Connect with us

Hi, what are you looking for?

News

KNUနှင့်တိုက်ပွဲတွင် အထိနာခဲ့သည့် ခလရ(၉၇)တပ်မှ အရာရှိ စစ်သည်များ၏ဇနီးများ ဆောက်တည်ရာမရဖြစ်နေ၍ ဗျူဟာမှူးကိုယ်တိုင်ထိန်းနေရဟုဆို

“မိန်းမတွေ ကမ္ဘာပျက်နေတာထိန်းမရဘူး မအလကို ကိုင်ဆဲနေတာ။ ထိမ်းမည့်သူမရှိ တခြားတပ်တွေ ဆီပေါက်မှာစိုးလို့ ဗျူဟာမှူးသွားချော့လည်းမရဘူး။ ပေါက်ကုန်ပြီ။ နောင်ဆို တပ်တွေက ရင်ဆိုင်တာနဲ့လက်နက်ချ ပြေးဖို့ပဲတိုင်ပင်နေကြပြီ။ သူတို့အဖြစ်က နိုင်လည်းလူမုန်း ရှုံးရင်လည်းသေလေ”ဟု တပ်တွင်း သတင်းပေးပို့လာသူက ရှင်းပြသည်။

▪️ယာယီတပ်ရင်းမှူးအပါအဝင် ရှေ့တန်းထွက်သည့် တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ၌ ဖြစ်ပွားသည့် တိုက်ပွဲတွင် အထိနာခဲ့သည့် ခလရ(၉၇)တပ်မှ စစ်ကောင်စီတပ်၏ အရာရှိစစ်သည်များ၏ဇနီးများ ၎င်းတို့၏ ယောကျ်ာများ ရှေ့တန်း၌မရှုမလှရှုံံးနိမ့်ပြီး သေဆုံးထိခိုက်မှု၊ ဖမ်းဆီးခံရသည့်အပေါ် ဆောက်တည်ရာမရဖြစ်နေကြောင်း တပ်တွင်းသတင်းပေးတစ်ဦးကို ကိုးကားပြီး သတင်းပေးပို့လာသည်။

ခလရ (၉၇)တပ်သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့ အခြေစိုက်တပ်ဖြစ်ပြီး မတ်လ ၁၁ရက်က ဖာပွန်ခရိုင်တွင် KNU တပ်မဟာ(၅)ဦး​ဆောင်​ပြီး BPLA အပါအဝင် ပူး​ပေါင်းတပ်နှင့်ဖြစ်သည့် တိုက်ပွဲ၌ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး ၁၆ဦး ဖမ်းဆီးခံခဲ့ရသည်။ အရာရှိများအပါအဝင် ဒဏ်ရာရသူ ၁၁ဦးရှိခဲ့ပြီး RPG၊ စက်သေနတ်၊ လက်ဖြောင့်သေနတ်အပါအဝင် လက်နက် မျိုးစုံ ၂၉လက်နှင့် ကျည်၊ ခဲယမ်း အများအပြား KNU က သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများရရှိမှု ဓာတ်ပုံ၊ ရုပ်သံဖိုင်တို့ကို KNUက ယမန်နေ့တွင် ထုတ်ပြန်ခဲ့ရာ ခလရ (၉၇) နောက်တန်းဌာနချုပ် တပ်တွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဇနီးများ၊ မိသားစုများအကြား ဆောက်တည်ရာမရဘဲ မင်းအောင်လှိုင်ကို ဆဲဆိုနေမှုများပင်ရှိနေသည်ဟု တပ်တွင်းသတင်းပေးက ဆိုသည်။

Public Service Announcement

Public Service Announcement

“မိန်းမတွေ ကမ္ဘာပျက်နေတာထိန်းမရဘူး မအလကို ကိုင်ဆဲနေတာ။ ထိမ်းမည့်သူမရှိ တခြားတပ်တွေ ဆီပေါက်မှာစိုးလို့ ဗျူဟာမှူးသွားချော့လည်းမရဘူး။ ပေါက်ကုန်ပြီ။ နောင်ဆို တပ်တွေက ရင်ဆိုင်တာနဲ့လက်နက်ချ ပြေးဖို့ပဲတိုင်ပင်နေကြပြီ။ သူတို့အဖြစ်က နိုင်လည်းလူမုန်း ရှုံးရင်လည်းသေလေ”ဟု တပ်တွင်း သတင်းပေးပို့လာသူက ရှင်းပြသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ- ၁၂) မှ ဗျူဟာမှုးကိုယ်တိုင် ခလရ ၉၇ တပ်ရင်းဌာနချုပ်သို့ သွားရောက်ထိန်းသိမ်းနေရသည်ဟု သိရသည်။

ရှေ့တန်းထွက်သည့် ခလရ(၉၇) တပ်ရင်း အခြေအနေမှာ ယာယီတပ်ရင်းမှူး အပါအဝင်၂၀ဦး သေဆုံးပြီး ၁၀ဦးကျော် ပျောက်ဆုံးနေကြောင်း၊ ၁၆ဦး အဖမ်းခံခဲ့ရပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၁၀ဦးခန့်သာတပ်ရင်းသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းပေးပို့သူက ပြောသည်။သော်လည်း People’s Springအ​နေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ခလရ(၉၇) နောက်တန်းဌာနချုပ်၌ ဖြစ်နေသည့် လတ်တလော အခြေအနေနှင့်ပတ်သက်၍ ကော့ကရိတ်ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ ၎င်းက တစ်ဆင့် စုံစမ်း၍ ပြန်လည်ပြောပြရာ၌ တပ်တွင်းသတင်းပေး၏ ပြောဆိုချက်နှင့် ကိုက်ညီနေသည်ကို တွေ့ရသည်။

“တပ်မဟာ(၅)မှာ ဖြစ်သွားတာ တော်တော်လေးများတယ်။ အရှင်လည်း ပါတယ်။ အသေလည်းပါတယ်။ တပ်ရင်းမှူးလည်း ပါတာကိုး။ အဲဒီလိုမျိုးပုံစံဖြစ်တော့ ဒီတပ်တွင်းက စခန်းတွင်းက သူတို့မိန်းမတွေ အမျိုးသမီးတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာရော အမြင်ပိုင်းဆိုင်ရာရော အမြင်ပိုင်းဆိုင်ရာရော ပြောင်းလဲလာမှုတွေရှိတယ်။ ပြဿနာက ဖြစ်လာနိုင်တဲ့အနေအထားတစ်ခုရှိတယ် သူတို့ အချင်းချင်း။ အခုက ကျွန်တော်တို့ စောင့်ကြည့်တုန်းပဲရှိတယ်”ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကော့ကရိတ်ဒေသ၌ KNUနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားနေရာခလရ (၉၇)တပ်မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။