Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ဆက်စပ်၍ တင်သွင်း၊​ ရောင်းချခွင့်ပိတ်ပင်ထား​သော ကုန်ပစ္စည်းများကို ဂန့်​ဂေါပြည်သူ့အုပ်ချုပ်အဖွဲ့​ကြေညာ

ကြေညာချက်ပါ တားမြစ်ထုတ်ကုန်များကို တင်သွင်း၊သယ်ယူ၊ရောင်းချသည်များအားတွေ့ရှိပါက သက်ဆိုင် ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တစ်ဆင့် ဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း အသိပေးသည်။

(ဖေဖော်ဝါရီ ၅ ရက်က ဂန့်ဂေါဒေသတွင် သိမ်းဆည်းရမိခဲ့သည့် စစ်တပ်ထုတ်ကုန်များကို ​တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီနှင့်ဆက်စပ်၍ တင်သွင်း၊ သယ်ယူ၊ ရောင်းချခွင့်ပိတ်ပင်တားမြစ်ထားသော ထုတ် ကုန်များစာရင်းကို ဂန့်ဂေါမြို့နယ် -ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၁၇) ထုတ်ပြန်သည်။

အဆိုပါစာရင်းများအရ အာမီရမ် ၊ Andaman Gold ၊ Mandalay ဘီယာ၊ မြန်မာဘီယာ၊ ဒဂုံဘီယာ အမှတ်တံဆိပ်များအပါအဝင် ယစ်မျိုးကုန်အမျိုးအစား ၁၆မျိုးပါရှိသည်။

(ဖေဖော်ဝါရီ ၅ ရက်က ဂန့်ဂေါဒေသတွင် သိမ်းဆည်းရမိခဲ့သည့် စစ်တပ်ထုတ်ကုန်များကို ​တွေ့ရစဥ်)

အလားတူ Red Ruby ၊ Premium Gold ဆေးလိပ်၊ ရွှေဖီဦးတံဆိပ်လက်ဖက်ရည်နှင့် ကော်ဖီ၊ နန်းမြိုင်ကော်ဖီ၊ ငွေပင်လယ်ရေထွက်ကုန်များ၊ Sun Condensed နို့ဘူး၊ Royal Karaweik သကြား၊ Nay Pyi Taw သောက်ရေသန့်၊ Seven Sweetened condensed နို့ဘူး၊ Speed အချိုရည်နှင့် 440 volt အချိုရည် စသည့်စားသောက်ကုန်များကိုလည်း တား မြစ်သည်။

ပဒုမ္မာဆပ်ပြာ၊ ဂေါ်ဇီလာဆပ်ပြာ၊ ဂေါ်ဇီလာခြင်နိုင်ဆေး၊ ဂေါ်ဇီလာလက်သန့်ဆေး၊ Dentomec သွားတိုက်ဆေးနှင့် သွားတိုက်တံ၊ Dagon လက်သန့်ဆေး၊ Mytel ဆင်းမ်ကတ်၊ Mytelငွေဖြည့်ကတ် စသည့်လူသုံးကုန်များ၊ ဆင်မင်းတံဆိပ်ဘိလပ်မြေ၊ ကြံ့တံဆိပ်ဘိလပ်မြေ နှင့် စစ်တပ်နှင့် ၎င်းဆက်နွယ်ကုမ္ပဏီများ၊ အမည်မည်းစာရင်းပါ ကုမ္ပဏီများမှထုတ်လုပ်သော ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများလည်း ပါဝင်သည်။

Public Service Announcement

Public Service Announcement

“အဲဒီကတော့ ဘယ်ပစ္စည်းတွေက စစ်တပ်နဲ့ သူရဲ့ အဆက်အနွယ်ကုမ္ပဏီတွေလည်းဆိုတာ ပြည်သူလူထုသိရအောင်ရယ်။ ဒီပစ္စည်းတွေဆိုရင် လုံးဝကို နယ်မြေ ဒေသထဲမှာလက်မခံဘူးဆို တာ သိသာအောင် ထုတ်ပြန်ပေးတာပါ”ဟု ဂန့်ဂေါမြို့ နယ် -ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကြေညာချက်ပါ တားမြစ်ထုတ်ကုန်များကို တင်သွင်း၊သယ်ယူ၊ရောင်းချသည်များအားတွေ့ရှိပါက သက်ဆိုင် ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တစ်ဆင့် ဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။