Connect with us

Hi, what are you looking for?

LuduNwayOo

News

ကုလ၌ အာရှ-ပစိဖိတ်အုပ်စု အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၁လကြာ သံအမတ်ကြီး ဦးကျော်မိုးထွန်းထမ်းဆောင်

အဖွဲ့ဝင် ၅၄ နိုင်ငံပါဝင်သော အာရှ-ပစိဖိတ်အုပ်စု၏ အလှည့်ကျဥက္ကဋ္ဌရာထူးကို ဖေဖော်ဝါရီ ၁ မှ ၂၈ အထိ ၁ လတာထမ်းဆောင်းခဲ့ရခြင်းဖြစ်ပြီး ယင်းတာဝန်ကို အဖွဲ့ဝင်နိုင်ငံများ၏အမည် အက္ခရာစဉ်အလိုက် လစဉ်အလှည့်ကျ လွှဲပြောင်း ထမ်းဆောင်ရခြင်းဖြစ်သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းသည် အာရှ-ပစိဖိတ် အုပ်စု၏ အလှည့် ကျဥက္ကဋ္ဌတာဝန် ၁လတာကို အောင်မြင်စွာတာဝန် ယူဆောင်ရွက်ခဲ့ကြောင်း မတ်လ ၁ရက်တွင် သတင်းထုတ်ပြန်သည်။

အဖွဲ့ဝင် ၅၄ နိုင်ငံပါဝင်သော အာရှ-ပစိဖိတ်အုပ်စု၏ အလှည့်ကျဥက္ကဋ္ဌရာထူးကို ဖေဖော်ဝါရီ ၁ မှ ၂၈ အထိ ၁ လတာထမ်းဆောင်းခဲ့ရခြင်းဖြစ်ပြီး ယင်းတာဝန်ကို အဖွဲ့ဝင်နိုင်ငံများ၏အမည် အက္ခရာစဉ်အလိုက် လစဉ်အလှည့်ကျ လွှဲပြောင်း ထမ်းဆောင်ရခြင်းဖြစ်သည်။

“ဖေဖော်ဝါရီလ တစ်လတာအတွက် အာရှ-ပစိဖိတ်အုပ်စု၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါ ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးကြသည့် အာရှ-ပစိဖိတ်အုပ်စု၏ အဖွဲ့ဝင်နိုင်ငံ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်” ဟု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးက ထုတ်ပြန်သည်။

ယင်းသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတာဝန်ယူစဉ် ကာလအတွင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျွမ်းကျင်သူများအဆင့် အစည်းအဝေးတစ်ရပ်ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် အာရှ-ပစိဖိတ် အုပ်စု၏ လစဉ်အစည်းအဝေးကိုလည်းကောင်း သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

သတင်း

မြန်မာပြည်သူများက​ စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်နေခြင်းသည် အိမ်နီးချင်းနိုင်ငံများအတွက်သာမက မည်သည့် နိုင်ငံ၏ အကျိုးစီးပွားကိုမျှ ထိပါးစေမည် မဟုတ်သော်လည်း တရားမဝင် စစ်အာဏာသိမ်းမှုကြောင့်မူ ဒေသအတွင်းသို့ စိုးရိမ်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများ ဖိတ်စင်နေပြီဖြစ်ကြောင်း သံအမတ်ကြီးက အသိပေးသည်။

သတင်း

မြန်မာနိုင်ငံတွင် အကျပ်အတည်းကို အပြည့်အဝဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ကျူးလွန်သူများအား တာဝန်ခံမှုရှိလာစေရန်လုပ်ဆောင်ရမည်ဟု သံအမတ်ကြီးက ပြောသည်။

ဆောင်းပါး

“မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့၊ မြန်မာပြည်သူလူထုက လက်ခံတဲ့ ထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာ မျှော်လင့်ယုံကြည်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။