Connect with us

Hi, what are you looking for?

News

ICJ၌ မြန်မာ-ဂမ်ဘီယာအမှု ကြားနာမှုများ အန္တရာယ်ရှိကြောင်း SAC-M ထုတ်ပြန်

“အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့အစိုးရမဟုတ်ပါဘူး။ စစ်ကောင်စီဟာ မြန်မာနိုင်ငံကို ကိုယ်စားမပြုပါဘူး။ အခုလိုကိုယ်စားပြုခွင့်ပေးခဲ့တာဟာ ICJ အတွက် အန္တရာယ် ရှိပါတယ်”ဟု SAC-M အဖွဲ့ဝင် Chris Sidoti က ပြောသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ မြန်မာ-ဂမ်ဘီယာအမှုနှင့်ပတ်သက်၍ ကြားနာမှုများသည် မြန်မာနိုင်ငံအခြေအနေကို ပိုမိုဆိုးရွားစေနိုင်သော အန္တရာယ်ရှိပြီး တရားမျှတမှုအတွက် မလိုအပ်သောကြန့်ကြာမှုများဖြစ်ကြောင်း အထူးအကြံပေးကောင်စီ(SAC-M)က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီကို ICJ သို့ တက်ရောက်ခွင့်ပေးခဲ့ခြင်းသည် စိတ်ပျက်ဖွယ်၊ တာဝန်မဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး တရားမျှတမှုအတွက် မလိုအပ်ဘဲ ကြန့်ကြာစေမည်ဖြစ်ကြောင်း ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသော SAC-M ၏ ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်)ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့အစိုးရမဟုတ်ပါဘူး။ စစ်ကောင်စီဟာ မြန်မာနိုင်ငံကို ကိုယ်စားမပြုပါဘူး။ အခုလိုကိုယ်စားပြုခွင့်ပေးခဲ့တာဟာ ICJ အတွက် အန္တရာယ် ရှိပါတယ်”ဟု SAC-M အဖွဲ့ဝင် Chris Sidoti က ပြောသည်။

စစ်ကောင်စီခေါင်းဆောင်များသည် ယခုအမှု၏ အဓိကအချက်ဖြစ်သည့် ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်သော ရက်စက်ယုတ်မာမှုများကို ကျူးလွန်ခဲ့ကြပြီး လက်ရှိနိုင်ငံအတွင်းဖြစ်ပေါ်ခံစားနေရသော အကြမ်းဖက်မှုများ၏ အကြောင်းရင်းခံများဖြစ်သည်ဟု SAC-Mက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကသာ မြန်မာနိုင်ငံကို ကိုယ်စားပြုရန် အခွင့်အာဏာရှိပြီး NUG သည် ကနဦးကန့်ကွက်ချက်များကို ပြန်လည်ရုတ်သိမ်းကြောင်း ရုံးတော်သို့လျှောက်ထားပြီးဖြစ်ကြောင်း SAC-M အဖွဲ့ Yanghee Leeက ပြောသည်။

ICJ အနေဖြင့် ယမန်နှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက အာဏာသိမ်းစစ်ကောင်စီကို ငြင်းပယ်ကာ ကိုယ်စားပြုမှုမပေးခဲ့ခြင်းကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း SAC-Mက ထောက်ပြသည်။

ကုလသမဂ္ဂညီလာခံသည် ရွေးကောက်ခံအရပ်သားအစိုးရခန့်အပ်ခဲ့သော မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုခန့်အပ်ခဲ့သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို NUGက ICJ မြန်မာကိုယ်စားလှယ်အဖြစ်တာဝန်ပေးကြောင်း ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

ရသစာတမ်းငယ်

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်

သတင်း

နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့ Den Haag Central နဲ့ Utrecht Central station တို့မှာ (၃၈) နှစ်မြောက် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၉)...

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။