စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်ရှိ ပျူစောထီးသင်တန်းစခန်းနေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ် ဗိုလ်တစ်ဦးနှင့် ပျူစောထီးသုံးဦးသေဆုံးခဲ့ကြောင်း People’s Defence Force – Kalewaက အသိပေးထုတ်ပြန် သည်။
တိုက်ပွဲအတွင်း ကာဘိုင်သေနတ် ၅လက်၊ကာဘိုင်ကျည် ၈၅၀ တောင့် နှင့် ၅.၅၆ ကျည် ၃၉၀တောင့် ၊A3 ဗုံးသီး ၂ လုံး ၊ဖုန်း ၆လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆို သည်။

ကလေးဝ PDF နှင့် PDF မော်လိုက်တို့ ပူးပေါင်း၍ မော်လိုက်မြို့ ထော်သာကျေးရွာရှိ ပျူသင်တန်းကို မတ်လ ၁၄ ရက် နံနက် ၄နာရီခွဲခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်တိုက်ခတ်ခဲ့ရာ ရန်သူတည်နေရာများကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကလေးဝ PDF ကဆိုသည်။

Public Service Announcement
ထို့အပြင် ပျူစောထီးခေါင်းဆောင်အိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကာ တိုက်ပွဲအတွင်း မိမိတို့ဘက်မှ အထိ အခိုက် ဒဏ်ရာအကျအဆုံး လုံးဝမရှိခဲ့ကြောင်းလည်း ကလေးဝ PDFက အသိပေးသည်။


















































