်ရာအုပ်စု​တွေကိုဦး​​ဆောင်​နေပြီး ​နောက်တဆင့်တက်ဖို့အ​ခြေအ​နေ​ကောင်း​နေပါတယ် ။

Public Service Announcement

Public Service Announcement

အုပ်စု ၁၂ စုထဲက အုပ်စု ပထမ နဲ့ ဒုတိယအသင်း ၂ သင်းစီအပြင် အုပ်စုတတိယအ​ကောင်းဆုံး ၈ သင်းကိုပါ​နောက်တဆင့်တက်ခွင့်ရမှာဖြစ်လို့ ၄ မှတ်ရတဲ့အသင်း​တွေကလည်း ​နောက်တဆင့်တက်ခွင့်ရဖို့​သေချာသ​လောက်ဖြစ်​နေတာပါ။ဒါအပြင် ၂ပွဲစီကစားပြီးချိန် တတိယရတဲ့အသင်း​တွေဟာ ရမှတ်အများဆုံး ၃ မှတ်အထိပဲရ​ယူထားနိုင်သေးတွေ့ရပါတယ် ။

အုပ်စု​နောက်ဆုံးပွဲ​တွေအပြီး ​နောက်တဆင့်တက်ဖို့ဆုံးဖြတ်တဲ့အခါ ရမှတ်တူ​နေရင် ထိပ်တိုက်​တွေ့ဆုံမှု (head to head)အသာရတာကို အဓိကထားဆုံးဖြတ်မှာဖြစ်ပြီး ဂိုးကွာချက်ကဒုတိယဦးစား​ပေးဖြစ်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။