Connect with us

Hi, what are you looking for?

LuduNwayOo

News

ပုလဲနယ်ရှိ ပြည်သူပိုင်ပစ္စည်းများ အဓမ္မယူဆောင်ခဲ့သည့် စစ်ကောင်စီနှင့်ပျူစောထီးများကို တိုက်ခိုက်ရာ ၄၀ခန့်သေဟု MRDAထုတ်ပြန်

ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပြည်သူတို့၏ အရှက်သိက္ခာကို ကာကွယ်နိုင်ရန်အတွက် မြန်မာ့တော်ဝင်နဂါးတပ်တော်မှ အစွမ်းကုန်ကြိုးစားသွားမည်ဟုလည်း ဖော်ပြထားသည်။

စစ်ကိုင်းတိုင် ပုလဲမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများရှိရာ အခြေစိုက်စခန်းအား ဖေဖော်ဝါရီ ၁၄ရက် ညသန်းခေါင်အချိန်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးစုစုပေါင်း ၄၀ခန့်သေဆုံးခဲ့သည်ဟု မြန်မာ့တော်ဝင်နဂါးတပ်မတော်(MRDA)က ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော်၏ နဂါးစစ်သည်များနှင့် မြင်းခြံ Zero ​ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင်များနှင့် နောက်လိုက် ပျူစောထီးများသည် ၂၀၂၂ ဖေဖော်ဝါရီအတွင်းက ပုလဲမြို့နယ်အတွင်းရှိ ယင်းတို့နှင့် နီးစပ်ရာ ကျေးရွာများရှိ စျေးဆိုင်များ၊ အိမ်များကို ဖျက်စီးဖောက်ထွင်း၍ ပြည်သူ့ပစ္စည်းများကို ကားများဖြင့်တင်၍ယူဆောင်နေသော အဖွဲ့အစည်းဖြစ်သည်ဟု MRDAက ဆိုသည်။

၎င်းအပြင် ပြည်သူ့အိုးအိမ်စည်းစိမ်များကို ဖျက်စီးခြင်း၊ လိင်အကြမ်းဖက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းပြုနေသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည်ဟုလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပြည်သူတို့၏ အရှက်သိက္ခာကို ကာကွယ်နိုင်ရန်အတွက် မြန်မာ့တော်ဝင်နဂါးတပ်တော်မှ အစွမ်းကုန်ကြိုးစားသွားမည်ဟုလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။