Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ် မီးရှို့မှုကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူများ၏ နေအိမ် ၇,၀၀၀ကျော် ပျက်စီး

အများဆုံးမီးရှို့ဖျက်ဆီးခံရသည့်ဒေသမှာ စစ်ကိုင်းတိုင်းဖြစ်ပြီး လူနေအိမ် ၄,၄၂၆ လုံး မီးရှို့ခံခဲ့ရခြင်းဖြစ်သည်။ ယင်းနောက်တွင် မကွေးတိုင်းက ၁,၁၄၈ လုံး၊ ချင်းပြည်နယ်က ၁,၁၂၁ လုံးနှင့် ကရင်နီပြည်က ၃၅၇ လုံးဖြင့် အရပ်သားပြည်သူများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

(ဂန့်​ဂေါနယ်ရှိ ​ကျေးရွာများကို စစ်​ကောင်စီတပ်က ​ဖေ​ဖော်ဝါရီလကုန်ပိုင်းတွင် မီးရှို့ဖျက်ဆီးထားသည်ကို ​တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့မှုကြောင့်ပျက်စီးသွားသည့် လူနေအိမ်ပေါင်း ၇,၂၄၈ လုံးရှိနေပြီဖြစ်ကြောင်း Data For Myanmar က ယနေ့ထုတ်ပြန် သည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ မတ်လ ၁၅ ရက်အထိ နိုင်ငံတဝန်း နေရာပေါင်း ၂၀၁ နေရာခန့်တွင် အရပ်သားပြည်သူများ၏ နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း Data For Myanmar က ထုတ်ပြန်သည်။

“သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေကို ရက်အလိုက်၊ ဖြစ်စဉ်အလိုက် ပြန်စီပြီးတော့ ရေတွက်ထားပါတယ်။ သတင်းဌာနတစ်ခုချင်းစီက မတူညီတဲ့ အရေအတွက်တွေကို cross-check လုပ်ပြီး စိစစ်ထားပါတယ်။ ဒေသခံ လူအခွင့်အရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်တဲ့ စာရင်းတွေကို အခြေခံထားပါတယ်။ မပြည့်စုံတဲ့ အချက်အလက်တွေ ချန်ထားခဲ့ရလို့ မြေပြင်အရေအတွက်က ပိုများနိုင်ပါတယ်” ဟု Data For Myanmar က ဆိုသည်။

အများဆုံးမီးရှို့ဖျက်ဆီးခံရသည့်ဒေသမှာ စစ်ကိုင်းတိုင်းဖြစ်ပြီး လူနေအိမ် ၄,၄၂၆ လုံး မီးရှို့ခံခဲ့ရခြင်းဖြစ်သည်။ ယင်းနောက်တွင် မကွေးတိုင်းက ၁,၁၄၈ လုံး၊ ချင်းပြည်နယ်က ၁,၁၂၁ လုံးနှင့် ကရင်နီပြည်က ၃၅၇ လုံးဖြင့် အရပ်သားပြည်သူများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်အတွက် အချက်အလက်များသည် ဖြစ်စဉ်တစ်ခုချင်း၊ ရက်အလိုက်မရရှိနိုင်သေးသည့်အတွက် ၂၀၂၁ ဒီဇင်ဘာထဲတွင် စာရင်းချုပ်အနေဖြင့် စုပေါင်းထည့်ထားရပြီး အမှန်တကယ်ဖြစ်ပွားသည့် ရှေ့ပိုင်းလများတွင် အရေအတွက်နည်းကာ ဒီဇင်ဘာလတွင် ပိုများနေခြင်းဖြစ်ကြောင်းလည်း Data For Myanmar က ရှင်းလင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။