Connect with us

Hi, what are you looking for?

News

ဒီပဲယင်းနယ် ဂွေးပင်ကုန်းရွာခံသုံးဦးကို စစ်ကောင်းတပ်ဖမ်းဆီး၊ တစ်ဦးကိုရိုက်သတ်ပြီး လမ်းဘေးစွန့်ပစ်ခဲ့

“သုံးဦးဖမ်းခေါ်သွားတာမှာ တစ်ဦးကို စိုင်ပြင်မီးသတ်နား လမ်းဘေးတင် ရိုက်သတ်ပြီး ပစ် ထားခဲ့တယ်။ သေနတ်ကျည်ရာတော့ မတွေ့ရဘူး”ဟု Free Rangers -Depeyin မှ ရဲဘော်တစ်ဦးက ပြောသည်။

People's Spring
People's Spring

ဒီပဲယင်းမြို့နယ် ဂွေးပင်ကုန်းကျေးရွာရှိ ပြည်သူသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး တစ်ဦးကို ရိုက်သတ်ကာ လမ်းဘေးတွင် စွန့်ပစ်သွားကြောင်း Free Rangers-Depeyin အဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၂၄) ထုတ်ပြန်သည်။

ယနေ့နံနက် ၃ နာရီခွဲ့ခန့်တွင် ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီးနှင့် တစ်မိုင်ခန့်အကွာရှိ ဂွေးပင်ကုန်းရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်သောင်းကျန်းခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ဝင်ရောက်စဥ် ဒေသခံပြည်သူ ၂၀ ဦးခန့်ကို ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ပြီးနောက် ကျန်ကြည်သူများအား ပြန်လွှတ်ကာ သုံးဦးကို စိုင်ပြင်သို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“သုံးဦးဖမ်းခေါ်သွားတာမှာ တစ်ဦးကို စိုင်ပြင်မီးသတ်နား လမ်းဘေးတင် ရိုက်သတ်ပြီး ပစ် ထားခဲ့တယ်။ သေနတ်ကျည်ရာတော့ မတွေ့ရဘူး”ဟု Free Rangers -Depeyin မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပြည်သူသုံးဦးကိုဖမ်းဆီးပြီး တစ်ဦးကိုသတ်ဖြတ်ခဲ့သည့်အပြင် ဂွေးပင်ကုန်းရွာမှ ပြည်သူပိုင်ဆိုင်ကယ်သုံးစီးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။