Connect with us

Hi, what are you looking for?

News

ချင်းပုန်းရွာခံများ၏ ကားနှင့် ဆိုင်ကယ်များအား အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ထားသည့် မြင်ကွင်း

ထို့အပြင် ဝင်ရောက်စီးနင်းစဉ် ပစ်ခတ်တိုက်ခိုက်မှုများကြောင့်ဒေသခံ ၉ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဒေသခံက ပြောသည်။

ဓာတ်ပုံ - CRV/FB

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ချင်းပုန်းရွာသို့ ဖေဖော်ဝါရီ ၂၆ရက်က ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်စီးနင်းခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူများ ပိုင်ဆိုင်သည့် ကားလေးစီးနှင့် ဆိုင်ကယ် ၆၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ယင်းမာပင်ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဝင်ရောက်စီးနင်းစဉ် ပစ်ခတ်တိုက်ခိုက်မှုများကြောင့်ဒေသခံ ၉ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဒေသခံက ပြောသည်။

ဓာတ်ပုံ – CRV/FB

စစ်ကောင်စီတပ်သည် အဆိုပါ ကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ် PDF သတင်းဆင်းပွဲရှိသည်ဟုဆိုကာ ရဟတ်ယာဉ်များအသုံးပြုတိုက်ခိုက်လာခြင်းဖြစ်ပြီး ထိုသို့ တိုက်ခိုက်မှုကြောင့် ရွာခံများ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရသည်။ ထိုသို့ တိမ်းရှောင်စဉ် မူကြိုကျောင်း ၌ ကျန်နေသည့် ကလေးငယ် ၈၀ကျော်နှင့် ဆရာမများကိုလည်း စစ်ကောင်စီက ဓားစာခံအဖြစ် ထိန်းသိမ်းကာ ဖေဖော်ဝါရီ ၂၈ရက်နံနက်အထိ တပ်စွဲနေထိုင်ကာ ယခုကဲ့သို့ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ယနေ့တွင်လည်း ယင်းမာပင်မြို့နယ် သပြေအေးရွာကို မီးရှို့ ဖျက်ဆီးခဲ့ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။