Connect with us

Hi, what are you looking for?

LuduNwayOo

News

လေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်သူများနှင့် ​အမိန့်​ပေးစေခိုင်း​နေသူများ၏ ​နေရပ်လိပ်စာနှင့် အချက်အလက်များ​ပေးပို့ကြရန် ဗမာ့လူငယ်ကွန်ရက် ထုတ်ပြန်

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ နယ်မြေစိုးမိုးမှုများစွာ မပြုလုပ်နိုင်သည့် တိုင်းရင်းသား ဒေသများနှင့် ထိတွေ့တိုက်ပွဲနေရာများတွင် လက်နက်ကြီးပစ်ကူများအပြင် လေကြောင်းဖြင့် ပြည်သူများပါမချန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဗမာ့လူငယ်ကွန်ရက် က ဆိုသည်။

နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသူများနှင့် အမိန့်ပေးစေခိုင်းနေသော စစ်အုပ်စု၏ လေတပ်အရာရှိများ၏ နေရပ်လိပ်စာများနှင့် အချက် အလက်များကိုပေးပို့ကြရန် မြို့ပြပြောက်ကျားစစ်တပ်ဖွဲ့ဖြစ်သည့် ဗမာ့လူငယ်ကွန်ရက်က ယနေ့(မတ်လ ၄ရက်) တွင် ထုတ်ပြန်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ နယ်မြေစိုးမိုးမှုများစွာ မပြုလုပ်နိုင်သည့် တိုင်းရင်းသား ဒေသများနှင့် ထိတွေ့တိုက်ပွဲနေရာများတွင် လက်နက်ကြီးပစ်ကူများအပြင် လေကြောင်းဖြင့် ပြည်သူများပါမချန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဗမာ့လူငယ်ကွန်ရက် က ဆိုသည်။

“တိုင်းရင်းသားဒေသတွေမှာရော အခုဆိုရင် အညာဒေသမှာပါ နေ့စဥ်ရက်ဆက် လေယာဥ်နဲ့ တိုက်ခိုက် ဗုံးကြဲနေတာတွေ မြင်ရတာ ကျွန်တော်တို့အနေနဲ့ နာကျည်းစိတ်တွေနဲ့အတူ စိတ်မကောင်းဖြစ်ရတယ်။ဒါကြောင့် ရန်သူကို ရန်သူလို့ မြင်ရ၊တွေးရမယ့် အချိန်ရောက်ပြီလို့လည်း ပြည်သူတွေကို တိုက်တွန်းတယ်”ဟု ဗမာ့လူငယ်ကွန်ရက် မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဗမာ့လူငယ်ကွန်ရက်သည် တာမွေမြို့ရှိ Mytel ရုံးနှင့် သမိုင်း City Mart ရှေ့ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို မကြာသေးမီရက်ပိုင်းက တိုက်ခိုက်ထားနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ အဆိုအရ ဖေဖော်ဝါရီလဆန်းပိုင်းက မြောက်ဥက္ကလာပမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ လေတပ်ဗိုလ်မှူးကြီးအောင်မျိုးကျော်(လေ ၂၀၈၄) ခေတ္တ ဒုတိယလေတပ်စခန်းဌာနမှူး၏ နေအိမ်အတွင်း ဗုံးခွဲနိုင်ခဲ့သည်။

ထို့အတူ ဒလမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ ရန်နိုင်ဝင်း၏ နေအိမ်ကို ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၃၁ ရက်ကလည်း ရန်ကင်းမြို့နယ် ၊ပါရမီ မဥ္ဇူလမ်းရှိ အကြမ်းဖက်စစ်တပ်၏ လေတပ်မှ ဒုတိယဗိုလ်မှူးကြီး ထက်နောင်တင့်၏ နေအိမ်ကို ၄၀(မမ)ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ်အတွင်း ထိခိုက်ပျက်စီးခဲ့ပြီး မီးခိုးများစွာ ထွက်လာကာ ၎င်းအိမ်သားများကြောက်လန့်တကြား အော်ဟစ်ထွက်ပြေးခဲ့ရသည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှုများဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း ပြည်သူများကို အနိုင်ကျင့်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများအပြင် ၎င်းတို့မိသားစုဝင်များမှာ စစ်အာဏာရှင်၏ လက်ကိုင်တုတ်များအဖြစ်မှတ်ယူပြီး တိုက်ခိုက်တော့မည်ဟု တော်လှန်ရေးအင်အားစုများက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။