စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်သို့ ဦးတည်လာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားတစ်စီးမီးလောင်းကာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးနိုင်ကြောင်း Triple Two ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။
ယနေ့ (ဖေဖော်ဝါရီ ၂၀) နေ့လည် ၁နာရီခွဲခန့်က ကား ခြောက်စီးပါ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ကားတစ်စီးလမ်းဘေးထိုးကျ မီးလောင်သွားပြီး ကျန်ရှိသည့် ယာဥ်ငါးစီးအနက် လေးစီးသည်လည်း အထိ အခိုက်ရှိသည်ဟု ဆိုသည်။
အဆိုပါ Mission အတွက် ၁၀ရက်ကြာစောင့်ဆိုင်းခဲ့ရပြီး Monywa Truth Of Force ၊ Yinmarbin Local PDF ၊ Alpha Spicial Force နှင့် Chindwin Galone Yazar မဟာမိတ်အဖွဲ့များမှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုလည်း Triple Two ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

“မုန့်ဟင်းခါးပွဲအရေအတွက် အတိကျမသိရသေးပေမယ့်များနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်”ဟု Triple Two ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

Public Service Announcement
အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားကောင်းရာ စစ်ကိုင်းတိုင်းကို သာလွန်အင်အားများဖြင့် နေ့စဥ်စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို မီးရှို့ခြင်းနှင့် အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်နေသည်။


















































