Connect with us

Hi, what are you looking for?

News

နှစ်ရက်ဆက် တမူးတိုက်ပွဲတွင် စစ်​ကောင်စီတပ် ၁၀ဦး​သေ

“တိုက်ပွဲတွေကဆက်ဖြစ်လာဖို့ရှိတယ်လို့ ကျွန်တော်တို့ တွက်ဆထားတယ်။ ဒါကြောင့်ကျွန်တော်တို့ကျည်ဖိုးလိုအပ်တယ်လို့ မိဖပြည်သူတွေကို အသိပေးပါရစေ” ဟု ၎င်းကဆက် ပြောသည်။

(PDF - တမူးတပ်ရင်း(၄) TSGတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ - TSG)

တမူးတွင် နှစ်ရက်ဆက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဆယ်ဦးသေဆုံးခဲ့ပြီး တိုက်ပွဲအရှိန်မြင့်လာနေ၍ သေနတ်ကျည်ဖိုးလိုအပ်နေ​ကြောင်း တမူးပြည်သူ့ကာကွယ်ရေးအဖွဲ့က​ ပြောသည်။

တမူးမြို့မှ ကလေးမြို့သို့အထွက်(၃)မိုင်အကျော်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(GTHS) ကျောင်းအတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၁၆ ရက်တွင်​ ဝင်​ရောက်တိုက်ခိုက်ရာမှ နှစ်ရက်ဆက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၆ ရက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေးဦးသေဆုံးခဲ့ပြီး အထိနာခဲ့သဖြင့် စစ်ကောင်စီက ဖေဖော်ဝါရီ ၁၇ ရက်တွင် လက်နက်ကြီးများအသုံးပြု၍ တိုက်ခိုက်ခဲ့​ကြောင်း တမူးပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သော People’s Defense Force – တမူးတပ်ရင်း(၄) (TSG)က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၇ ရက်တွင် လက်နက်ကြီး အကြိမ် ၅၀ ထက်မနည်းအသုံးပြုတိုက်ခိုက်ခဲ့ရာ နေ့လယ် ၁၂ နာရီခန့်မှ ညနေအထိကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးထပ်မံသေဆုံးကာ ပြည်သူ့ကာကွယ်ရေး(တမူး)တပ်ဖွဲ့ဝင်အချို့ထိခိုက် ဒဏ်ရာရရှိခဲ့​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲတွေကဆက်ဖြစ်လာဖို့ရှိတယ်လို့ ကျွန်တော်တို့ တွက်ဆထားတယ်။ ဒါကြောင့်ကျွန်တော်တို့ကျည်ဖိုးလိုအပ်တယ်လို့ မိဖပြည်သူတွေကို အသိပေးပါရစေ” ဟု ၎င်းကဆက် ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံ‌ရေးသတိပြုဖို့နဲ့ လိုက်နာရမယ့်အချက်လေးချက်ကို တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။