Connect with us

Hi, what are you looking for?

News

လူမြင်ကွင်းကနေပျောက်နေတဲ့စစ်ခေါင်းဆောင် NLD အစိုးရကိုအပြစ်ဖို့ရင်း ပြန်ထွက်လာ

စစ်ကောင်စီခေါင်းဆောင်ဟာ ဖေဖော်ဝါရီလ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ဘာသာရေး အခမ်းအနားကို တက်ရောက်ခဲ့ပြီးနောက် မတ်လ ၈ ရက်အထိ လူမြင်ကွင်းရှေ့ကနေ ပျောက်သွားတာပါ။

ဆယ်ရက်နီးပါး လူမြင်ကွင်းရှေ့ကနေ ပျောက်သွားတဲ့ စစ်ကောင်စီခေါင်းဆောင်ဟာ NLD အစိုးရ ကို အပြစ်ဖို့ ရင်း ပြန်ပေါ်လာပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ ဖေဖော်ဝါရီလ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ဘာသာရေး အခမ်းအနားကို တက်ရောက်ခဲ့ပြီးနောက် မတ်လ ၈ ရက်အထိ လူမြင်ကွင်းရှေ့ကနေ ပျောက်သွားတာပါ။

မတ်လ ၉ ရက်မှာတော့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က စစ်ကောင်စီအရာရှိကြီးတွေကို မိန့်ခွန်းပြောရင်း ပြန်လည်ထွက်ပေါ်လာတာဖြစ်ပါတယ်။

အဲဒီမိန့်ခွန်းမှာတော့ NLD အစိုးရ လက်ထက် မဲမသမာမှုနဲ့ တိုင်းပြည်ရဲ့ စီးပွားရေး ထိခိုက်မှုတွေရှိတယ်ဆိုကာအပြစ်ဖို့တာကိုတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

NLD လက်ထက်မှာ GDP ကျတာ၊ ပြည်တွင်းထုတ်ကုန်ကိုအားမပေးတာ၊ ချေးငွေနဲ့လုပ်ထားတဲ့ ရာနှုန်းပြည့် ပြီးစီးနေတဲ့လုပ်ငန်းတွေကိုရပ်ပစ်တာ တွေကြောင့် ငွေတွေ အလဟသ ဖြစ်ခဲ့တယ်လို့ သူရဲ့ လက်အောက်ငယ်သားတွေကို စစ်ကောင်စီခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် မဲမသမာမှုအခြေအနေတွေအရ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအားကောင်းစေဖို့ စစ်တပ်ဟာအမျိုးသားရေးတာဝန်တစ်ရပ်ကိုဝင်ထမ်းတာလို့လည်း ဝါဒဖြန့်ပါသေးတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း လူမြင်ကွင်းကနေ ရက်အတန်ကြာ ထွက်မလာတာဟာ နှစ်ကြိမ်ရှိခဲ့ပါတယ်။

ပထမအကြိမ်ကတော့ အာဏာသိမ်းပူပူနွေးနွေးကာလဖြစ်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁၈ ကနေ ၂၇ အထိ ဆယ်ရက်ကြာ လူမြင်ကွင်းကပျောက်ခဲ့ဖူးတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုပ်ပုံတွေကို ခြေထောက်နဲ့နင်း၊ မီးနဲ့ရှို့ပြီး ဆန္ဒပြမှု ဒီကနေ့ (ဇူလိုင် ၃)မှာ ပြုလုပ်ခဲ့ကြပါတယ်။