Connect with us

Hi, what are you looking for?

News

မတ် ၁၂ မှ ၁၈ ရက်တွင် ၂၄ နာရီလုံးမပြတ်ဘဲ အချိန်ပိုင်းပြတ်မည်ဟု စစ်​ကောင်စီဆိုပြန်၊ ယခု​ရော မီးဘယ်လို​ပေး​နေလို့လဲဟု ပြည်သူ​မေးခွန်းထုတ်

“အဲ့နေ့မှာ အပိုင်းလိုက်၊ အချိန်ပိုင်းပဲပေးမယ်တော့ ဒီရက်တွေကော မီးက အချိန်ပြည့်လာလို့လား၊ အခုလည်း တစ်ရက်ကို ၁၀နာရီလောက်ပဲလာတာကိုး”ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက ပြောသည်။

(မီးပြတ်​တောက်မှုဆိုးရွား​နေသဖြင့် ရန်ကုန်မြို့ ပါရမီလမ်းနှင့် ​အေဒီလမ်းရှိမီးပွိင့်တွင် မီးပွိင့်အချက်ပြရန် မီးစက်နှစ်လုံးဖြင့် စစ်​ကောင်စီလက်​အောက်ခံယာဥ်ထိန်းရဲအချို့ မတ်လ ၆ ရက်နံနက်ပိုင်းကပြင်ဆင်​နေကြသည်။အဆိုပါဓါတ်ပုံသည်မတ်လ ၆ ရက်​ပြည်တွင်းဖေစ်ဘွခ်သုံးစွဲသူများကြားလူ​ပြောများခဲ့ပြီးပျံ့နှံ့မှုများခဲ့သည်)

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလျော့ကျလာမည့်ဖြစ်၍ နိုင်ငံအတွင်းနေရာအချို့တွင် တစ်ပတ်ကြာ ၂၄ နာရီလုံးလျှပ်စစ်မီးပြတ်တောက်မည်ဟုကြေငြာခဲ့ပြီး​နောက် တစ်ရက်အကြာတွင် စစ်​ကောင်စီက ၂၄နာရီလုံးမပျက်​တော့ဘဲ အချို့နေရာများ၌ အချိန်ပိုင်းအလိုက်ပေးမည်ဟု ပြန်လည်ပြင်ဆင်ထုတ်ပြန်သည်။

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ပိုက်လိုင်းအသစ်ချိတ်ဆက်ခြင်းကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၃၃၄ မဂ္ဂါဝပ်လျော့ကျခြင်းအပါအဝင် ဓာတ်အားစနစ်အတွင်း မဂ္ဂါဝပ်၁၃၀၄ လျော့ကျသွားမည်ဖြစ်၍ မတ်လ ၁၂ ရက်မှ မတ်လ၁၈ ရက်အတွင်း နေရာအချို့တွင် ၂၄ နာရီလုံးလျှပ်စစ်မီးဖြတ်တောက်ရခြင်းဖြစ်သည်ဟုအကြမ်းဖက် စစ်ကောင်စီ၏လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မတ် ၆ရက်တွင်ကြေညာခဲ့သည်။

သို့သော် ပြည်သူများကပြင်းထန်စွာ​ဝေဖန်မှုများထွက်​ပေါ်လာပြီး​နောက်တစ်ရက်အကြာ မတ် ၇ ရက်တွင် ဓာတ်အားလျော့နည်းချိန်၌ အချို့သောနေရာများတွင် အပိုင်းလိုက်၊အချိန်ပိုင်းအလိုက် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြန်လည်ကြေညာခဲ့သည်။

“အဲ့နေ့မှာ အပိုင်းလိုက်၊ အချိန်ပိုင်းပဲပေးမယ်တော့ ဒီရက်တွေကော မီးက အချိန်ပြည့်လာလို့လား၊ အခုလည်း တစ်ရက်ကို ၁၀နာရီလောက်ပဲလာတာကိုး”ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

၂၄ နာရီမီးပြတ်​တောက်မည်ဟု​ကြေညာပြီး ၂၄ နာရီမဟုတ်ဘဲ အချိန်ပိုင်းသာမီးပြတ်​တောက်မည်ဟု​ပြောင်းလဲ ​ထုတ်ပြန်သဖြင့် ပြည်သူများက မူလ​ကြေညာထားသလို တစ်ရက်လုံးမပျက်၍ ​တော်​သေးသည်ဆို​​​သော စိတ်ခံစားချက်ဝင်လာ​စေရန် အကြမ်းဖက်စစ်​ကောင်စီက ၎င်းတို့လုပ်ရိုးလုပ်စဥ်အတိုင်းဝါဒဖြန့်မှု တစ်ခုသာဖြစ်​ကြောင်း​ဝေဖန်မှုများလည်းရှိသည်။ ယခုအခါနိုင်ငံတစ်ဝန်မီးပြတ်​တောက်မှု ဆိုးရွားစွာကြုံ​နေ၍ နိုင်ငံမှာ နှစ် ၂၀ကျော် ​နောက်ပြန်​ရောက်သွား​ကြောင်း​ပြည်သူ့အချို့က​ ပြောသည်။

စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူပြီးနောက် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပေးစနစ်ပျက်စီးပြိုလဲလာခဲ့သည်။ စစ်တပ်အာဏာမသိမ်းခင်အချိန်က နိုင်ငံအတွင်း လျှပ်စစ်ထုတ်လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၄၂၀၀ရှိပြီး စစ်တပ်အာဏာသိမ်းပြီး ၂၁၇၇ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်တော့သည်ဟု စစ်ကောင်စီဝန်ကြီးဌာနက ဝန်ခံထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံတွင် လျှပ်စစ်သုံးစွဲမူသည် နေ့ဘက်တွင် မဂ္ဂါဝပ် ၃၄၀၀ရှိပြီး ညဘက်တွင် မဂ္ဂါဝပ် ၃၆၀၀ရှိသည်။ ထုတ်လုပ်မူနှင့် သုံးစွဲခြင်းမလုံလောင်ခြင်းကြောင့် အလှည့်ကျမီးပေးစနစ်ကို ကျင့်သုံးနေရသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ အဆိုအရ ယခင်အရပ်သားအစိုးလက်ထက်တွင် အကောင်အထည်ဖော်ခဲ့သည့် မဂ္ဂါဝပ် ၇၅၀ထွက်သည့် LNG ဓာတ်အားပေးစက်ရုံနှစ်ခုတွင်LNGဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ရပ်တန့်ထားသည်ဟုဆိုသည်။ သို့​သော် LNG ဓါတ်အား​ပေးစက်ရုံများကို စစ်​ကောင်စီက ပိုက်ဆံမ​ပေး​တော့သဖြင့် ရပ်နားသွားခြင်းဖြစ်​ကြောင်း People’s Spring က စုံစမ်းသိ့ရသည်။ ထို့​​ကြောင့် စစ်​ကောင်စီက အာဏာသိမ်းပြီး​နောက် လက်နက်များဝယ်ယူရန် ၊အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်အတွက် ဗိုလ်ရှုသဘင်ကျင်းပရန် စသည်တို့တွင် ​ငွေများစွာအကုန်အကျခံ​သော်လည်း လျှပ်စစ်မီး​ပေးရန်အတွက် အကုန်အကျများစွာ မခံသည်ကို​ တွေ့ရသည်။

ဓာတ်အားလိုင်းများပြတ်တောက်ခြင်းကြောင့် ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းမှဓာတ်အား မဂ္ဂါဝပ် ၂၂၀ ကို မဟာဓာတ်အားလိုင်းသို့မပိုနိုင်ဟုလည်းဆိုထားသည်။ ထိုအပြင် ယခုအခါ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် အသစ်ထွက်လာသည့် သဘာဝဓာတ်ငွေ့တွင်းဖြင့် ပိုင်းလိုင်းချိတ်ရန်အတွက် ဓာတ်ငွေ့ထုတ်လုပ်မှု​ခေတ္တရပ်ဆိုင်းမည်ဟုဆိုပြန်သည်။ထိုကြောင့် မဂ္ဂါဝပ် ၃၃၄ ထပ်မံလျော့နည်းမည်ဟုစစ်​ကောင်စီကဆိုသည်။ စသည်တို့​ကြောင့် ပုံမှန်ထုတ်လုပ်မှုထက် ဓာတ်အား ၁၃၀၄ မဂ္ဂါဝပ် လျော့နည်းနေ​ကြောင်းစစ်ကောင်စီက ထုတ်ပြန်ထားသည်။

သို့သော်ထိုအချက်များသည်စစ်ကောင်စီကဆင်ခြေပေးသည့် အချက်များဖြစ်ပြီး ၎င်းတို့တွင် ပြည်သူလူထုအတွက် ငွေကြေးပေးရန် စိတ်ဆန္ဒမရှိခြင်းကြောင့် ဓာတ်အားစီမံကိန်းများကို ရပ်တန့်ပစ်ခြင်းကြောင့်ဖြစ်သည်ဟုစွမ်းအင်ပညာရှင်များက ထောက်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။