Connect with us

Hi, what are you looking for?

LuduNwayOo

News

လူမြင်ကွင်းကနေပျောက်နေတဲ့စစ်ခေါင်းဆောင် NLD အစိုးရကိုအပြစ်ဖို့ရင်း ပြန်ထွက်လာ

စစ်ကောင်စီခေါင်းဆောင်ဟာ ဖေဖော်ဝါရီလ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ဘာသာရေး အခမ်းအနားကို တက်ရောက်ခဲ့ပြီးနောက် မတ်လ ၈ ရက်အထိ လူမြင်ကွင်းရှေ့ကနေ ပျောက်သွားတာပါ။

ဆယ်ရက်နီးပါး လူမြင်ကွင်းရှေ့ကနေ ပျောက်သွားတဲ့ စစ်ကောင်စီခေါင်းဆောင်ဟာ NLD အစိုးရ ကို အပြစ်ဖို့ ရင်း ပြန်ပေါ်လာပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ ဖေဖော်ဝါရီလ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ဘာသာရေး အခမ်းအနားကို တက်ရောက်ခဲ့ပြီးနောက် မတ်လ ၈ ရက်အထိ လူမြင်ကွင်းရှေ့ကနေ ပျောက်သွားတာပါ။

မတ်လ ၉ ရက်မှာတော့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က စစ်ကောင်စီအရာရှိကြီးတွေကို မိန့်ခွန်းပြောရင်း ပြန်လည်ထွက်ပေါ်လာတာဖြစ်ပါတယ်။

အဲဒီမိန့်ခွန်းမှာတော့ NLD အစိုးရ လက်ထက် မဲမသမာမှုနဲ့ တိုင်းပြည်ရဲ့ စီးပွားရေး ထိခိုက်မှုတွေရှိတယ်ဆိုကာအပြစ်ဖို့တာကိုတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

NLD လက်ထက်မှာ GDP ကျတာ၊ ပြည်တွင်းထုတ်ကုန်ကိုအားမပေးတာ၊ ချေးငွေနဲ့လုပ်ထားတဲ့ ရာနှုန်းပြည့် ပြီးစီးနေတဲ့လုပ်ငန်းတွေကိုရပ်ပစ်တာ တွေကြောင့် ငွေတွေ အလဟသ ဖြစ်ခဲ့တယ်လို့ သူရဲ့ လက်အောက်ငယ်သားတွေကို စစ်ကောင်စီခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် မဲမသမာမှုအခြေအနေတွေအရ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအားကောင်းစေဖို့ စစ်တပ်ဟာအမျိုးသားရေးတာဝန်တစ်ရပ်ကိုဝင်ထမ်းတာလို့လည်း ဝါဒဖြန့်ပါသေးတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း လူမြင်ကွင်းကနေ ရက်အတန်ကြာ ထွက်မလာတာဟာ နှစ်ကြိမ်ရှိခဲ့ပါတယ်။

ပထမအကြိမ်ကတော့ အာဏာသိမ်းပူပူနွေးနွေးကာလဖြစ်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁၈ ကနေ ၂၇ အထိ ဆယ်ရက်ကြာ လူမြင်ကွင်းကပျောက်ခဲ့ဖူးတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

ရတနာပုံခန်းမကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ မေလအတွင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံတကာ

အစ္စရေး သတင်းဌာန တစ်ခုဖြစ်တဲ့ Haaretzကလည်း အစ်ဆာ အပါအဝင် သေဆုံးမှု အခြေအနေတွေကို အတည်ပြုနိုင်အောင် အစ္စရေး စစ်တပ်က အပူတပြင်း စုံစမ်းနေတယ်လို့ ဖော်ပြသွားပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။