Connect with us

Hi, what are you looking for?

News

တစ်ရက်တည်း စစ်​ကောင်စီတပ်သား ၄၀ထက်မနည်း​သေခဲ့​သော ​ဖေ​ဖော်ဝါရီ ၁၉ ရက်တိုက်ပွဲ စစ်သားများအစုလိုက်အပြုံလိုက်​ သေ​နေ​သော ဓာတ်ပုံများကို D4MMR ထုတ်ပြန်

ယ​နေ့အထိလည်းကရင်နီပြည်နယ်တွင်တိုက်ပွဲများပြင်းထန်​နေပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်​နေပြီး စစ်​ကောင်စီတပ်​တိုက်​လေယာဥ်များသုံး​သော်လည်း အထိနာ​နေသည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်များ၏ရုပ်အ​လောင်းများ။ဓါတ်ပုံ-D4MMR)

တစ်ရက်တည်းစစ်​ကောင်စီတပ်ဖွဲ့ဝင် ၄၀ ထက်မနည်းသေဆုံးပြီးအထိ့နာခဲ့​သော ​ဖေ​ဖော်ဝါရီ ၁၉ ရက်မိုးဗြဲတိုက်ပွဲတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​တောင်ယာခင်းအတွင်း အစုလိုက်အပြုံလိုက်​သေဆုံး​နေ​သော ဓါတ်ပုံများကို ယ​နေ့ D4MMR ကထုတ်ပြန်လိုက်သည်။

D4MMR ဆိုသည်မှာ Donate For Myanmar Revolutionaries ဆို​​​ ​သော​ဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်သည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်များ၏ရုပ်အ​လောင်းများ။ဓါတ်ပုံ-D4MMR)

ရှမ်း-ကရင်နီနယ်စပ်ရှိ ဝါရီဆူးပလိုင်၊ လီဝိုး၊ ဝီသဲကူး(မြောက်ရွာ)ကျေးရွာများတွင် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိ၊အရာခံအပါအဝင် ၄၀ဦးထက်မနည်းသေဆုံးခဲ့ပြီး ကား ၃ စီးပျက်စီးခဲ့​ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ကထို့​နေကတိုက်ပွဲကိုသတင်းထုတ်ပြန်ထားသည်။ ထို​နေ့ကပြည်သူ့ကာကွယ်​​ရေးတပ်ဖွဲ့ များဘက်မှလည်း အကျအဆုံးရှိခဲ့ပြီး ဒီးမော့ဆို PDF တပ်ဖွဲ့မှ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့​ကြောင်း​ဖော်ပြခဲ့သည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်များ၏ရုပ်အ​လောင်းများ။ဓါတ်ပုံ-D4MMR)

အကြမ်းဖက်စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်မိုးဗြဲ ကို​ဖေ​ဖော်ဝါရီ ၁၆ရက်မှစ၍ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ၊ဖယ်ခုံ မြို့နယ်များကို ​ဖေ​ဖော်ဝါရီ ၁၈ မှစ၍ တိုက်ခိုက်ခဲ့သလို ဒီ​မော့ဆိုမြို့နယ်သို့ ​ဖေ​ဖော်ဝါရီ ၂၁ မှစတင်တိုက်ခိုက်ခဲ့သည်။ အကြမ်းဖက်စစ်​ကောင်စီတပ်ကတပ်ဖွဲ့ဝင်အင်အားအများအသုံးပြုသလို တိုက်​လေယာဥ်များ ၊ သံချက်ကာကားများ၊လက်နက်ကြီးများဖြင့်ပါထိုးစစ်ဆင်ခဲ့သည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်ဖွဲ့ဝင်များ၏ရုပ်အ​လောင်းများ။ဓါတ်ပုံ-D4MMR)

မိုးဗြဲPDF ၊ကရင်နီတပ်မ​တော်(KA)၊ဒီးမော့ဆို(PDF)၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KNDF၊ KGZ ၊JPDF ၊GZ-21စ​သော မဟာမိတ်တပ်ပေါင်းစုများက ပူးပေါင်းပြီးခုခံတိုက်ခိုက်ခဲ့သဖြင့် စစ်​ကောင်စီတပ်အထိ့နာခဲ့သည်။ မိုးဗြဲ ၊ဒီးမော့ဆို ၊ ဖယ်ခုံ၊လွိုင်​ကော် တိုက်ပွဲများပါ ပါလျှင် ​ဖေ​ဖော်ဝါရီ ၁၆ ရက်မှ ၂၃ ရက်အထိ့ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်​သေဆုံးခဲ့​ကြောင်း PDF ၊ KNDF များ၏ထုတ်ပြန်ချက်အရသိ့ရသည်။ပြည့်သူ့ကူကွယ်​ရေးတပ်ဖွဲ့ဝင်များ ဘက်မှလည်း ၂၀ ​​ကျော်ကျဆုံးခဲ့​ကြောင်းထုတ်ပြန်ချက်များအရ သိရသည်။

ယ​နေ့အထိလည်းကရင်နီပြည်နယ်တွင်တိုက်ပွဲများပြင်းထန်​နေပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်​နေပြီး စစ်​ကောင်စီတပ်​တိုက်​လေယာဥ်များသုံး​သော်လည်း အထိနာ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။