Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီးမော့ဆိုတိုက်ပွဲ အရာရှိအပါအဝင် စစ်ကောင်စီတပ် ထပ်မံသေဆုံးမှုရှိ

တိုက်ပွဲဆက်လက်ပြင်းထန်နေသော ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှု ပိုမိုပြုလုပ်လာနေသည်ကို တွေ့ရကြောင်း ဒီးမော့ဆို PDF က ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - ဒီး​မော့ဆို PDF

▪️အထိနာသည့် စစ်ကောင်စီတပ် လေကြောင်းမှ ၂၀ကြိမ်နီးပါး ဗုံးကြဲရာ အရပ်သားပစ်မှတ်များကိုပါ တိုက်ခိုက်

▪️ခရစ်ယာန်ဘုရားကျောင်း တစ်​ကျောင်းနှင့် ပြည်သူ လူထု နေအိမ်၁၅လုံးပျက်စီး


ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်မြို့နယ်တွင် ယမန်နေ့က ကရင်နီဒေသတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိအပါအဝင် တပ်သား အများအပြား သေဆုံးခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – ဒီး​မော့ဆို PDF

ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ ကျောက်ဆည်ကန် နှင့် ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအုပ်စု၊ သေးဆူလဲကျေးရွာတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒီးမော့ဆို PDF၊ လွိုင်ကော်(PDF)၊ ဖယ်ခုံ(PDF)၊ မိုးဗြဲ(PDF) ၊ CTU နည်းပညာလက်ရုံးတပ်၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်၊ KNDF၊ KA၊ KGZ၊ GZ- 21 နှင့် အခြားတော်လှန် ရေးတပ်ဖွဲ့များပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲတွင် ဒီးမော့ဆို PDF တပ်ဖက်မှ ထိခိုက်မှုအချို့ရှိခဲ့ကြောင်းလည်း အသိပေးသည်။

ဓာတ်ပုံ – ဒီး​မော့ဆို PDF

တိုက်ပွဲတွင် အထိနာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် နေ့လယ်၁၂နာရီ ခန့်မှစ၍ ရဟတ်ယာဉ် ၂စီး၊ တိုက်လေယာဉ် ၂စီးဖြင့် ၁၅ကြိမ်ခန့် ဗုံးကြဲခဲ့ပြီး ညပိုင်းတွေင်လည်း တိုက်လေ ယာဉ် တစ်စီးဖြင့် သုံးကြိမ်ခန့် ဗုံးကြဲခဲ့ကြောင်း၊ သန်းခေါင်ကျော်အချိန် ယနေ့ နံနက် ၂နာရီခန့်တွင် တိုက် လေယာဉ်တစ်စီးဖြင့် အရပ်သား ပြည်သူများ ရှိနရာနေရာကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

ထိုသို့ လေကြောင်း တိုက်ခိုက်မှုများကြောင့် ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းတစ်​ကျောင်း ထိမှန်ပျက်စီးခဲ့ပြီး ပြည်သူလူထု နေအိမ် ၁၅လုံးခန့် ပျက်စီးသွားကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ – ဒီး​မော့ဆို PDF

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ကလည်း အကြမ်းဖက်စစ်ကောင်စီတပ် သည်ကျေးရွာသူရွာသားများနှင့် စစ်ဘေးရှောင် ပြည်သူများ စသည့် အရပ်သားပြည်သူများသာ ခိုအောင်းနေသော ဆောင်ဒူကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းသည် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်သော စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲဆက်လက်ပြင်းထန်နေသော ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှု ပိုမိုပြုလုပ်လာနေသည်ကို တွေ့ရကြောင်း ဒီးမော့ဆို PDF က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။