Connect with us

Hi, what are you looking for?

News

ကန်ပက်လက်တိုက်ပွဲ စစ်​ကောင်စီတပ် အနည်းဆုံး၅ ဦး​သေ၊ CDFတစ်ဦးကျဆုံး၊လက်နက်အင်အားမမျှ၍ CDF(ကန်ပက်လက်) တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွတ်

တိုက်ပွဲများအတွင်း ချင်း​ဒေသကာကွယ်​ရေးတပ်-CDF (ကန်ပက်လက်) ဘက်မှ ကျည်မလုံလောက်ခြင်း၊ လက်နက်အင်အားမမျှခြင်း၊ ကျေးရွာအတွင်းရှိပြည်သူများ ထိခိုက်ဒဏ်ရာရမည့်အရေးကိုရှေ့ရှုခြင်းနှင့် သာလွန်အင်အားဖြင့်ထိုးစစ်ဆင်ခံရသည့် အခြေနေများကြောင့် CDF-ကန်ပက်လက် တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရသည်ဟု ယ​​နေ့ (မတ် ၁၆)တွင်ထုတ်ပြန်သည်။

●အားနည်းချက်များကို သင်ခန်းသားယူပြီး ပိုအား​ကောင်း​​သောအဖွဲ့ဖြစ်​အောင်ကြိုးပမ်းမည်ဟု​တာဝန်ရှိသူပြော

ကန်ပက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီနှင့် CDFကန်ပက်လက်နှင့်ပူး​ပေါင်း မဟာမိတ်တပ်များကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပြီး အကြမ်းဖက်စစ်​ကောင်စီတပ်သား ၅ဦး​ကျော်​သေဆုံးကာ ​ဒေသခံကာကွယ်​ရေးတပ်သားတစ်ဦး​ကျဆုံးခဲ့ပြီး CDF(ကန်ပက်လက်) ၏တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရသည်ဟုယ​နေ့ သတင်းထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း ချင်း​ဒေသကာကွယ်​ရေးတပ်-CDF (ကန်ပက်လက်) ဘက်မှ ကျည်မလုံလောက်ခြင်း၊ လက်နက်အင်အားမမျှခြင်း၊ ကျေးရွာအတွင်းရှိပြည်သူများ ထိခိုက်ဒဏ်ရာရမည့်အရေးကိုရှေ့ရှုခြင်းနှင့် သာလွန်အင်အားဖြင့်ထိုးစစ်ဆင်ခံရသည့် အခြေနေများကြောင့် CDF-ကန်ပက်လက် တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရသည်ဟု ယ​​နေ့ (မတ် ၁၆)တွင်ထုတ်ပြန်သည်။

“ ကျွန်တော်တို့ တပ်မဟာဌာနချုပ်ကိုယာယီစွန့်လွှတ်လိုက်ရလို့ ကျွန်တော်တို့စိတ်ဓာတ်ကျသွား တာမဟုတ်ဘဲနဲ့ ဒါကိုသင်ခန်းစာ တစ်ခုအဖြစ်နဲ့ပဲ သဘောထားပြီး ရှေ့ဆက်လုပ်ဆောင်ရမယ့်အရာတွေ အများကြီး။ ကျွန်တော်တို့မှာ အားနည်းချက်တွေရှိလို့ ကျွန်တော်တို့ ယာယီစွန့်လွှတ်ရတဲ့ အနေအထား ဖြစ်ခဲ့တာ။ ဒီအားနည်းချက်တွေကို ပြုပြင်ပြီးတော့ရှေ့ဆက်ပြီး ဒီထက်ကောင်းတဲ့အဖွဲ့အစည်းတစ်ခု ဒီထက်ကောင်းတဲ့ ပြည်သူတွေပိုမိုပြီးအားကိုးတဲ့အဖွဲ့အစည်း တစ်ခုဖြစ်အောင် ကြိုးစားမယ်ပေါ့။ အဲဒီအတွက် ပြည်သူတွေ ရှေ့ဆက်ပြီးတော့မှ ပိုပြီးကူညီပေးကြဖို့အကူအညီတောင်းခံဖို့ပဲရှိမှာပါ” ဟု ကန်ပက်လက် CDFပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ ၁၁ ရက်တွင်ကန်ပက်လက်မြို့မှ အင်းအား ၂၀၀ ခန့်ဖြင့် CDF-ကန်ပက်လက် တပ်မဟာဌာနချုပ်ရှိရာဖက်သို့ဦးတည်ကာစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF-ကန်ပက်လက် တို့အကြားရဲလောင်းပန်းရွာအထက်နား ပန်းတောင်ကျော တွင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးခဲ့ပြီးCDF-ကန်ပက်လက်မှ ရဲဘော်များအထိအခိုက်မရှိခဲ့ပါဟု​ဖော်ပြထားသည်။

ထို့နောက်မတ် ၁၃ ရက်တွင် ငုံလောင်းရွာမြောက်ဖက် အမ်ပုံရွာ အထက်ပိုင်းတွင်တပ်ဖျောက်ထားသောအကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့အား CDF – Kanpetlet ၊CDF Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Forceနှင့်Saw- PDF တို့မှတောနင်းရှာဖွေရာမှထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ ၂ဦး ထပ်မံသေဆုံးခဲ့ပြီး CDF-Kanpetlet ဘက်မှရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ မတ်လ၁၄ရက်တွင်လည်း ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှအထိအခိုက်အကျအဆုံးမသိရဟုဆိုသည်

မတ်လ ၁၅ ရကတွင်CDF-Kanpetlet၊CDF-Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force နှင့် Saw – PDF ပူးပေါင်းတပ်နှင့်အကြမ်းဖက်စစ်ကောင်စီတို့အကြား နံနက် ၈းဝဝ နာရီမှ ညနေ ၃းဝဝနာရီ အထိ စမ္မသားရွာဟောင်း အတွင်းတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မိမိတို့ CDF-Kanpetlet ဖက်မှ ရဲဘော်တစ်ဦး မိမိသစ္စာပြုသောအမျိုးသားတော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။အကြမ်းဖက်စစ်ကောင်စီဖက်မှ အထိအခိုက်အကျအဆုံးကိုအတိအကျမသိရပေ။အဆိုပါတိုက်ပွဲအတွင်း မင်းတပ်မြို့တွင်အထိုင်ချသော ခလရ ၂၇၄ တပ်ရင်း နှင့် ကျောက်ထု အမြောက်တပ်တို့ဖက်မှလက်နက်ကြီးပစ်ကူပေးခဲ့ပြီး စမ္မသားရွာဟောင်းရှိ လူနေအိမ် ၉ လုံး လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးခဲ့သည်။

ထို​ကြောင့်CDF-ကန်ပက်လက်ကကျည်မလုံလောက်ခြင်း၊ လက်နက်အင်အားမမျှခြင်း၊ ကျေးရွာအတွင်းရှိပြည်သူများ ထိခိုက်ဒဏ်ရာရမည့်အရေးကိုရှေ့ရှုခြင်းနှင့် သာလွန်အင်အားဖြင့်ထိုးစစ်ဆင်ခံရသည့် အခြေနေများကြောင့် CDF-ကန်ပက်လက် တပ်မဟာဌာနချုပ်ကို ယာယီ
စွန့်လွှတ်လိုက်ရသည်ဟု​ဖော်ပြထားသည်။လက်ရှိတိုက်ပွဲအ​ခြေအ​နေများ​ကြောင့် ပြည်သူများနှင့် ​ထောက်ပို့တပ်များအ​နေဖြင့် လက်နက်နှင့်ကျည်အင်အားဖြည့်တင်း​ပေးရန် CDF-ကန်ပက်လက်က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။