Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ်စွဲထား​သော ခရိုင်​ထွေအုပ်ရုံးကို KDDF ဗုံးဖြင့်ပစ်၍ တိုက်ခိုက်

“သူတို့ဘက်က ပြန်ပစ်လာတာကြောင့်သတင်းမစောင့်တော့ဘဲ ပြန်ဆုတ်လာခဲ့တယ်ခင်ဗျ။ ထိခိုက်မှုတော့မသိရသေးဘူး။တပ်ဖွဲ့ဝင်တွေဘေးကင်းကင်းနဲ့ပြန်ရောက်နေပါပြီ။”ဟု K.D.D.Fမှတာဝန်ရှိသူက ဆက်ပြောသည်။

(​ကျောက်ဆည်မြို့အဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသော ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ တာဝန်ရှိသူက အတည်ပြု​ပြောကြားသည်။

ယနေ့ (မတ်လ ၃ ရက်)နံနက် ၁၀ နာရီ ၃၅မိနစ်အချိန်က စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားသော ကျောက်ဆည်ခရိုင်ထွေအုပ်ရုံးအားလက်ပစ်ဗုံး(၂) လုံးပစ်သွင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က ထုတ်ပြန်သည်။

“သူတို့ဘက်က ပြန်ပစ်လာတာကြောင့်သတင်းမစောင့်တော့ဘဲ ပြန်ဆုတ်လာခဲ့တယ်ခင်ဗျ။ ထိခိုက်မှုတော့မသိရသေးဘူး။တပ်ဖွဲ့ဝင်တွေဘေးကင်းကင်းနဲ့ပြန်ရောက်နေပါပြီ။”ဟု K.D.D.Fမှတာဝန်ရှိသူက ဆက်ပြောသည်။

ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)သည် အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသည့် အဖွဲ့တစ်ခုဖြစ်ပြီး မတ်လ ၂ ရက် နံနက်၆နာရီအချိန်တွင် စဥ့်ကိုင်မြို့နယ်၊ မြောက်ကျောက်မိုင်းကျေးရွာ အနောက်ဘက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝင်ငွေရလမ်းကြောင်းဖြစ်သော Mytel တာဝါတိုင်အတွင်းရှိ စက်သုံးလုံးအား မိုင်းအကြီး(၃)လုံး ​ဖောက်ခွဲတိုက်ခိုက်ခဲ့​သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။