Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့စွဲချက်တင်

ဦးဖြိုးမင်းသိန်းဟာ ဝန်ကြီးချုပ်တာဝန်ယူချိန် ရန်ကုန်တိုင်းထဲက ဆောင်ရွက်ချက်တွေကို ထောက်ခံပေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့အကယ်ဒမီရွှေ ၇ ပိသာ ပေးခဲ့တယ်လို့ ထွက်ဆိုထားတာပါ။

◾️ ဦးဖြိုးမင်းသိန်းတို့ ဇနီးမောင်နှံအပါအဝင် သက်သေ ၄ ဦးကို ပြန်ခေါ်သက်သေအဖြစ် ပြန်စစ်မယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံက ရွှေချောင်းနဲ့ ဒေါ်လာတွေ လက်ခံတယ်ဆိုပြီး အဂတိမှုနဲ့ တရားရုံးက ဒီနေ့မှာ စွဲချက်တင်လိုက်ပါတယ်။

စွဲချက်တင်ခံရချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မှာအပြစ်မရှိကြောင်း တရားရုံးကိုပြောခဲ့ပါတယ်။

ဒါအပြင် စွပ်စွဲခံရတဲ့အမှုအတွက် ဦးဖြိုးမင်းသိန်း ၊ ဦးဖြိုးမင်းသိန်းရဲ့ ဇနီး ဒေါ်ခင်မိမိကြွယ်အပါအဝင် ၄ ဦးကို ပြန်ခေါ်သက်သေအဖြစ် ပြန်စစ်ဆေးဖို့အတွက် တရားရုံးကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဦးဖြိုးမင်းသိန်းဟာ ဝန်ကြီးချုပ်တာဝန်ယူချိန် ရန်ကုန်တိုင်းထဲက ဆောင်ရွက်ချက်တွေကို ထောက်ခံပေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့အကယ်ဒမီရွှေ ၇ ပိသာ ပေးခဲ့တယ်လို့ ထွက်ဆိုထားတာပါ။

ဒီလို ထွက်ဆိုထားတဲ့ ရုပ်သံဖိုင်ကို စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲမှာ ဖွင့်ပြသလို နေပြည်တော်က တရားခွင်မှာ လည်း ဦးဖြိုးမင်းသိန်းက အဲဒီ ရုပ်သံဖိုင်ထဲက အတိုင်းထွက်ဆိုထားခဲ့ပါတယ်။

ဒေါ်ခင်မိမိကြွယ်ဟာလည်း သူရဲ့ခင်ပွန်း ဦးဖြိုးမင်းသိန်းရဲ့တောင်းဆိုချက်အရ ဒေါ်လာနဲ့ရွှေတွေပြင်ဆင်ပေးခဲ့ရတယ်လို့ တရားခွင်မှာ တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုထားတာရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးဖြိုးမင်းသိန်း တရားခွင်မှာ ထွက်ဆိုချိန်ကတည်းက စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ရှေ့နေတွေကို ပြောပြခဲ့တာရှိပါတယ်။

ဒါပေမယ့် ဦးဖြိုးမင်းသိန်းရဲ့ စွပ်စွဲချက် နဲ့ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မ နဲ့ တရားစွဲထားတာဖြစ်ပါတယ်။

အဲဒီနောက် ဒီနေ့မှာတော့ အဲဒီပုဒ်မနဲ့ပဲစွဲချက်တင်လိုက်တာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

သတင်း

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။