Connect with us

Hi, what are you looking for?

News

NUG ကမိုဘိုင်း​ငွေ​​ပေးချေစနစ်တစ်ခုမိတ်ဆက်ရန်ပြင်ဆင်​နေဟုဆို

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၄၅ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမူဝန်ကြီးဌာနက NUG Pay Mobile Money အကြောင်းကို ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)က မိုဘိုင်းငွေပေးချေမူအတွက် NUG Pay Mobile Moneyကို မိတ်ဆက်ရန်ပြင်ဆင်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၄၅ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမူဝန်ကြီးဌာနက NUG Pay Mobile Money အကြောင်းကို ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။

မိုဘိုင်း​ငွေ​ပေး​ချေစနစ်ဆိုသည်မှာ မိုဘိုင်းဖုန်းဖြင့် ငွေသွင်း၊ငွေထုတ်ပြုလုပ်နိုင်ပြီး ဘဏ်စနစ်အသုံးပြုစရာမလိုသည့် ငွေပေးချေသည့် ဘဏ္ဍာရေးစနစ်တစ်ခုဖြစ်သည်။ လက်ရှိ အသုံးပြုနေသည် Kpay, Wave Pay, CB pay စသည့် ငွေပေးချေရေးစနစ်များကဲ့သို့ဖြစ်သည်။

NUG က ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဖြစ်သည့် USD Tether(USDT) ကို ပြည်တွင်းသုံးစွဲရန် တရားဝင်ငွေကြေးအဖြစ်သတ်မှတ်လိုက်ကြောင်း ၂၀၂၁ ဒီဇင်ဘာ ၁၁ ရက်တွင် ကြေညာခဲ့ပြီးနောက် Mobile Moneyတစ်ခုကိုပါ စတင်မိတ်ဆက်ရန် စီစဉ်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီ ဗဟိုဘဏ် ထိန်းချုပ်ထားတဲ့ Mobile Payment တွေက ငွေလွှဲပြောင်းတာတွေကို ထိန်းချုပ်လာလို့ အခြားနည်းလမ်းတစ်ခုကို ကြိုးစားလာတယ်လို့မြင်တယ်”ဟု ဒစ်ဂျစ်တယ်ငွေကြေးကျွမ်းကျင်သူတစ်ဦးကမှတ်ချက်ပြုသည်။

သို့သော်လည်း မည်သည့် ပုံစံဖြင့် လည်ပတ်မည်ကို အသေးစိပ်မသိရသေးကြောင်းနှင့် ငွေတိုက်စာချုပ်များ ရောင်းချရာတွင် ပိုမိုလုံခြုံသောငွေပေးချေရေးစနစ်ကို ဖော်ဆောင်လို့၍ ဖြစ်နိုင်သည်ဟု ၎င်းကဆက်​ပြောသည်။

“ကျပ်ငွေကို စစ်ကောင်စီက ထိန်းချုပ်ထားတော့ ကျပ်ငွေအစား စစ်တပ်က ထိန်းချုပ်လို့မရတဲ့ ငွေကြေးစနစ်ကို တော်လှန်ရေးမှာ အကောင်အထည်ဖော်ဖို့လိုပါတယ်”ဟု ငွေကြေးလုပ်ငန်းကျွမ်းကျင်သူတစ်ဦးကလည်း​ပြောသည်။

NUGက စစ်ကောင်စီထိန်းချုပ်ထားသည့် ဘဏ်ကွန်ယက်နှင့်ငွေကြေးစနစ်မှ ကင်းလွတ်စေသည့် USDTကို ခွင့်ပြုခဲ့ပြီး ၎င်းကုန်သွယ်မှု၊ဝန်ဆောင်မှုလုပ်ငန်းများနှင့် ငွေပေးချေသည့် စနစ်များ မိုပိုကောင်းမွန်ရေးနှင့် လွယ်ကူလျှင်မြန်စေရန်အတွက် USDTဒစ်ဂျစ်တယ်ငွေကြေးစနစ်
(cryptocurrency) ကို NUGက ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။