အကြမ်းဖက်စစ်ကောင်စီ မုံးကိုးခရိုင်သို့ အင်အားအလုံးအရင်းဖြင့် ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ (MNDAA) တပ်စခန်းအား ထိုးစစ်ဆင်လာ၍ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန် သည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် စစ်ယာဉ် ၄၀ကျော်ဖြင့် ကွတ်ခိုင်ဒေသသို့ ဝင်ရောက်လာပြီး စစ်အင်အားကို စုစည်းလာကြောင်း၊ ယနေ့(မတ်လ ၁ရက်)နံနက်တွင် စစ်ကောင်စီ၏ စကခ(၁၂) လက်အောက်ခံ တပ်ရင်း(၂၈၇)သည် လူအင်အား ၈၀ ကျော်ခန့်ဖြင့် မုံးကိုးခရိုင် မန်ကျယ်ဒေသအနောက်ဘက်တောင်ကုန်းရှိ MNDAA တပ်စခန်းကို တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
MNDAA သည် ဥက္ကဌကြီး ဦးဖုန်ကြားရှင်၏ စျာပန အခမ်းအနားကျင်းပနေစဉ်တွင် ဦးစွာ စစ်ရေးလှုပ်ရှားမှုများ အတက်နိုင်ဆုံးရှောင်ကြဉ်ခဲ့သော်လည်း စစ်ကောင် စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုအောက်တွင် မဖြစ်မနေ ခုခံတိုက်ခိုက်ခဲ့ရကြောင်း ထုတ်ပြန်သည်။
လက်ရှိအတောအတွင်း စစ်ကောင်စီသည် မုံးကိုးခရိုင် ရှိ MNDAA၏ မန်ရန်တပ်စခန်းကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဖော်ပြ သည်။

Public Service Announcement
စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်သည် ယခုနှစ် ဒီဇင်ဘာကုန်အထိ အပစ်ရပ်စဲကြောင်း ဖေဖော်ဝါရီ ၂၈ရက်တွင် ကြေညာခဲ့သော်လည်း မတ်လ ၁ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက ်လာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီ ကြွေးကြော်သည့် အပစ်ရပ်စဲရေးသည် ဗလာသာဖြစ်ပြီး ယခင်နည်းတူ အကျိုးသက်ရောက်မှုမရှိဟု MNDAAက ထုတ်ပြန်သည်။

















































