Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်ကြောင့် ချင်းလူထုတရပ်လုံး အတိဒုက္ခရောက်​နေချိန်တွင် ချင်းအမျိုးသားရေးစိတ်ဓာတ်ကို အမြင့်ဆုံးမြှင့်တင်ရန် CNF တိုက်တွန်း

ချင်းပြည်နယ်သူလူထု၏ အဓိကလုပ်ငန်းကြီးသုံးရပ်မှာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ချင်းပြည်တည်ဆောက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ ဖြစ်ကြောင်း CNF ကပြောသည်။

(စစ်​ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ကြောင့် ထန်တလန်မြို့ရှိ လူ​နေအိမ်များ မီး​လောင်ပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ- CDF ထန်တလန်)

ချင်းအမျိုးသားရေးစိတ်ဓာတ်ကို အမြင့်ဆုံးမြှင့်တင်ကာ ချင်းပြည်တည်ဆောက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအောင်မြင်သည်အထိကြိုးပမ်းဖော်ဆောင်ရန် ချင်းအမျိုးသား တပ်ဦး(CNF)က တိုက်တွန်းထုတ်ပြန်သည်။

ယနေ့ကျရောက်သော (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ထုတ်ပြန်ချက်၌ ယခုအချိန်သည် အကြမ်းဖက်စစ်တပ်ကြောင့် ချင်းလဲန်းပြည်သူလူထုတရပ်လုံး အတိဒုက္ခရောက်​နေသည့်အချိန်ဖြစ် သောကြောင့် ချင်းအမျိုးသားရေးစိတ်ဓာတ်ကို အမြင့်ဆုံးသို့ မြှင့်တင်ရမည်ဟု CNF က ဖော်ပြသည်။

ချင်းပြည်နယ်သူလူထု၏ အဓိကလုပ်ငန်းကြီးသုံးရပ်မှာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ချင်းပြည်တည်ဆောက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ ဖြစ်ကြောင်း CNF ကပြောသည်။

စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင် စနစ်ကိုမဆိုဆန့်ကျင်ပြီး ပြည်ထောင်စုတည်ထောင်ခဲ့သူများ၏ မျှော်မှန်းချက်အောင်မြင်ပြီးမြောက်သည်အထိ တိုက်ပွဲဝင်ကြရမည်ဟု CNF က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

“ချင်းပြည်သူ့တော်လှန်ရေးအင်အားစုများကို စုစည်း၍ အာဏာရှင်စနစ်ကို ပြည်သူ့အင်အားဖြင့် ချုပ်ငြိမ်းစေရမည်ဖြစ်သည်”ဟု CNF က ဆိုသည်။

ထို့အပြင် ချင်းလဲန်း၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍအရပ်ရပ်ကို ချင်းလဲန်းပြည်သူများကိုယ်တိုင် ကိုယ်ထူကိုယ်ထတည်ဆောက်ကြရမည်ဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော်(CNF/CNA)၊ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၊ ချင်းလဲန်းပူးတွဲကာကွယ်ရေးကော်မတီ(CJDC)တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြမည်ဟု တိုက်တွန်းထားသည်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင်လည်း ပြည်သူများသည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဗဟိုကွပ်ကဲ ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(C3C)တို့နှင့် ပူးပေါင်းဆောင်ရွက်ကြမည်ဟု ဆက်လက် တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

မေးမြန်းခန်း

CNF/CNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ခွန်းလီရွာအနီးရှိ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းကုန်းတစ်ခုကို သိမ်းရခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က သတင်းထုတ်ပြန်ပါတယ်။