Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့အရေးအတွက် အီးယူက အထူးသံတမန်တစ်ဦးခန့်အပ်မှုထောက်ခံကြောင်း ပြင်သစ်ထုတ်ပြန်

ဥရောပသမဂ္ဂသည် အကြမ်းဖက်စစ်ကောင်စီကို ထပ်တိုးပိတ်ဆို့ဒဏ်ခတ်မှု ပြုလုပ်ပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်တွင် မြန်မာ့အရေးဖြေရှင်းနိုင်ရေးအတွက်အထူးသံတမန်ခန့်အပ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Igor Driesmans ကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ အထူးသံတမန်အဖြစ်ခန့်အပ်ခြင်းအပေါ် အားပေးဂုဏ်ပြုကြောင်း ပြင်သစ်သံရုံးက ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်)ထုတ်ပြန်သည်။

ဥရောပသမဂ္ဂသည် အကြမ်းဖက်စစ်ကောင်စီကို ထပ်တိုးပိတ်ဆို့ဒဏ်ခတ်မှု ပြုလုပ်ပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်တွင် မြန်မာ့အရေးဖြေရှင်းနိုင်ရေးအတွက်အထူးသံတမန်ခန့်အပ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါအထူးသံတမန်အသစ် Igor Driesmans သည် အာဆီယံခေါင်းဆောင်များချမှတ်ထား သောဘုံဆုံးဖြတ်ချက် ၅ရပ် အကောင်အထည်ဖော်ရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။

ပြင်သစ်အနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီကြောင့်ဖြစ်ပေါ်လာသော အကျပ်အတည်းများ အဖြေရှာနိုင်မည့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးမှုတစ်ခုဖြစ်လာရန် အပြည့်အ၀ထောက်ခံကြောင်း ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝန်းက မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ရေးအတွက် လက်ရှိအချိန်အထိ အထူးကိုယ်စားလှယ်/သံတမန် သုံးဦး၊ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ တစ် ဦး တရားဝင် စုစုပေါင်း ​လေးဦး ခန့်အပ်ထားပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်ပိတ်ဆို့မှုများလုပ်ဆောင်ရန် သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။