Connect with us

Hi, what are you looking for?

LuduNwayOo

News

ချင်းပုန်းရွာခံများ၏ ကားနှင့် ဆိုင်ကယ်များအား အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ထားသည့် မြင်ကွင်း

ထို့အပြင် ဝင်ရောက်စီးနင်းစဉ် ပစ်ခတ်တိုက်ခိုက်မှုများကြောင့်ဒေသခံ ၉ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဒေသခံက ပြောသည်။

ဓာတ်ပုံ - CRV/FB

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ချင်းပုန်းရွာသို့ ဖေဖော်ဝါရီ ၂၆ရက်က ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်စီးနင်းခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူများ ပိုင်ဆိုင်သည့် ကားလေးစီးနှင့် ဆိုင်ကယ် ၆၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ယင်းမာပင်ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဝင်ရောက်စီးနင်းစဉ် ပစ်ခတ်တိုက်ခိုက်မှုများကြောင့်ဒေသခံ ၉ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဒေသခံက ပြောသည်။

ဓာတ်ပုံ – CRV/FB

စစ်ကောင်စီတပ်သည် အဆိုပါ ကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ် PDF သတင်းဆင်းပွဲရှိသည်ဟုဆိုကာ ရဟတ်ယာဉ်များအသုံးပြုတိုက်ခိုက်လာခြင်းဖြစ်ပြီး ထိုသို့ တိုက်ခိုက်မှုကြောင့် ရွာခံများ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရသည်။ ထိုသို့ တိမ်းရှောင်စဉ် မူကြိုကျောင်း ၌ ကျန်နေသည့် ကလေးငယ် ၈၀ကျော်နှင့် ဆရာမများကိုလည်း စစ်ကောင်စီက ဓားစာခံအဖြစ် ထိန်းသိမ်းကာ ဖေဖော်ဝါရီ ၂၈ရက်နံနက်အထိ တပ်စွဲနေထိုင်ကာ ယခုကဲ့သို့ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ယနေ့တွင်လည်း ယင်းမာပင်မြို့နယ် သပြေအေးရွာကို မီးရှို့ ဖျက်ဆီးခဲ့ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

နိုင်ငံတကာ

နောက်ဆက်တွဲအဖြစ် ပါနစ်ချ်ဟာ ကောင်းမွန်စွာ နေထိုင်နေကြောင်း အာဏာပိုင်တွေဆီ ၁ နှစ်ကြာ ပုံမှန် သတင်းပို့ဖို့နဲ့ ယာဉ်မောင်းလိုင်စင် ၆ လ ဆိုင်းငံ့ခံရဖို့လည်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၁၀၀ ခန့်သာရှိသည့် နမ့်ဟူးကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရသည်ဟု PNLAက အသိပေးသည်။

သတင်း

ကျားဖြူ စစ်ကြောင်းက ဒီမနက် ထုတ်ပြလာတဲ့ ရုပ်သံဖိုင်ထဲမှာ နေအိမ်တစ်လုံးပေါ်မှာ အင်ဂျင်ဝိုင် ပုံးတွေ ၊ သစ်ရွက်ခြောက်တွေ နဲ့ တာယာကွင်းတွေ စုပုံထားတာကိုတွေ့ရပါတယ်။