Connect with us

Hi, what are you looking for?

News

လေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်သူများနှင့် ​အမိန့်​ပေးစေခိုင်း​နေသူများ၏ ​နေရပ်လိပ်စာနှင့် အချက်အလက်များ​ပေးပို့ကြရန် ဗမာ့လူငယ်ကွန်ရက် ထုတ်ပြန်

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ နယ်မြေစိုးမိုးမှုများစွာ မပြုလုပ်နိုင်သည့် တိုင်းရင်းသား ဒေသများနှင့် ထိတွေ့တိုက်ပွဲနေရာများတွင် လက်နက်ကြီးပစ်ကူများအပြင် လေကြောင်းဖြင့် ပြည်သူများပါမချန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဗမာ့လူငယ်ကွန်ရက် က ဆိုသည်။

နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသူများနှင့် အမိန့်ပေးစေခိုင်းနေသော စစ်အုပ်စု၏ လေတပ်အရာရှိများ၏ နေရပ်လိပ်စာများနှင့် အချက် အလက်များကိုပေးပို့ကြရန် မြို့ပြပြောက်ကျားစစ်တပ်ဖွဲ့ဖြစ်သည့် ဗမာ့လူငယ်ကွန်ရက်က ယနေ့(မတ်လ ၄ရက်) တွင် ထုတ်ပြန်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ နယ်မြေစိုးမိုးမှုများစွာ မပြုလုပ်နိုင်သည့် တိုင်းရင်းသား ဒေသများနှင့် ထိတွေ့တိုက်ပွဲနေရာများတွင် လက်နက်ကြီးပစ်ကူများအပြင် လေကြောင်းဖြင့် ပြည်သူများပါမချန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဗမာ့လူငယ်ကွန်ရက် က ဆိုသည်။

“တိုင်းရင်းသားဒေသတွေမှာရော အခုဆိုရင် အညာဒေသမှာပါ နေ့စဥ်ရက်ဆက် လေယာဥ်နဲ့ တိုက်ခိုက် ဗုံးကြဲနေတာတွေ မြင်ရတာ ကျွန်တော်တို့အနေနဲ့ နာကျည်းစိတ်တွေနဲ့အတူ စိတ်မကောင်းဖြစ်ရတယ်။ဒါကြောင့် ရန်သူကို ရန်သူလို့ မြင်ရ၊တွေးရမယ့် အချိန်ရောက်ပြီလို့လည်း ပြည်သူတွေကို တိုက်တွန်းတယ်”ဟု ဗမာ့လူငယ်ကွန်ရက် မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဗမာ့လူငယ်ကွန်ရက်သည် တာမွေမြို့ရှိ Mytel ရုံးနှင့် သမိုင်း City Mart ရှေ့ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို မကြာသေးမီရက်ပိုင်းက တိုက်ခိုက်ထားနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ အဆိုအရ ဖေဖော်ဝါရီလဆန်းပိုင်းက မြောက်ဥက္ကလာပမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ လေတပ်ဗိုလ်မှူးကြီးအောင်မျိုးကျော်(လေ ၂၀၈၄) ခေတ္တ ဒုတိယလေတပ်စခန်းဌာနမှူး၏ နေအိမ်အတွင်း ဗုံးခွဲနိုင်ခဲ့သည်။

ထို့အတူ ဒလမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ ရန်နိုင်ဝင်း၏ နေအိမ်ကို ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၃၁ ရက်ကလည်း ရန်ကင်းမြို့နယ် ၊ပါရမီ မဥ္ဇူလမ်းရှိ အကြမ်းဖက်စစ်တပ်၏ လေတပ်မှ ဒုတိယဗိုလ်မှူးကြီး ထက်နောင်တင့်၏ နေအိမ်ကို ၄၀(မမ)ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ်အတွင်း ထိခိုက်ပျက်စီးခဲ့ပြီး မီးခိုးများစွာ ထွက်လာကာ ၎င်းအိမ်သားများကြောက်လန့်တကြား အော်ဟစ်ထွက်ပြေးခဲ့ရသည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှုများဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း ပြည်သူများကို အနိုင်ကျင့်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများအပြင် ၎င်းတို့မိသားစုဝင်များမှာ စစ်အာဏာရှင်၏ လက်ကိုင်တုတ်များအဖြစ်မှတ်ယူပြီး တိုက်ခိုက်တော့မည်ဟု တော်လှန်ရေးအင်အားစုများက အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။