Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်က ယနေ့နံနက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ဘာသာရေးအဆောက်အအုံ အချို့ပျက်စီး

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)ကလည်း အဆိုပါ ဖြစ်စဉ်ကို သတင်းထုတ်ပြန်ထားရာ စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုမြို့ ဒေါငံခါးရှိ အိုမင်းမစွမ်း သီလရှင်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယနေ့နံနက်ပိုင်းတွင်လည်း ဒီးမော့ဆိုမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ဆက်လက် ပြုလုပ်ခဲ့ရာ ဘာသာရေးအဆောက်အအုံ အချို့ပျက်စီးခဲ့ကြောင်း ကရင်နီအဖွဲ့အစည်းအချို့က သတင်းထုတ်ပြန်ထားသည်။

ယနေ့(မတ်လ ၁၀ရက်) နံနက် ၆နာရီ မိနစ် ၂၀ခန့်မှစ၍ တိုက်လေယာဉ် နှစ်စီးဖြင့် ​ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း We Are KNDF စာမျက်နှာတွင် ဖော်ပြထားသည်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)ကလည်း အဆိုပါ ဖြစ်စဉ်ကို သတင်းထုတ်ပြန်ထားရာ စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုမြို့ ဒေါငံခါးရှိ အိုမင်းမစွမ်း သီလရှင်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

“ဗုံးကြဲခံရတာဟာ ရက်တိုင်းနီးပါးတိုက်ပွဲ မရှိတဲ့နေရာ၊စစ်ရှောင်စခန်းတွေရှိတဲ့နေရာ တွေကိုဗုံးကျဲတယ်၊ဒါတွေဟာ ကရင်နီမှာနေ့တိုင်းဖြစ်နေသလို နေ့ရက်တိုင်းမှာ ကျဆုံးသွားတဲ့ အာဇာနည်ရဲဘော်တွေမနည်းဘူး”ဟု KNDF တပ်ရင်း (၂)က ​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ပွဲပြင်းထန်နေသည့် ကရင်နီဒေသအား လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အရပ်သားပြည်သူလူထုနှင့် စစ်ရှောင်များနေထိုင်ရာ နေရာများကိုပါ ပစ်မှတ်ထား တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

မတ်လ၈ရက် နံနက်အစောပိုင်းကလည်း ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဘုရားကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။ အကြမ်းဖက်စစ်တပ်သည် စစ်ဘေးရှောင်ပြည်သူများနှင့် အရပ်သား ပြည်သူများသာ ခိုလှုံနေသည့် ဆောင်ဒူလာကျေးရွာအား ဗုံးကြဲတိုက်ခိုက်ခြင်းသည် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားသည်။

ဒီးမော့ဆိုတိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ တင့်ကား၊ အတွဲလိုက်ပစ် ရော့ကဒ်ဒုံးများ အသုံးပြုတိုက်ခိုက်လျက်ရှိသည်ဟု KNDFက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။