Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးနေတဲ့ ရုံးချိန်းအပြောင်းအလဲ ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း အမှု ၁၂ မှုနဲ့ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပြီး အဲဒီအမှုတွေဟာ အဂတိမှု ၊ အစိုးရလျှိုဝှက်ချက်ဖောက်ဖျက်မှု ၊ ရွေးကောက်ပွဲမသမာမှု တွေဖြစ်ပါတယ်။

ဓာတ်ပုံ − ရိုက်တာ

စစ်ကောင်စီ က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေအတွက် ကြားနာနေတဲ့ ရုံးချိန်းတွေ ကို လာမယ့်ရက်သတ္တပတ်က စတင်ကာအပြောင်းအလဲ ပြုလုပ်မယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း အမှု ၁၂ မှုနဲ့ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပြီး အဲဒီအမှုတွေဟာ အဂတိမှု ၊ အစိုးရလျှိုဝှက်ချက်ဖောက်ဖျက်မှု ၊ ရွေးကောက်ပွဲမသမာမှု တွေဖြစ်ပါတယ်။

အဲဒီအမှုတွေကို ဒီရက်သတ္တပတ်အထိ အပတ်စဉ် စစ်ဆေးရာ တနင်္လာနေ့မှာ မဲမသမာမှု ၊ ကြာသပတေးနေ့မှာ အစိုးရလျှို့ဝှက်ချက်ဖောက်ဖျက်မှု နဲ့ သောကြာနေ့တွေမှာ အဂတိမှုတွေကို စစ်ဆေးနေတာပါ။

ဒီလိုစစ်ဆေးတာကို လာမယ့်ရက်သတ္တပတ်ကစတင်ကာ အပြောင်းအလဲလုပ်မယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

တနင်္လာနဲ့အင်္ဂါနေ့မှာ အဂတိမှု ကို ပြောင်းလဲစစ်ဆေးမှာဖြစ်ပြီး ကြာသပတေး၊ သောကြာနေ့တွေမှာတော့ အရင်လိုပဲ အဂတိမှုနဲ့ မဲမသမာမှုတွေကို စစ်ဆေးမှာပါ။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅ ခုနဲ့ ထောင်ဒဏ် ၆ နှစ်ချထားပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

​သြစတြေးလျနဲ့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာတွေက မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက် ရေး ဆန္ဒပြခြင်းကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။