Connect with us

Hi, what are you looking for?

LuduNwayOo

News

ICJ၌ မြန်မာ-ဂမ်ဘီယာအမှု ကြားနာမှုများ အန္တရာယ်ရှိကြောင်း SAC-M ထုတ်ပြန်

“အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့အစိုးရမဟုတ်ပါဘူး။ စစ်ကောင်စီဟာ မြန်မာနိုင်ငံကို ကိုယ်စားမပြုပါဘူး။ အခုလိုကိုယ်စားပြုခွင့်ပေးခဲ့တာဟာ ICJ အတွက် အန္တရာယ် ရှိပါတယ်”ဟု SAC-M အဖွဲ့ဝင် Chris Sidoti က ပြောသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ မြန်မာ-ဂမ်ဘီယာအမှုနှင့်ပတ်သက်၍ ကြားနာမှုများသည် မြန်မာနိုင်ငံအခြေအနေကို ပိုမိုဆိုးရွားစေနိုင်သော အန္တရာယ်ရှိပြီး တရားမျှတမှုအတွက် မလိုအပ်သောကြန့်ကြာမှုများဖြစ်ကြောင်း အထူးအကြံပေးကောင်စီ(SAC-M)က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီကို ICJ သို့ တက်ရောက်ခွင့်ပေးခဲ့ခြင်းသည် စိတ်ပျက်ဖွယ်၊ တာဝန်မဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး တရားမျှတမှုအတွက် မလိုအပ်ဘဲ ကြန့်ကြာစေမည်ဖြစ်ကြောင်း ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသော SAC-M ၏ ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်)ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့အစိုးရမဟုတ်ပါဘူး။ စစ်ကောင်စီဟာ မြန်မာနိုင်ငံကို ကိုယ်စားမပြုပါဘူး။ အခုလိုကိုယ်စားပြုခွင့်ပေးခဲ့တာဟာ ICJ အတွက် အန္တရာယ် ရှိပါတယ်”ဟု SAC-M အဖွဲ့ဝင် Chris Sidoti က ပြောသည်။

စစ်ကောင်စီခေါင်းဆောင်များသည် ယခုအမှု၏ အဓိကအချက်ဖြစ်သည့် ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်သော ရက်စက်ယုတ်မာမှုများကို ကျူးလွန်ခဲ့ကြပြီး လက်ရှိနိုင်ငံအတွင်းဖြစ်ပေါ်ခံစားနေရသော အကြမ်းဖက်မှုများ၏ အကြောင်းရင်းခံများဖြစ်သည်ဟု SAC-Mက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကသာ မြန်မာနိုင်ငံကို ကိုယ်စားပြုရန် အခွင့်အာဏာရှိပြီး NUG သည် ကနဦးကန့်ကွက်ချက်များကို ပြန်လည်ရုတ်သိမ်းကြောင်း ရုံးတော်သို့လျှောက်ထားပြီးဖြစ်ကြောင်း SAC-M အဖွဲ့ Yanghee Leeက ပြောသည်။

ICJ အနေဖြင့် ယမန်နှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက အာဏာသိမ်းစစ်ကောင်စီကို ငြင်းပယ်ကာ ကိုယ်စားပြုမှုမပေးခဲ့ခြင်းကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း SAC-Mက ထောက်ပြသည်။

ကုလသမဂ္ဂညီလာခံသည် ရွေးကောက်ခံအရပ်သားအစိုးရခန့်အပ်ခဲ့သော မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုခန့်အပ်ခဲ့သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို NUGက ICJ မြန်မာကိုယ်စားလှယ်အဖြစ်တာဝန်ပေးကြောင်း ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ICJဟာ နိုင်ငံတကာရေးရာ အငြင်းပွားမှုတွေမှာ ကြားဝင်ပြီး အဆုံးအဖြတ် ပေးနိုင်ပေမယ့်လည်း အဲဒီ စီရင်ချက်ကို အကောင်အထည် ဖော်ဖို့အတွက်တော့ အာဏာမရှိပါဘူး။

သတင်း

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။

သတင်း

▪︎ နယ်စပ်ဖြတ်​ကျော်အကူအညီ​ပေးတာမှာထိုင်းက KNU နဲ့ နယ်စပ်​ဒေသမှာအကူအညီ​ပေး​နေတဲ့အဖွဲ့​တွေကိုမတိုင်ပင်ပဲ စစ်​ကောင်စီသြဇာခံ ကြက်​ခြေနီအသင်းနဲ့​ပူး​ပေါင်းလုပ်မယ့်အစီအစဥ်ဟာလုပ်နည်းလုပ်ဟန်မှား​နေတယ်လို့ KNU​ပြော