အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Igor Driesmans ကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ အထူးသံတမန်အဖြစ်ခန့်အပ်ခြင်းအပေါ် အားပေးဂုဏ်ပြုကြောင်း ပြင်သစ်သံရုံးက ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်)ထုတ်ပြန်သည်။
ဥရောပသမဂ္ဂသည် အကြမ်းဖက်စစ်ကောင်စီကို ထပ်တိုးပိတ်ဆို့ဒဏ်ခတ်မှု ပြုလုပ်ပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်တွင် မြန်မာ့အရေးဖြေရှင်းနိုင်ရေးအတွက်အထူးသံတမန်ခန့်အပ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါအထူးသံတမန်အသစ် Igor Driesmans သည် အာဆီယံခေါင်းဆောင်များချမှတ်ထား သောဘုံဆုံးဖြတ်ချက် ၅ရပ် အကောင်အထည်ဖော်ရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။
ပြင်သစ်အနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီကြောင့်ဖြစ်ပေါ်လာသော အကျပ်အတည်းများ အဖြေရှာနိုင်မည့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးမှုတစ်ခုဖြစ်လာရန် အပြည့်အ၀ထောက်ခံကြောင်း ထုတ်ပြန် သည်။

Public Service Announcement
ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝန်းက မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ရေးအတွက် လက်ရှိအချိန်အထိ အထူးကိုယ်စားလှယ်/သံတမန် သုံးဦး၊ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ တစ် ဦး တရားဝင် စုစုပေါင်း လေးဦး ခန့်အပ်ထားပြီးဖြစ်သည်။

















































