Connect with us

Hi, what are you looking for?

News

ဆယ်​ကျော်သက်အရွယ်သမီးငယ်နှစ်ဦးနှင့် မိခင်ဖြစ်သူကိုအကြမ်းဖက်စစ်​ကောင်စီတပ်က ဖမ်းဆီး​သွားပြီးတစ်ရက်အကြာတွင် မီးကျွမ်း​​နေ​သော ရုပ်အ​လောင်းများသာပြန်​တွေ့

“ကျွန်မတို့ကဖမ်းသွားကတည်းကသိတယ်။ အခုလို လုပ်မယ်လို့ တွေးမထားမိဘူး။ အခုတော့ မီးရှို့သတ်သွားတာ အတည်ပြုလို့ရပြီ။ အလောင်းတွေ ရွာကို ပြန်သယ်ခဲ့ပြီ”ဟု ဒေသခံတစ်ဦးကလည်းပြောသည်။ အဆိုပါဖြစ်ရပ်​ကြောင့် ​ဒေသခံများ မယုံနိုင်ဘဲ အံသြထိတ်လန့်တုန့်လှုပ် ​နေကြ​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

ကလေးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်ကောင်စီက တောင်ယာတဲတွင်စစ်ရှောင်နေသည့် ဆယ်​ကျော်သက်အရွယ် မိန်းကလေးငယ်နှစ်ဦးနှင့်မိခင်ဖြစ်သူ သုံးဦးစလုံးကို ဖမ်းဆီး​ခေါ်​ဆောင်သွားပြီး တစ်ရက်အကြာတွင်မီးရှို့သတ်ဖြတ်ထားပြီး မီးကျွမ်း​​နေ​သောခန္ဒာကိုယ်အစိတ်ပိုင်းများကိုသာ​တွေ့ရ​တော့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကပြောသည်။

ကလေးမြို့နယ် ၊ချောင်းခွကျေးရွာမှ မိခင်ဖြစ်သူဒေါ်ငွန်ဇာလျန် (အသက် ၄၀နှစ်ဝန်းကျင်)နှင့် သမီးဖြစ်သူ မချန်းနွန်ကြွန်း ( ၁၆နှစ်)သမီးငယ် မငွန်ဇာချန်း ( ၁၄နှစ်)တို့ကို ဖေဖော်ဝါရီ ၂၃ရက် နံနက်အ​စောပိုင်းတွင် ဖမ်းဆီးသွားပြီး မီးရှို့ထားသည့် ရုပ်အလောင်းများကိုသာ ယနေ့(ဖေဖော်ဝါရီ ၂၄ရက်)နံနက်တွင်မှပြန်ရှာတွေ့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“စစ်ဘေးရှောင်ပုန်းခိုနေရစဉ်တွင်စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)များကတွေ့ရှိသွားပြီးအပြစ်မရှိတဲ့ သားအမိသုံးယောက်၊မိန်းမသားချည်းသီးသန့်ဖမ်းဆီးခေါ်ဆောင်သွားကာပဲခင်းတောတစ်နေရာက တဲတစ်ခုမှာမီးရှို့ ထားခဲ့ကြတယ်။စခမုဒိန်းကောင်တွေရဲ့ လုပ်ရပ်ကို ကမ္ဘာကသိအောင် ချပေးကြပါဗျာ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက လူမှုကွန်ရက်တွင် ​ရေးသားထားသည်။

“ကျွန်မတို့ကဖမ်းသွားကတည်းကသိတယ်။ အခုလို လုပ်မယ်လို့ တွေးမထားမိဘူး။ အခုတော့ မီးရှို့သတ်သွားတာ အတည်ပြုလို့ရပြီ။ အလောင်းတွေ ရွာကို ပြန်သယ်ခဲ့ပြီ”ဟု ဒေသခံတစ်ဦးကလည်းပြောသည်။ အဆိုပါဖြစ်ရပ်​ကြောင့် ​ဒေသခံများ မယုံနိုင်ဘဲ အံသြထိတ်လန့်တုန့်လှုပ် ​နေကြ​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

မီးရှို့သတ်ဖြတ်ခံရသူသုံးဦး၏ ဖခင်သည် ရွာတွင် ကျန်နေခဲ့၍ အဖမ်းမခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

ဖေဖော်ဝါရီ၂၂ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီက ကလေးမြို့ ငါးဖားရွာမှဆွံ့အနေသူတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်သွားပြီး စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာများအား ယူဆောင်သွားခဲ့သည်ဟုဒေသခံများက ပြောသည်။

ထို့ကြောင့် ကလေးမြို့နယ်တွင် သုံးရက်အတွင်း အရပ်သား ငါးဦးကို စစ်ကောင်စီက သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။