Connect with us

Hi, what are you looking for?

LuduNwayOo

News

ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ကရင်နီတွင် တိုက်ပွဲဝင်နေသည့် PDFများ တွေ့ဆုံ

တော်လှန်ရေးဟာ မကြာမီမှာ အဆုံးအဖြတ်ကာလ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်သည် စိတ်ပိုင်းဆိုင်ရာအရ ခြွတ်ခြုံကျနေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

▪️တစ်နိုင်ငံလုံးအတိုင်းအတာ တိုက်ပွဲရှိန်မြှင့်ရန်ရှိပြီး ဗျူဟာမြောက်လက်နက်များရရှိရေး ကြိုးပမ်းနေဟု NUGကာကွယ်ရေးဝန်ကြီး အသိပေး

▪️နေပြည်တော်ကို ခြိမ်းခြောက်နေနိုင်ပြီဖြစ်ပြီး စိုးမိုးသိမ်းပိုက်သည့်အဆင့်များ မကြာမီရောက်မည်ဟုပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ကရင်နီ(ကယား) ပြည်နယ်၌ တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ ယနေ့တွေ့ဆုံခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာ တိုက်ပွဲရှိန်မြှင့်ရန်ရှိကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေးခဲ့သည်ဟု NUG၏ သတင်းများကို ဖော်ပြ​နေသည့် PVTV က သတင်းထုတ်ပြန်သည်။

တော်လှန်ရေးဟာ မကြာမီမှာ အဆုံးအဖြတ်ကာလ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်သည် စိတ်ပိုင်းဆိုင်ရာအရ ခြွတ်ခြုံကျနေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအနေဖြင့် ကာလတစ်ခုအထိ ကြံ့ကြံ့ခံထားပေးကြရန်လည်း ဝန်ကြီးက မေတ္တာရပ်ခံသည်။

ထိုက်သင့်သည့် ပစ္စည်းများ ထပ်မံရောက်ရှိလာရေးကို ကြိုးစားနေသကဲ့သို့ ဗျူဟာမြောက်လက်နက်များ ရရှိရေးအတွက်လည်း ကြိုးစားနေကြောင်း၊ နေပြည်တော်တပ်ရင်းမှ ရဲဘော်များအနေဖြင့် ယခုတိုက်ပွဲအတွေ့ အကြုံကိုယူ၍ နောင်လာမည့်တိုက်ပွဲများအတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ဝန်ကြီးက ပြောကြားသည်။

နေပြည်တော်သည် အကြမ်းဖက်စစ်ကောင်စီ ဗဟိုပြုထားသည့် နေရာဖြစ်ပြီး ကရင်နီဒေသ၌ တိုက်ပွဲဝင်နေသည့် ရဲဘော်များ၏ အင်အားသည် နေပြည်တော်ကို ခြိမ်းခြောက်နေထိုင်ပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

“စိုးမိုး သိမ်းပိုက်ထိန်းချုပ်သည့် အဆင့်များသို့ မကြာမီရောက်ရှိတော့မည်”ဟုလည်း ဝန်ကြီးက ပြောဆိုခဲ့သည်ဟု ဖော်ပြသည်။

နေပြည်တော်တပ်ရင်းများအနေဖြင့် ရှမ်း၊ ကရင်နီ(ကယား)ဒေသ၌ရှိသည့် တပ်ရင်းများနှင့် ပူးပေါင်း တိုက်ပွဲဝင်နေခြင်းသည် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို မျိုးစေ့ချပေးနေခြင်းဖြစ်သည်ဟုလည်း ဝန်ကြီးက ပြော သည်။

ဒုတိယဝန်ကြီး နိုင်ကောင်းရွက်ကလည်း ထိခိုက်မှုများ ဖြစ်ရခြင်းအပေါ် စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ကောင်းရွက်က အကြမ်းဖက်စစ်ကောင်စီသည် နေပြည်တော်ကို ကာကွယ်နေခြင်းဖြစ်ကြောင်း၊ နေပြည်တော်ကို သိမ်းမည်ဟူသည့် ရည်မှန်းချက်ဖြင့် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြ သည်။

ဝန်ကြီးဦးရည်မွန်ကလည်း ရှေ့ဆက်ပြီး ပြည်သူတစ်ရပ်လုံးနှင့်အတူ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်သည်အထိ တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းခဲ့သည်။

မတ်လ ၂၀ရက်၌ ပြုလုပ်သည့်တွေ့ဆုံပွဲသို့ ကရင်နီပြည် (ကယားပြည်နယ်)အတွင်း အကြမ်းဖက်စစ်ကောင်စီအား ရင်ဆိုင်တိုက်ပွဲဝင်နေကြသော ရှမ်း၊ ကယား၊ နေပြည်တော်တပ်ရင်းများက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ဒုတိယဝန်ကြီး နိုင်ကောင်းရွက်၊ အတွင်းဝန် ဦးနိုင်ထူးအောင်၊ အဆိုတော်လင်းလင်း၊ ရုပ်ရှင်သရုပ်ဆောင်ဒေါင်းတို့ တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်သည်။

ပြည်သူကာကွယ်ရေးတပ်မတော်သားများကလည်းတောင်ပေါ်မြေပြန့်မခွဲဘဲ ပြည်သူလူထုကို ကာကွယ်မည်ဟူသည့် စိတ်ဖြင့် တစ်စုတစ်စည်းတည်း တိုက်ပွဲဝင်လျက်ရှိကြောင်း ဆွေးနွေးခဲ့သည်ဟုဖော်ပြထားသည်။

ရုပ်ရှင်သရုပ်ဆောင်ဒေါင်းက “ရှေ့တန်းမှ ရဲဘော်များနှင့် အတူ အမြဲတမ်းရပ်တည်သွား မည်ဖြစ်ကြောင်း”ပြောကြားသကဲ့သို့ အဆိုတော် လင်းလင်းကလည်း တော်လှန်ရေးအတွက် တစိုက်မတ်မတ်ပါဝင်နေကြသူအချင်းချင်း ရိုင်းပင်းကြရန် လိုအပ်ပြောကြားခဲ့သည်ဟု ဆိုသည်။

ထို့ပြင် အဆိုတော်လင်းလင်းက စစ်ကောင်စီတပ်သားများလက်နက်ကိုင်ခြင်းသည် လူသတ်ရန်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များ လက်နက်ကိုင်နေရခြင်းသည် စနစ်ဆိုးကို သတ်ရန်ဖြစ်ကြောင်း ပြောကြားကာ တော်လှန်ရေး ပြီးဆုံးသည်အထိ တော်လှန်ရေး၌ ရသည့်နေရာမှ ရသလောက်တိုက်ပွဲဝင်နေမည်ဟု ပြောဆိုခဲ့သည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။