Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီဝန်ကြီးများအပါအဝင် လူပုဂ္ဂိုလ် ၂၂ဦးနှင့် MOGEအပါအဝင်လုပ်ငန်း​လေးခုကို အီးယူဒဏ်ခတ်အ​ရေးယူ

အကြမ်းဖက်စစ်ကောင်စီဝန်ကြီးများဖြစ်သည့် ဦးအောင်နိုင်ဦး၊ ဒေါ်သက်သက်ခိုင်၊ ချာလီသန်း၊ ဦးမောင်မောင်အုန်းနှင့် ​ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များလည်းပါဝင်သည်။

● ဦး​အောင်နိုင်ဦး ၊​ဒေါ်သက်သက်ခိုင်၊ ချာလီသန်း၊​မောင်​မောင်အုန်းနှင့် မိုဆိုရွာလူအစုလိုက်အပြုံသတ်မှုမှတာဝန်ရှိ​သော ဒုဗိုလ်ချုပ်ကြီး​အောင်​ဇော်​အေးနှင့် ဗိုလ်မှူးချုပ်နီလင်း​အောင်တို့လည်းပါဝင်

အကြမ်းဖက်စစ်ကောင်စီ၏ဝန်ကြီးများအပါအဝင်လူပုဂ္ဂိုလ် ၂၂ဦးနှင့် စီးပွားရေးလုပ်ငန်း ​လေးခုကို ဥရောပသမဂ္ဂက ပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်ကြောင်း ယနေ့(​ဖေ​ဖော်ဝါရီ ၂၁) ထုတ်ပြန်ကြေညာလိုက်သည်။

စစ်အာဏာရှင်များက အရပ်သားပြည်သူများနှင့်ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်နေကြသောအင်အားစုများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေခြင်းကို တုံ့ပြန်အရေးယူသည့်အနေဖြင့် ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုခြင်းဖြစ်သည်ဟု အီးယူ(ဥရောသမဂ္ဂ) ​ကြေညာသည်။

အ​ရေးယူ​သောစာရင်းထဲတွင် စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းဖြစ်​သော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့် အမှတ်( ၁)သတ္တုလုပ်ငန်းတို့လည်းပါဝင်သည်။ ကျန်လုပ်ငန်းနှစ်ခုမှာ ဦး​တေဇ၏ထူးကုမ္ပဏီအုပ်စုနှင့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ညီအစ်ကို တော်သူ ဦးနေအောင်၏ International Group of Entrepreneurs (IGE) Company Limited လည်း ပါဝင်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီဝန်ကြီးများဖြစ်သည့် ဦးအောင်နိုင်ဦး၊ ဒေါ်သက်သက်ခိုင်၊ ချာလီသန်း၊ ဦးမောင်မောင်အုန်းနှင့် ​ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များလည်းပါဝင်သည်။

ထိုအပြင် ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆို​​ကျေးရွာအနီးတွင် အရပ်သား ၃၅ယောက်ကို အစုအလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်ခဲ့ရာတွင် တာဝန်ရှိသည့် ဒုတိယဗိုလ်ချုပ်ကြီးအောင်ဇော်အေးနှင့် ဗိုလ်မှူးချုပ်နီလင်းအောင်တို့လည်း ပါဝင်သည်။

ဥရောပသမဂ္ဂသည် ယ​နေ့အချိန်အထိ ဒီမိုကရေစီကို ထိခိုက်စေသော၊ လူ့အခွင့်အရေးများကို ဆိုးရွားစွာချိုးဖောက်သောလုပ်ရပ်များတွင် ပါဝင်ပတ်သက်မှုအတွက် လူပုဂ္ဂိုလ် ၆၅ ဦးနှင့် အဖွဲ့အစည်း၁၀ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့အ​ရေးယူထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ ဥ​ရောပသမဂ္ဂတွင် ဥ​ရောပမှအဖွဲ့ဝင် နိုင်ငံ​ပေါင်း ၂၇ နိုင်ငံ ပါဝင်​သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။