Connect with us

Hi, what are you looking for?

News

ယင်းမာပင်နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အိုသုံးဦး သေဆုံး

သေဆုံးခဲ့သူ လေးဦးမှာ ဒေါ်တင်ညွန့်၊ ဦးသန်းမောင်၊ ဒေါ်သန်းလှ၊ (၅)နှစ်အရွယ် မောင်မြတ်ဘုန်းနိုင်တို့ဖြစ်သည်ဟုဆိုသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်ကမတ်လဆန်းတွင်ယင်းမာပင်မြို့နယ်သ​ပြေ​အေးတစ်ရွာလုံးနီးပါးကိုမီးရှို့ဖျက်ဆီးခဲ့သည်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ဝင်ရောက်စီးနင်းနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက် (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အိုသုံးဦး စုစုပေါင်း​လေးဦးသေဆုံးပြီး အဘိုးအို နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်နှင့် ဒေသခံ အချို့က ပြောသည်။

ယင်းမာပင်မြို့နယ် စည်လှောင်​ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယနေ့ နံနက်တွင် အနီးဝန်းကျင် ကျေးရွာများကို ထပ်မံဝင်ရောက်စီးနင်းပြီး လက်နက် ကြီးများ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ယင်းမာပင်မြို့နယ် ကန်သာရွာနှင့် လက်ပံတောရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် မတ်လ ၈ရက် နေ့လည် ၁၂နာရီခန့်တွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ လက်ပံတော ဘုန်းကြီးကျောင်း၌ စစ်ဘေးရှောင်နေသည့် အဘိုးအဘွား သုံးဦးနှင့် ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။

သေဆုံးခဲ့သူ လေးဦးမှာ ဒေါ်တင်ညွန့်၊ ဦးသန်းမောင်၊ ဒေါ်သန်းလှ၊ (၅)နှစ်အရွယ် မောင်မြတ်ဘုန်းနိုင်တို့ဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“‌လေးဦးလည်း ပြောတယ် ​ခြောက်ဦးလည်း ပြောတယ်။ တိတိကျကျတော့ မရဘူးဖြစ်နေတယ်။ အပြင်ဘေးကို ထွက်ပြေးတဲ့ သူချည်းပဲ။လက်ပံတော ဘုန်းကြီးကျောင်းထဲမှာ ခိုလှုံဖို့ ပြေးတဲ့အပြေးကို လက်နက်ကြီးနဲ့ လှမ်းထုတော့ အဲဒီထဲတင် လက်နက်ကြီး ကျပြီးထိသွားတာ။ ကံသာက ခါးထိတာ နှစ်ယောက် အဘိုးကြီးနှစ်ယောက် စိုးရိမ်ရတယ်လို့ပြောတယ်”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က နယ်မြေစိုးမိုးလို၍ မြေပြင်မှ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး လမ်း၌ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“ဘုန်းကြီးကျောင်းထဲမှာပဲ ပြည်သူတွေက ပုန်းနေကြတာ။ဘုန်းကြီးကျောင်းထဲမှာ လူရှိမှန်းသိလို့ လှမ်းထုတဲ့ သဘောလည်းပါမယ်ထင်ပါတယ်”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်နှင့် ပြည်သူကို အကြောက်တရား လွှမ်းမိုးစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီအတွင်းကလည်း ချင်းပုန်းကျေးရွာသို့ ရဟတ်ယာဉ်များအသုံးပြု စီးနင်းတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ ၁၁ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း၊ နေအိမ်၊ ကား၊ ဆိုင်ကယ် စသည့် ပြည်သူလူထုပိုင်ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းမာပင်နယ်ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။