Connect with us

Hi, what are you looking for?

News

ကရင်နီပြည်၌ အကြမ်းဖက်စစ်တပ်ကျူးလွန်နေဆဲ စစ်ရာဇဝတ်မှုများအကြောင်းအစီရင်ခံစာ Fortify Rights ထုတ်ပြန်

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်တပ်က အကြမ်းဖက်များကို တိုက်ခိုက် နေခြင်းဖြစ်သည်ဟု ဆိုသော်လည်း အမှန်မှာ ၎င်း၏ စစ်တပ်များက ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များနှင့် အခြားသော ရက်စက်ယုတ်မာသည့် ရာဇဝတ်မှုများစွာကို အရေးယူခံရခြင်းမရှိဘဲ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း Fortify Rights က ဆိုသည်။

▪️မြန်မာစစ်တပ်ကို ကမ္ဘာလုံးဆိုင်ရာလက်နက်ပိတ်ဆို့ရန်နှင့် ICCသို့ လွှဲပြောင်းရန် ကုလလုံခြုံရေးကောင်စီသို့ တောင်းဆို

ကရင်နီပြည်နယ်၌ အကြမ်းဖက်စစ်တပ်ကျူးလွန်နေဆဲ စစ်ရာဇဝတ်မှုများနှင့်ပတ်သက်သည့် အစီရင်ခံစာတစ်စောင်ကို Fortify Rights က ယနေ့(ဖေဖော်ဝါရီ ၁၅ ရက်)ထုတ်ပြန်သည်။

Fortify Rights ၏ အစီရင်ခံစာအသစ်က မြန်မာစစ်တပ်မှ အရပ်သားပြည်သူများအပေါ် ဆိုးရွားသော အခွင့်အရေးချိုးဖောက်ခြင်းများကို မည်သို့မည်ပုံ ပြုလုပ်ခဲ့ကြောင်းကို ဖော်ပြထားခြင်းဖြစ် သည်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်တပ်က အကြမ်းဖက်များကို တိုက်ခိုက် နေခြင်းဖြစ်သည်ဟု ဆိုသော်လည်း အမှန်မှာ ၎င်း၏ စစ်တပ်များက ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များနှင့် အခြားသော ရက်စက်ယုတ်မာသည့် ရာဇဝတ်မှုများစွာကို အရေးယူခံရခြင်းမရှိဘဲ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း Fortify Rights က ဆိုသည်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမူဆလင်များအပေါ် အရေးယူခံရခြင်းမရှိဘဲ ကျူးလွန်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုအပြင် အတိတ်ကာလများ၌ ချင်း၊ ကချင်၊ ကရင်၊ ရှမ်း၊ မွန်နှင့် ရခိုင်(အာရကန်)ပြည်နယ်များရှိ ပြည်သူများအပါအဝင် တရားတိုင်းရင်းသားလူမျိုးများအပေါ် တွင်လည်း လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို အရေးယူခံရခြင်းမရှိဘဲ နိုင်ငံတကာလုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို နှစ်ရှည်လများစွာ ခြိမ်းခြောက်နေသည်ဟု အထက်ပါအစီရင်ခံစာ၌ ဖော်ပြသည်။

ထို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာစစ်အာဏာသိမ်းအုပ်စုကို လက်နက်နှင့် နှစ်လမ်းသွားနည်းပညာ(Dual Technology)ရောင်းချမှုကို တားမြစ်ရန် ကမ္ဘာ့လက်နက်ကုန်သွယ်ခွင့် တားမြစ်မိန့်ကို သတ်မှတ်ပြဌာန်းရန် Fortify Rights က အကြံပြုသည်။

ထို့အပြင် လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC သို့ လွှဲပြောင်းပေးရန်နှင့် မြန်မာစစ်တပ်၏ ဝင်ငွေရလမ်း အထူးသဖြင့် သဘာ၀ဓာတ်ငွေ့ရောင်းချမှုကိုတားမြစ်ရေး အရေးယူပိတ်ဆို့မှုချမှတ်ရန် Fortify Rights က တိုက်တွန်းသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအနေဖြင့်လည်း လုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုကိုစောင့်ဆိုင်းမနေဘဲ အာဏာသိမ်းစစ်အုပ်စုကို မည်သည့်နည်းလမ်းနှင့်ဖြစ်စေ တရားဝင်စေ ခြင်းကို ရှောင်ရှားကာ စစ်တပ်နှင့် ၎င်း၏အပေါင်းအပါများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထောက်ပံ့ကူညီရာရောက်သည့် စီးပွားရေးအကျိုးစီးပွားများကို ရှောင်ရှားသင့်ကြောင်း အစီရင်ခံစာ၌ အကြံပြုဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာမှ အ​ရေးယူ​ဆောင်ရွက်မှုများပြုလုပ်ရန် အထူးလိုအပ်​နေဟုတိုက်တွန်း

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။