Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်အမြစ်ပြတ်ရေး ရရာနည်းလမ်းပေါင်းစုံဖြင့် ပြင်းထန်စွာတိုက်ပွဲ ဝင်ကြရန် ဗကသများအဖွဲ့ချုပ်တိုက်တွန်း

ဖေဖော်ဝါရီ ၂၅ ရက်က ဖက်ဆစ်တပ်၏ အထက်ပါအကြမ်းဖက်ပစ်ခတ် ဖမ်းဆီးမှုတွင် ဗကသရဲဘော် ၈ ဦး ဖမ်းဆီးခံခဲ့ရပြီး အခြေခံပညာ ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌဟောင်း ကိုဖုန်းဝေယံကျော် (ခ) ကိုညီမင်းသူမှာ ရင်ညွန့်တွင် ကျည်ဆန်ထိမှန်ကာ နေရာ၌ပင် ကျဆုံးခဲ့ရသည်။

(၂ ‌ခြောက်လုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်၍ ကျေးရွာပြည်သူလူထုများပါဝင်သော ကျောင်းသားထု/လူထု သပိတ်စစ်ကြောင်းချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - AFSU)

စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးကို ရရာနည်းလမ်းပေါင်းစုံဖြင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ကြရန် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၌ ဗကသရဲဘော်များ အကြမ်းဖက်ပစ်ခတ် ဖမ်းဆီးခံမှုဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် ဖော်ပြခြင်းဖြစ်ပြီး ဖက်စစ်တပ်၏ ဝါဒဖြန့်မီဒီယာ များတွင် ဖော်ပြနေသကဲ့သို့ အပြန်အလှန်ပစ်ခတ်ခြင်းမဟုတ်ဘဲ ဖက်ဆစ်တပ်က တဖက်သတ် အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၅ ရက်က ဖက်ဆစ်တပ်၏ အထက်ပါအကြမ်းဖက်ပစ်ခတ် ဖမ်းဆီးမှုတွင် ဗကသရဲဘော် ၈ ဦး ဖမ်းဆီးခံခဲ့ရပြီး အခြေခံပညာ ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌဟောင်း ကိုဖုန်းဝေယံကျော် (ခ) ကိုညီမင်းသူမှာ ရင်ညွန့်တွင် ကျည်ဆန်ထိမှန်ကာ နေရာ၌ပင် ကျဆုံးခဲ့ရသည်။

ထို့အပြင် အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခံရသော ဗကသရဲဘော်အားလုံးသည် အသက် ၁၈ နှစ်ပင် မပြည့်သေးသော အခြေခံပညာအလယ်တန်း၊အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများဖြစ်ပြီး ကျဆုံးသွားသည့်ရဲဘော် ကိုဖုန်းဝေယံကျော်၏ ရုပ်အလောင်းကို ဖက်ဆစ်တပ်မှ ထုတ်ယူခွင့်မပေးဘဲ အလောင်းကို ဖျောက်ဖျက်ပစ်လိုက်သည်ဟု ဗကသများ အဖွဲ့ချုပ်က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုအနေဖြင့်လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး၊ ပြည်သူ့ဒီမိုကရေစီအရေးအတွက် ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အား ထိရောက်မှန်ကန်သည့် ရရာနည်းလမ်းပေါင်းစုံဖြင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ကြရန် လေးနက်စွာတိုက်တွန်းနှိုးဆော်ကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။