Connect with us

Hi, what are you looking for?

LuduNwayOo

News

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ နေရာနှစ်ခုတွင် KNUနှင့် စစ်ကောင်စီတိုက်ပွဲဖြစ်

မတ်လ ၁၉ရက်ကလည်း စစ်ကောင်စီ၏ ခမရ (၄၃၂)တပ်ရင်းနှင့် KNU တပ်ဖွဲ့ဝင်များ မိနစ် အနည်းငယ်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် နို့တကောမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)ရှိနေရာ နှစ်ခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

နို့တကောမြို့နယ်တွင် ယနေ့(မတ်လ ၂၁ ရက်)နံနက် ၈နာရီ ၄၅ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီ၏ ခုတ်ခွါး တောင်ပေါ် အခြေစိုက် ခမရ(၄၃၂) တပ်ရင်းနှင့် KNU တပ်မဟာ(၆) တပ်ဖွဲ့ဝင်များ မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် နံနက် ၁၀နာရီခွဲ၌ အာအာဏာသိမ်းစစ်ကောင်စီတပ် ခမရ (၂၈၃) တပ်ရင်းနှင့် KNU တပ်ဖွဲ့ဝင်များ သုံးတိုင်ရွာအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲများ၌ ထိခိုက်ကျဆုံးမှုရှိမရှိ အခြေအနေကို ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

မတ်လ ၁၉ရက်ကလည်း စစ်ကောင်စီ၏ ခမရ (၄၃၂)တပ်ရင်းနှင့် KNU တပ်ဖွဲ့ဝင်များ မိနစ် အနည်းငယ်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ယင်းပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ (၂)ဦးသေဆုံးကာ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ KNU တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် အာရှလမ်းဆုံရှိ နို့တော်ပလာမှ KNU ဂိတ်တစ်ခုအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

KNU နှင့် စစ်ကောင်စီတပ်တို့သည် ကော့ကရိတ်မြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ ယနေ့ ညနေပိုင်း၌ပင် KNU တပ်မဟာ(၆) တပ်ဖွဲ့ဝင်များက မြ၀တီမြို့နယ်ရှိ စစ်ကောင်စီ၏ ဝေါ်လေဒေသရှိ ရှေ့တန်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။