Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ်၏လေ​ကြောင်းတိုက်ခိုက်မှုတွင် မိဘနှစ်ပါးဆုံးရှုံးခဲ့​ပြီး ဒဏ်ရာရခဲ့​သောလူငယ်ကို NUG ဝန်ကြီး​ဆေးကုသစာရိတ်ကူညီ

ကရင်ပြည်နယ် ဖာပွန်ခရိုင်မှ အသက်၁၄နှစ်အရွယ်လူငယ်တစ်ဦးအတွက် ဆေးကုသစားရိတ် တစ်သိန်းကျပ်ကို ထောက်ပံ့ကြေးကို NUG၏ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ဆိုင်ရာ၀န်ကြီး နော်ဆူစန္နာလှလှစိုးက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်)ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုတွင် မိခင်နှင့်ဖခင် သေဆုံးခဲ့ရသော လူငယ်တစ်ဦးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ဆိုင်ရာ၀န်ကြီးဌာနက ဆေးကုသစားရိတ် ထောက်ပံ့ခဲ့သည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်မှ အသက်၁၄နှစ်အရွယ်လူငယ်တစ်ဦးအတွက် ဆေးကုသစားရိတ် တစ်သိန်းကျပ်ကို ထောက်ပံ့ကြေးကို NUG၏ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ဆိုင်ရာ၀န်ကြီး နော်ဆူစန္နာလှလှစိုးက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်)ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ယင်းလူငယ်၏ မိဘနှစ်ပါးသည် ဖာပွန်မြို့တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်က တိုက်ပွဲတွင် ကွယ်လွန်ခဲ့ပြီးသူကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့သည်။ ရပ်ရွာတာဝန်ရှိသူများက စောင့် ရှောက်​ဆေးကုသထားရသူလည်းဖြစ်ကြောင်း ၀န်ကြီး နော်ဆူစန္နာလှလှစိုးက သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့အထိ့နာပါက ပြည်သူလူထုရှိရာနေရာများကိုပါ လေကြောင်းမှတိုက်ခိုက်​နေခြင်းဖြစ်သည်။