Connect with us

Hi, what are you looking for?

News

ပုလဲနယ်ရှိ ပြည်သူပိုင်ပစ္စည်းများ အဓမ္မယူဆောင်ခဲ့သည့် စစ်ကောင်စီနှင့်ပျူစောထီးများကို တိုက်ခိုက်ရာ ၄၀ခန့်သေဟု MRDAထုတ်ပြန်

ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပြည်သူတို့၏ အရှက်သိက္ခာကို ကာကွယ်နိုင်ရန်အတွက် မြန်မာ့တော်ဝင်နဂါးတပ်တော်မှ အစွမ်းကုန်ကြိုးစားသွားမည်ဟုလည်း ဖော်ပြထားသည်။

စစ်ကိုင်းတိုင် ပုလဲမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများရှိရာ အခြေစိုက်စခန်းအား ဖေဖော်ဝါရီ ၁၄ရက် ညသန်းခေါင်အချိန်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးစုစုပေါင်း ၄၀ခန့်သေဆုံးခဲ့သည်ဟု မြန်မာ့တော်ဝင်နဂါးတပ်မတော်(MRDA)က ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော်၏ နဂါးစစ်သည်များနှင့် မြင်းခြံ Zero ​ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင်များနှင့် နောက်လိုက် ပျူစောထီးများသည် ၂၀၂၂ ဖေဖော်ဝါရီအတွင်းက ပုလဲမြို့နယ်အတွင်းရှိ ယင်းတို့နှင့် နီးစပ်ရာ ကျေးရွာများရှိ စျေးဆိုင်များ၊ အိမ်များကို ဖျက်စီးဖောက်ထွင်း၍ ပြည်သူ့ပစ္စည်းများကို ကားများဖြင့်တင်၍ယူဆောင်နေသော အဖွဲ့အစည်းဖြစ်သည်ဟု MRDAက ဆိုသည်။

၎င်းအပြင် ပြည်သူ့အိုးအိမ်စည်းစိမ်များကို ဖျက်စီးခြင်း၊ လိင်အကြမ်းဖက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းပြုနေသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည်ဟုလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပြည်သူတို့၏ အရှက်သိက္ခာကို ကာကွယ်နိုင်ရန်အတွက် မြန်မာ့တော်ဝင်နဂါးတပ်တော်မှ အစွမ်းကုန်ကြိုးစားသွားမည်ဟုလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။