Connect with us

Hi, what are you looking for?

News

ဒေါက်တာဇော်မြင့်မောင်ကို အဂတိ အမှု ၅ မှုနဲ့ စစ်ကောင်စီစွဲချက်တင်၊ အဂတိအမှုတွေနဲ့ ပဲ ထောင်ဒဏ် နှစ် ၇၀ ကျော်ချလို့ရအောင် စစ်ကောင်စီအကွက်ဆင်ထား

အဂတိပုဒ်မ ၅၅ ဟာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတာကြောင့် ဒေါက်တာဇော်မြင့်မောင်ကို အဂတိမှုနဲ့ပဲ စုစုပေါင်း ထောင်ဒဏ် နှစ် ၇၀ ကျော် ချလို့ရအောင်စစ်ကောင်စီက စီစဉ်နေတာပါ။

ရာထူးအာဏာကိုအလွဲသုံးစားလုပ်တဲ့အပြင် လာဘ်ငွေယူတယ်ဆိုကာ မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပေါ် စစ်ကောင်စီက အဂတိတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့စွဲဆိုထားတဲ့အမှု ၅ မှုလုံးကို ဒီနေ့မှာ စွဲချက်တင်လိုက်တယ်လို့သိရပါတယ်။

အဂတိပုဒ်မ ၅၅ ဟာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတာကြောင့် ဒေါက်တာဇော်မြင့်မောင်ကို အဂတိမှုနဲ့ပဲ စုစုပေါင်း ထောင်ဒဏ် နှစ် ၇၀ ကျော် ချလို့ရအောင်စစ်ကောင်စီက စီစဉ်နေတာပါ။

အဂတိမှုနဲ့ စွဲချက်တင်တဲ့အပေါ် ဒေါက်တာဇော်မြင့်မောင်က အပြစ်မရှိကြောင်း တရားခွင်မှာထုချေပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ရဲ့ထွက်ဆိုချက်နဲ့ပတ်သက်ပြီး အဂတိအမှု ၂ မှု ၊ အလားတူ အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ ထွက်ဆိုချက်နဲ့အဂတိ ၁ မှု ၊ မြင်းခြံနဲ့ ပြင်ဦးလွင် NLD ရုံးတွေ တည်ဆောက်တာနဲ့ပတ်သက်ပြီး အဂတိ ၂ မှု စုစုပေါင်းအဂတိ ၅ မှုနဲ့ စစ်ကောင်စီရဲ့တရားစွဲခြင်းခံထားရတာပါ။

Public Service Announcement

Public Service Announcement

ဒါအပြင် ရွေးကောက်ပွဲမလျော်သြဇာ သုံးမှုနဲ့လည်းတရားစွဲထားပါသေးတယ်။

လက်ရှိအချိန်မှာလည်း ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီဟာ ဆူပူအောင်လှုံဆော်မှု နဲ့ထောင်ဒဏ် ၂ နှစ် ၊ ကိုဗစ်စည်းကမ်းချိုးဖောက်မှု နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်းထောင်ဒဏ် ၄ နှစ်ချထားပြီး မန္တလေး အိုးဘိုထောင်မှာ ချုပ်နှောင်ထားတာပါ။

ဒီနေ့ စွဲချက်တင်တဲ့ တရားခွင်မှာ ထွက်ဆိုတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာကျန်းမာရေးကောင်းမွန်ပုံရတယ်လို့ တွေ့မြင်လိုက်ရသူတွေကပြောပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။