Connect with us

Hi, what are you looking for?

News

တနင်္သာရီမြို့နယ် ပဝကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၊ ရွာလုံးကျွတ် ထွက်ပြေးနေရဟုဆို

စစ်ကောင်စီတပ်များက ယနေ့နေ့လယ်ပိုင်းကတည်းက ပဝကျေးရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်

(​နေအိမ်များစွန့်ခွာထွက်​ပြေး​နေရ​သော ပဝ​ကျေးရွာ​ဒေသခံများကို ​တွေ့ရစဥ်)

တနသ်ာရီမြို့နယ် ပဝကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာပြေးနေကြရကြောင်း တနသ်ာရီလွတ်မြောက်ရေးကွန်ရက်က ယနေ့(ဖေဖော်ဝါရီ ၁၈) ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များက ယနေ့နေ့လယ်ပိုင်းကတည်းက ပဝကျေးရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်ခံနေရသည့် ပဝကျေးရွာတွင် အိမ်ခြေ ၇၀၀ ကျော်ဖြင့် လူဦးရေ ၅,၀၀၀ ကျော်နေထိုင်ပြီး ယင်းကျေးရွာအနီးတွင် ယမန်နေ့ကလည်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ပဝကျေးရွာအနီးဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိသွားကြောင်း တနသ်ာရီ PDF က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။