Connect with us

Hi, what are you looking for?

News

ကုလ၌ အာရှ-ပစိဖိတ်အုပ်စု အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၁လကြာ သံအမတ်ကြီး ဦးကျော်မိုးထွန်းထမ်းဆောင်

အဖွဲ့ဝင် ၅၄ နိုင်ငံပါဝင်သော အာရှ-ပစိဖိတ်အုပ်စု၏ အလှည့်ကျဥက္ကဋ္ဌရာထူးကို ဖေဖော်ဝါရီ ၁ မှ ၂၈ အထိ ၁ လတာထမ်းဆောင်းခဲ့ရခြင်းဖြစ်ပြီး ယင်းတာဝန်ကို အဖွဲ့ဝင်နိုင်ငံများ၏အမည် အက္ခရာစဉ်အလိုက် လစဉ်အလှည့်ကျ လွှဲပြောင်း ထမ်းဆောင်ရခြင်းဖြစ်သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းသည် အာရှ-ပစိဖိတ် အုပ်စု၏ အလှည့် ကျဥက္ကဋ္ဌတာဝန် ၁လတာကို အောင်မြင်စွာတာဝန် ယူဆောင်ရွက်ခဲ့ကြောင်း မတ်လ ၁ရက်တွင် သတင်းထုတ်ပြန်သည်။

အဖွဲ့ဝင် ၅၄ နိုင်ငံပါဝင်သော အာရှ-ပစိဖိတ်အုပ်စု၏ အလှည့်ကျဥက္ကဋ္ဌရာထူးကို ဖေဖော်ဝါရီ ၁ မှ ၂၈ အထိ ၁ လတာထမ်းဆောင်းခဲ့ရခြင်းဖြစ်ပြီး ယင်းတာဝန်ကို အဖွဲ့ဝင်နိုင်ငံများ၏အမည် အက္ခရာစဉ်အလိုက် လစဉ်အလှည့်ကျ လွှဲပြောင်း ထမ်းဆောင်ရခြင်းဖြစ်သည်။

“ဖေဖော်ဝါရီလ တစ်လတာအတွက် အာရှ-ပစိဖိတ်အုပ်စု၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါ ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးကြသည့် အာရှ-ပစိဖိတ်အုပ်စု၏ အဖွဲ့ဝင်နိုင်ငံ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်” ဟု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးက ထုတ်ပြန်သည်။

ယင်းသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတာဝန်ယူစဉ် ကာလအတွင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျွမ်းကျင်သူများအဆင့် အစည်းအဝေးတစ်ရပ်ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် အာရှ-ပစိဖိတ် အုပ်စု၏ လစဉ်အစည်းအဝေးကိုလည်းကောင်း သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက် ကိုယ်စားပြုခွင့်ရအောင် ထိုင်းအစိုးရအနေနဲ့ ထောက်ခံပေးဖို့ စက်တင်ဘာ ၂ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။