Connect with us

Hi, what are you looking for?

News

ရုရှား၏ စစ်ပြုခြင်းနှင့် အရပ်သားပြည်သူများအပေါ် ရက်စက်စွာကျူးကျော်တိုက်ခိုက်မှုကို အနောက်အင်အားကြီးနိုင်ငံအချို့ ပြစ်တင်ရှုတ်ချ

ပြင်သစ်သံရုံးကလည်း ရုရှားက ယူကရိန်းကို စစ်ရေးအရ ကျူးကျော်မှုကို အပြင်းထန်ဆုံးရှုတ်ချ လိုက်ပြီး စစ်ရေးကို ရွေးချယ်မှုသည် နိုင်ငံတကာဥပဒေကို ရက်စက်ကြမ်းကြုတ်စွာ ချိုးဖောက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

အရပ်သားပြည်သူများအပေါ် မည်သည့်နည်းနှင့်ဖြစ်စေ ရက်စက်စွာကျူးကျော်တိုက်ခိုက်ခြင်းသည် လူ့အခွင့် အရေးကို မထင်မဲ့မြင်ပြုခြင်းဖြစ်ပြီး လက်ခံနိုင်ဖွယ်မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ထုတ်ပြန်သည်။

အခြားနိုင်ငံကို စစ်ပြုခြင်းနှင့် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်ဖြစ်စေ အထက်ပါကဲ့သို့ပြုမှုလုပ် ဆောင်ခြင်းများကို လက်မခံကြောင်း ဂျာမနီသံရုံးအကြီးအကဲ York Schuegraf က ပြောသည်။

“ဒါတွေဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ပြီး လူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နာမည်တပ်ပြောဖို့ လိုအပ်ပါတယ်။ တာဝန်ခံမှုနဲ့ တရားမျှတမှုရှိတဲ့ စည်းမျဉ်းအခြေပြုကမ္ဘာစနစ်အတွက် ကျွန်တော်တို့ရဲ့ ဥရောပက မိတ်ဖက်တွေ၊ မဟာမိတ်တွေနဲ့အတူ ဂျာမနီက ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ပြင်သစ်သံရုံးကလည်း ရုရှားက ယူကရိန်းကို စစ်ရေးအရ ကျူးကျော်မှုကို အပြင်းထန်ဆုံးရှုတ်ချ လိုက်ပြီး စစ်ရေးကို ရွေးချယ်မှုသည် နိုင်ငံတကာဥပဒေကို ရက်စက်ကြမ်းကြုတ်စွာ ချိုးဖောက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံကို ရန်ပြုနိုင်ရန် ဘီလာရုစ်ပိုင် နယ်မြေကို အသုံးပြုခွင့်ပြုသော ဘီလာရုစ်သမ္မတ Loukachenko ကိုလည်း ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

“ဥရောပတိုက်သားများသည် ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်များနှင့် အကြိမ်ကြိမ်ကြေညာ ပြောထားသကဲ့သို့ ဤစစ်ပွဲများသည် ကြီးမားသောအကျိုးဆက်များနှင့် ကြီးမားသောကုန်ကျစရိတ်များကို ချက်ချင်းဖြစ်ပေါ်လာစေမည်ဖြစ်သည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပြင်သစ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော ယူကရိန်းအာဏာပိုင်များနှင့် ယူကရိန်းပြည်သူများနှင့်အတူ စည်းလုံးညီညွတ်စွာ အပြည့်အဝရပ်တည်ကြောင်းနှင့် ယူကရိန်းကို နည်းမျိုးစုံဖြင့် ထောက်ခံအားပေးသွားမည်ဟု ထုတ်ပြန်သည်။

ထို့အပြင် ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုကို အပြင်းထန်ဆုံးရှုတ်ချကြောင်း နှင့် G7 မိတ်ဖိတ်နိုင်ငံများနှင့်အတူ ရုရှားကို ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်သွားမည်ဟု ကနေဒါဝန်ကြီးချုပ် Justin Trudeauက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။