Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်နီပြည်၌ အကြမ်းဖက်စစ်တပ်ကျူးလွန်နေဆဲ စစ်ရာဇဝတ်မှုများအကြောင်းအစီရင်ခံစာ Fortify Rights ထုတ်ပြန်

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်တပ်က အကြမ်းဖက်များကို တိုက်ခိုက် နေခြင်းဖြစ်သည်ဟု ဆိုသော်လည်း အမှန်မှာ ၎င်း၏ စစ်တပ်များက ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များနှင့် အခြားသော ရက်စက်ယုတ်မာသည့် ရာဇဝတ်မှုများစွာကို အရေးယူခံရခြင်းမရှိဘဲ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း Fortify Rights က ဆိုသည်။

▪️မြန်မာစစ်တပ်ကို ကမ္ဘာလုံးဆိုင်ရာလက်နက်ပိတ်ဆို့ရန်နှင့် ICCသို့ လွှဲပြောင်းရန် ကုလလုံခြုံရေးကောင်စီသို့ တောင်းဆို

ကရင်နီပြည်နယ်၌ အကြမ်းဖက်စစ်တပ်ကျူးလွန်နေဆဲ စစ်ရာဇဝတ်မှုများနှင့်ပတ်သက်သည့် အစီရင်ခံစာတစ်စောင်ကို Fortify Rights က ယနေ့(ဖေဖော်ဝါရီ ၁၅ ရက်)ထုတ်ပြန်သည်။

Fortify Rights ၏ အစီရင်ခံစာအသစ်က မြန်မာစစ်တပ်မှ အရပ်သားပြည်သူများအပေါ် ဆိုးရွားသော အခွင့်အရေးချိုးဖောက်ခြင်းများကို မည်သို့မည်ပုံ ပြုလုပ်ခဲ့ကြောင်းကို ဖော်ပြထားခြင်းဖြစ် သည်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်တပ်က အကြမ်းဖက်များကို တိုက်ခိုက် နေခြင်းဖြစ်သည်ဟု ဆိုသော်လည်း အမှန်မှာ ၎င်း၏ စစ်တပ်များက ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များနှင့် အခြားသော ရက်စက်ယုတ်မာသည့် ရာဇဝတ်မှုများစွာကို အရေးယူခံရခြင်းမရှိဘဲ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း Fortify Rights က ဆိုသည်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမူဆလင်များအပေါ် အရေးယူခံရခြင်းမရှိဘဲ ကျူးလွန်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုအပြင် အတိတ်ကာလများ၌ ချင်း၊ ကချင်၊ ကရင်၊ ရှမ်း၊ မွန်နှင့် ရခိုင်(အာရကန်)ပြည်နယ်များရှိ ပြည်သူများအပါအဝင် တရားတိုင်းရင်းသားလူမျိုးများအပေါ် တွင်လည်း လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို အရေးယူခံရခြင်းမရှိဘဲ နိုင်ငံတကာလုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို နှစ်ရှည်လများစွာ ခြိမ်းခြောက်နေသည်ဟု အထက်ပါအစီရင်ခံစာ၌ ဖော်ပြသည်။

ထို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာစစ်အာဏာသိမ်းအုပ်စုကို လက်နက်နှင့် နှစ်လမ်းသွားနည်းပညာ(Dual Technology)ရောင်းချမှုကို တားမြစ်ရန် ကမ္ဘာ့လက်နက်ကုန်သွယ်ခွင့် တားမြစ်မိန့်ကို သတ်မှတ်ပြဌာန်းရန် Fortify Rights က အကြံပြုသည်။

ထို့အပြင် လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC သို့ လွှဲပြောင်းပေးရန်နှင့် မြန်မာစစ်တပ်၏ ဝင်ငွေရလမ်း အထူးသဖြင့် သဘာ၀ဓာတ်ငွေ့ရောင်းချမှုကိုတားမြစ်ရေး အရေးယူပိတ်ဆို့မှုချမှတ်ရန် Fortify Rights က တိုက်တွန်းသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအနေဖြင့်လည်း လုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုကိုစောင့်ဆိုင်းမနေဘဲ အာဏာသိမ်းစစ်အုပ်စုကို မည်သည့်နည်းလမ်းနှင့်ဖြစ်စေ တရားဝင်စေ ခြင်းကို ရှောင်ရှားကာ စစ်တပ်နှင့် ၎င်း၏အပေါင်းအပါများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထောက်ပံ့ကူညီရာရောက်သည့် စီးပွားရေးအကျိုးစီးပွားများကို ရှောင်ရှားသင့်ကြောင်း အစီရင်ခံစာ၌ အကြံပြုဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။

သတင်း

အောင်ဆုဗွေစခန်း၌ ဆေးဖြတ်နေသူ များအား စစ်ကောင်စီက သတ်ဖြတ်မှုကို ကြားသိရပြီး ယင်းလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၊အသတ်ခံရသူမှာ ၁၂ ဦးမကဘဲ ၁၂၀ ဦးရှိ​ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။

သတင်း

လွတ်မြောက်နေသူမှာဗိုလ်ဇာနည်မောင်ဖြစ်ပြီး ဖမ်းဆီးရမိနိုင်ရေး ရှာဖွေနေကြောင်းလည်း IEC က အသိပေးသည်။