Connect with us

Hi, what are you looking for?

News

မွေးနေ့မှာ ဦးမြအေးကို ထောင်ဒဏ် ၂ နှစ် စစ်ကောင်စီ အမိန့်ချ

ဒီလို ထောင်ဒဏ်ချခံရတဲ့နေ့ဟာ ဦးမြအေးရဲ့ ၅၆ နှစ်မြောက်မွေးနေ့ဖြစ်သလို မတရားဖမ်းဆီးချုပ်နှောင်ထားတာ ၁ နှစ်နဲ့ ၁၀ ရက်ကြာတဲ့ နေ့လည်းဖြစ်တယ်လို့ ဦးမြအေး ရဲ့သမီးကြီး မဝေနှင်းပွင့်သုန်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ နေ့ကတည်းက မတရားဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ဂ) နဲ့ ဒီနေ့မှာ ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်လို့သိရပါတယ်။

ဒီလို ထောင်ဒဏ်ချခံရတဲ့နေ့ဟာ ဦးမြအေးရဲ့ ၅၆ နှစ်မြောက်မွေးနေ့ဖြစ်သလို မတရားဖမ်းဆီးချုပ်နှောင်ထားတာ ၁ နှစ်နဲ့ ၁၀ ရက်ကြာတဲ့ နေ့လည်းဖြစ်တယ်လို့ ဦးမြအေး ရဲ့သမီးကြီး မဝေနှင်းပွင့်သုန်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

အမိန့်ချ တဲ့အခါ ချုပ်ရက်ခံစားခွင့်ပေးတယ်လို့သိရပါတယ်။

” လျော့ရက်နဲ့တွက်ရင် နောက်တစ်နှစ်ပဲကျန်တော့တယ်ဆိုပေမယ့် ထောင်ထဲမှာ တစ်နှစ်ဆိုတဲ့အချိန်ကနည်းတာမဟုတ်ဘူး။ ပြီးရင် မအလတို့ လုပ်ချင်သလိုလုပ်နေတဲ့အချိန်၊ ဥပဒေက သူတို့ပါးစပ်ပေါ်မှာရှိနေတဲ့အချိန်မှာ မျော်လင့်ချက်လဲမထားရဲဘူး” လို့မဝေနှင်းပွင့်သုန်က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ အာဏာသိမ်းတဲ့မနက်အစောပိုင်းမှာ ဦးမြအေးကို ဖမ်းဆီးသွားခဲ့တာပါ။ အဲဒီနောက် လွန်ခဲ့တဲ့ ၈ နှစ်က တရုတ်နိုင်ငံသားတစ်ဦးဆီ ပို့ခဲ့တဲ့ အီးမေးလ်တစ်စောင်ကိုအကြောင်းပြုကာ ထောင်ဒဏ် ၂ နှစ်ထိချလို့ရတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ဂ)နဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။

ဒီပုဒ်မဟာ လူမျိုးအချင်းချင်းကိုဖြစ်စေ ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကိုဖြစ်စေ ၊တစ်ဖက်နဲ့တစ်ဖက် ပြစ်မှုကျုးလွန်အောင်လှုံဆော်ရာ ရောက်တယ်ဆိုတဲ့ကိစ္စတွေမှာ စွဲဆိုတဲ့ပုဒ်မမျိုးဖြစ်ပါတယ်။

ဦးမြအေးကတော့ သူ့မှာအပြစ်မရှိကြောင်း တရားခွင်မှာ ထုချေထားပါတယ်။

ဖမ်းဆီးခံထားရတဲ့တစ်နှစ်ကျော်ကြာအချိန်အတွင်း ဦးမြအေးဟာ ကျန်းမာရေး ထိခိုက်လာတဲ့အတွက် ဆေးရုံတက်ရောက်ကုသမှုခံခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။