Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်စွဲထား​သော ခရိုင်​ထွေအုပ်ရုံးကို KDDF ဗုံးဖြင့်ပစ်၍ တိုက်ခိုက်

“သူတို့ဘက်က ပြန်ပစ်လာတာကြောင့်သတင်းမစောင့်တော့ဘဲ ပြန်ဆုတ်လာခဲ့တယ်ခင်ဗျ။ ထိခိုက်မှုတော့မသိရသေးဘူး။တပ်ဖွဲ့ဝင်တွေဘေးကင်းကင်းနဲ့ပြန်ရောက်နေပါပြီ။”ဟု K.D.D.Fမှတာဝန်ရှိသူက ဆက်ပြောသည်။

(​ကျောက်ဆည်မြို့အဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသော ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ တာဝန်ရှိသူက အတည်ပြု​ပြောကြားသည်။

ယနေ့ (မတ်လ ၃ ရက်)နံနက် ၁၀ နာရီ ၃၅မိနစ်အချိန်က စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားသော ကျောက်ဆည်ခရိုင်ထွေအုပ်ရုံးအားလက်ပစ်ဗုံး(၂) လုံးပစ်သွင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က ထုတ်ပြန်သည်။

“သူတို့ဘက်က ပြန်ပစ်လာတာကြောင့်သတင်းမစောင့်တော့ဘဲ ပြန်ဆုတ်လာခဲ့တယ်ခင်ဗျ။ ထိခိုက်မှုတော့မသိရသေးဘူး။တပ်ဖွဲ့ဝင်တွေဘေးကင်းကင်းနဲ့ပြန်ရောက်နေပါပြီ။”ဟု K.D.D.Fမှတာဝန်ရှိသူက ဆက်ပြောသည်။

ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)သည် အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသည့် အဖွဲ့တစ်ခုဖြစ်ပြီး မတ်လ ၂ ရက် နံနက်၆နာရီအချိန်တွင် စဥ့်ကိုင်မြို့နယ်၊ မြောက်ကျောက်မိုင်းကျေးရွာ အနောက်ဘက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝင်ငွေရလမ်းကြောင်းဖြစ်သော Mytel တာဝါတိုင်အတွင်းရှိ စက်သုံးလုံးအား မိုင်းအကြီး(၃)လုံး ​ဖောက်ခွဲတိုက်ခိုက်ခဲ့​သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။