Connect with us

Hi, what are you looking for?

News

CNF လှုပ်ရှားနယ်မြေ၌ ၉ရက်အတွင်း တိုက်ပွဲ ၁၈ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ၈၀ခန့်သေဟု ထုတ်ပြန်၊ ချင်းတပ်ဖွဲ့ ​လေးဦးကျဆုံး

အဆိုပါ တိုက်ပွဲကို CNA ၊ CNDF၊ PDF-Zoland၊ Civic Defense Militia(CDM-SYIN)၊ CDF-Hualngoram တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထား သည်။

(ချင်းအမျိုးသားတပ်မတော်၏ အပတ်စဉ် (၄၅) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – Chinland Information Center)

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)လှုပ်ရှားနယ်မြေ ၌ ၉ရက်အတွင်း တိုက်ပွဲ ၁၈ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဘက်မှ ၈၀ဦးခန့် သေဆုံးခဲ့ကြောင်း CNFက ထုတ်ပြန် သည်။

ချင်းပြည်နယ် ဖလမ်းမြို့မှ ဟားခါးသို့ ရိက္ခာ ထောက်ပံ့ရန် တက်လာသည့် စစ်ကောင်စီတပ်မှ ကား ၂၇ စီး၊ တင့်ကား ၂စီး နှင့် အင်အား ၂၀၀ ခန့်ပါ ယာဉ်တန်းကို ၁၅ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့်သေဆုံးခဲ့ကြောင်း၊ ယင်းတိုက်ပွဲများတွင် CNA တပ်မှ ရဲဘော် သုံးဦး နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲကို CNA ၊ CNDFနှင့် ဟားခါးမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ဖလမ်းမြို့နယ်အမှတ်(၂) အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းမပေါ်တွင် လှုပ်ရှားနေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၈ဦးခန့် သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးမှုမရှိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲကို CNA ၊ CNDF၊ PDF-Zoland၊ Civic Defense Militia(CDM-SYIN)၊ CDF-Hualngoram တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထား သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။