Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်ရှိ ချောင်းဦးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့

“ဒီမနက် ၉ နာရီကတည်းက ချောင်းဦးရွာထဲ သေနတ်ဖောက်ဝင်လာတာ။ပြီးတော့ ချောင်းဦးရွာထဲ မီးခိုးတွေ ထွက်လာတာပဲ”ဟု ချောင်းဦးရွာချင်းစပ်နေသည့် မင်းတိုင်ပင်ရွာသားတစ်ဦးက ​ပြောသည်။

(ယနေ့ နံနက်က မီးရှို့ခံရသည့် ချောင်းဦးရွာအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ချောင်းဦးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ကရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ပြောသည်။

ထို့အပြင် ပုလဲဒေသခံတပ်ဖွဲ့များအတွက် ထောက်ပံ့မှုများဆောင်ရွက်နေသည်ဟု စွပ်စွဲခံထားရသော ကျေးရွာ ၁၀ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ရန် ပစ်မှတ်ထားနေသည်ဟုလည်း ၎င်းတို့က ဆိုသည်။

“ဒီမနက် ၉ နာရီကတည်းက ချောင်းဦးရွာထဲ သေနတ်ဖောက်ဝင်လာတာ။ပြီးတော့ ချောင်းဦးရွာထဲ မီးခိုးတွေ ထွက်လာတာပဲ”ဟု ချောင်းဦးရွာချင်းစပ်နေသည့် မင်းတိုင်ပင်ရွာသားတစ်ဦးက ​ပြောသည်။

Public Service Announcement

လက်ရှိ မြေပြင်ဓာတ်ပုံမှတ်တမ်းများအရ ရွာလုံးကျွတ်နီးပါး မီးလောင်နေပြီ ချောင်းဦးရွာနေပြည်သူများမှာ ယနေ့ နံနက် အစောပိုင်းအချိန်ကတည်းက ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်က ၎င်းတို့အား အထိနာအောင်တိုက်ခိုက်နိုင်သည့် ပုလဲမြို့နယ်ကို အငြိုးထား၍ ယခုလဆန်းပိုင်းကစ၍ ရွာလုံးကျွတ်မီးရှို့ မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုအနက် မင်းတိုင်ပင်၊ အင်မထီး၊ မွေ့တုံ၊ ပန်းရွာ၊ ကိုင်းတွင်း နှင့် လှော်ကားကြီး ရွာတို့မှ အိမ်ခြေ ၁,၀၀၀ကျော်ကို အကြမ်းဖက်စစ်တပ်က မီးရှို့ခဲ့ကာ ဒေသခံ ထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက လူ ၅ ဦး သေဆုံးစေခဲ့တဲ့ ဂိမ်းဆိုင် မီးရှို့မှု တရားခံကို ဂျပန်က သေဒဏ်စီရင် ကွပ်မျက်ခဲ့ပါတယ်။