Connect with us

Hi, what are you looking for?

News

ထားဝယ်က တက်ကြွလှုပ်ရှားသူ အသက် ၂၀ လူငယ်ကို ထောင်ဒဏ် ၂၈ နှစ်ချ

ကိုဟိန်းလွင်ထူးကို မတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ၊ပေါက်ကွဲမှု ပုဒ်မတွေနဲ့ ထောင်ချတာဖြစ်ပါတယ်။

ဓာတ်ပုံ − DPPN

ပြီးခဲ့တဲ့နှစ်မေလအတွင်းက ဖမ်းဆီးခံလိုက်ရတဲ့ ထားဝယ်မြို့ က တက်ကြွလှုပ်ရှားသူ အသက် ၂၀ အရွယ် ကိုဟိန်းလွင်ထူး ကို ထားဝယ်ထောင်တွင်းတရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၂၈ နှစ်အမိန့်ချလိုက်ပါတယ်။

ဒါဟာ နွေဦးတော်လှန်ရေးအတွင်း ထားဝယ်မှာဖမ်းခံရပြီး ထောင်ချခံထားရသူတွေထဲမှာ အမြင့်ဆုံးချလိုက်တဲ့ထောင်ဒဏ်လည်းဖြစ်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဖော်ပြထားပါတယ်။

ကိုဟိန်းလွင်ထူးကို မတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ၊ပေါက်ကွဲမှု ပုဒ်မတွေနဲ့ ထောင်ချတာဖြစ်ပါတယ်။

ကိုဟိန်းလွင်ထူးဟာ ပြီးခဲ့တဲ့ နှစ် မေလ အတွင်းက ထားဝယ် ၊ ဘုမ္မော်ရပ်ကွက်က သပိတ်စစ်ကြောင်းတစ်ခုမှာ ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရချိန်မှာ ရာဘာကျည်နဲ့အနီးကပ်ပစ်ခံရတာကြောင့် လက်မောင်းနဲ့ခြေထောက်တွေ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့သိရပါတယ်။

ဒါအပြင်ထောင်တွင်းတရားရုံး မှာ တရားရင်ဆိုင်ရာမှာလည်းရှေ့နေမရှိပဲ တရားရင်ဆိုင်ခဲ့သူဖြစ်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကဆိုထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။